sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Wednesday, March 4, 2015

ဆရာကြီး မင်းသုဝဏ် ကဗျာများ

(၁)  သိုးထိန်းလမ်း ( မင်းသုဝဏ်)

တစ်တောင် နှစ်တောင် တောင်တောင်တွေထပ်ပါလို့
တစ်ချပ် နှစ်ချပ် တစ်လျှို နှစ်လျှို
အိုင်အင်းတွေကစို ။



စောင်းနေကညို
လေချိုကသွန်း ။

သိုးထိန်းသည်ပြန်တဲ့လိမ်းမှာလ
စခန်း ဘယ်ဆီဖွေ့လို့
အပန်းဘယ်ဆီဖြေရပ
တဝေေ၀ မျှော်အတွေးတွေနဲ့
ခရီးသည် ညည်းတယ်လို့ မအေးသော်ကြောင့်
ဘေးမဲ့ရာကျွန်းဆီသို့
တွေးဖွဲ့ကာလွမ်း ။




(၂) သပြေသီးကောက် (မင်းသုဝဏ်)

ဝါဆိုဝါခေါင်ရေတွေကြီးလို့၊
သပြေသီး မှည့်ကောက်စို့ကွယ်။
ခရာဆူးချုံဟိုအထဲက၊
မျှော့နက်မည်းကြီးတွယ်တတ်တယ်။
မျှော့နက်ဆိုတာချိုနဲ့လားကွဲ့၊
မြွေနဂါးတောင်ကြောက်ဖူးကွယ်။
တို့လဲကြောက်ပေါင်အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်။
သွားကွယ်၊သွားကွယ်၊


Rose Apple Gathers

July, August— rain and flood—
Let’s go pick the ripe rose apple.

Hi! Take care! In thorns and mud,
That’s where big, black leeches grapple.

Leeches? Pah ! The hornless things!
I’ll fight snakes or serpent-kings.

Who’s afraid? Let’s all go now.
I’ll just  leave my coconut cow.
    Come on! Come on!

G.H.L



(၃) လူကလေးရဲ့ အမှတ်အသား (မင်းသုဝဏ်)

“ဆွမ်းချက်ထစို့ လူလေးရယ်
နာရီကြည့်ပေါ့ကွယ်။”

“ငှက်ငယ်မြည်လို့ ရောင်နီမြူး
ကြည့်ဖို့လိုပါဘူး”

“သပြေသင်းတဲ့ သင်္ကြန်ချိန်၊
ကြည့်ပါ့ပြက္ခဒိန်။”

“၀င်းထိန်ဝေလို့ ပိတောက်မြူး
ကြည့်ဖို့လိုပါဘူး။”


Obserbant Little One
Up, darling, let us cook
The almsfood; have a look
At the time

Little birds cheep,
The red rays peep
No need to look at the time.

Rose-apple’s scent Near
Surely, is the New Year,
Look up the date-

Padauk’s showy gold
The date has told,
No need to look up the date.


 (၄) ၀င်္ကပါ (မင်းသုဝဏ်)

အေးရိပ်သာတဲ့ ပြည်ညောင်ညို
ဥသြ တွန်သံချို။
ဒိုးယိုစီးတဲ့ နဒီတွင်း၊
သမင်ရေသောက်ဆင်း။
မြက်ခင်းလဲ့လဲ့ မြေညီညီ၊
ကံ့ကော်ဝတ်မှုန်စီ။
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း၊
လူလေး သွားချင်စမ်း။    ။

Wingaba

Cool and calm’s the peepul’s shade
Sweet the koel’s serenade;
At the flowing river’s brink
Timid deer would come to drink;
All the green and level lawn
Fallen gangaw flowers adorn;



 (၅) ပန်းသည် (မင်းသုဝဏ်)

မောင်လေးရေ၊ထပါတော့၊
ရောင်နီလာပါတော့။
တစ်ကြော့နှစ်ကြော့တေးကိုသီ၊
ငှက်ကျားနှုတ်ပလီ။

တောင်ဆီနားက ခရေပန်း၊
ပင်အောက်ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့မောင်လေးရယ်၊
သွားကောက်ချေစို့ကွယ်။

ပန်းသည်လုပ်စို့-တပြုံးပြုံး၊
ပန်းတွေ-တကုံးကုံး။     ။

Flower Sellers

Up, little brother! Get up from bed!
In the east the sky flames red;
The magpie-robin trills his lay,
Welcoming the dawning day:
South, below the starflower tree,
How sweet and fresh the flowers!

Up,dear, and bring the wicker tray,
And we’ll go gathering stars,
We shall be sellers of flowers
Smiling and threading the stars



(၆)  ကြွက်ကလေး (မင်းသုဝဏ်)

ကြောင်ကလေးက ဗေဒင်တွက်လို့၊
ကြွက်ကလေးက ချောင်မှာခို၊
မျက်ရည်တောက်တောက်ယို။
မငိုပါနဲ့ကြွက်ကလေး။
ဗေဒင်ဆရာအတွက်မှားလို့၊
စပါးကျီအိုကြိုအကြားကို၊
သွားပြီကွဲ့လေး။

Mouse

Scratch, scratch, scratch, scratch,
Pussy her claws she is trying.
Drip ! Drop! Tears drop;
Mouse in her corner is crying.
Don’t cry little mouse,
Puss has left the house,
She’s gone to her nook
In the old barn; look!


(၇)  ရွှေခဲကြက်တူရွေး (မင်းသုဝဏ်)

ကြက်တူရွေး၊ ကြက်တူရွေး၊
ရွှေခဲကြက်တူရွေး။
ညီပုလေးကို စာအံသင်
ရွှေခဲ စာအံသင်
ညီလေးခင်က စာပြန်တုန်း
ရွှေခဲ စာပြန်တုန်း။
ဝလုံးရေးဖို့ ညီလေးထိုင်
ရွှေခဲ မရေးနိုင်။
ငေးမှိုင်ရှာပေါ့ ကြက်တူရွေး
ရွှေခဲကြက်တူရွေး။
Parrot
Polly, Polly
Silly Polly
Baby Says “O”
Polly Says “O”
Baby Says “P”
Polly Says “P”
Baby sits down,
His “O” to write,
Polly sits down
But cannot write _______
Don’t look so sorry
Poor old Polly!.


 (၈) တို့ မလေး (မင်းသုဝဏ်)

အိမ်ခေါင်မိုးမှာ၊ သူထိုးလာသည်
ပေလွှာစာချပ်၊ အဝေးရပ်က
ဆံဖြတ်မောင် ရေး၊ အလွမ်းတေးကို
မလေး ဖတ်နိုင်ခဲဖူးပြီ။

ရွှေဝသို့ သွား၊ ချစ်သူအားလျှင်
မှာကြားပို့ လေ၊ လွမ်းစာခွေဟု
မပြေမလှ၊ နွဲ့ လျလျနှင့်
မိန်းမလက်ရေး၊ ငယ်သေးသေးကို
မလေး ခြစ်နိုင်ခဲဖူးပြီ။

သို့ ပင်ဖြစ်လည်း
ချစ်သူနှင့်ဝေး၊ တို့ မလေးကား
ရေးလည်းမတက်၊ ဖတ်မတက်နှင့်
စာငတ် ပေငတ်၊ အသိငတ်သည်
မတ်တတ်ခြောက်သည့် သစ်ပင်လို။

ကံ ထောက်မ၍၊ ဤယနေ့ မူ
နွေငွေ့ လျှပ်လျှပ်၊ ပူစပ်စပ်တွင်
ထန်းပလပ်ရိပ်၊ တမာရိပ်၌
ချစ်ရိပ်ခိုဝင်၊ စာကိုသင်သော်
မပင်မပန်း၊ အမြင်ဆန်းသည်
မျက်ကန်းမလေး မြင်လေပြီ။


(၉)  တို့ရွာသမိုင်း (မင်းသုဝဏ်)

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။

သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။

သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။

တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။

(၁၀) သူ့ မှာတမ်း (မင်းသုဝဏ်)

သူတို့ အဆုတ် ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်တည်း။

အမောင် ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း ။

ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။

အမောင် ပြောက်ကျား ၊ မိဖအားကို
ဘာများ မှာခဲ့ လိုသနည်း ။

မွေးသည့်မိခင် ၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ ။

မောင် ပြောက်ကျား ၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့ လိုသနည်း ။

ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါရ်ျ
အားနာခဲ့ကြောင်း ပြောပါလေ ။

ယမ်းငွေ့အူအူ ၊ တလူလူနှင့်
မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေ ပြီတကား ။


(၁၁) နောင်တသံတရာ ( မင်းသုဝဏ် )


ကြံမိမှား၍
တရားနောင်တ ၊ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ ။

ဆိုမိမှား၍
တရားနောင်တ ၊ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ ။

ပြုမိမှား၍
တရားနောင်တ ၊ နေခြည်ပသို့
ရခဲ့သည်လည်း များခဲ့ပြီ ။

နောင်တကင်းရာ ၊ မြတ်ချမ်းသာကို
ငါလျှင် ဘယ်နံ့ ၊ ရပါအံ့ဟု
မျှော်ငံ့ခိုက်တွင် ၊ နေမင်းဝင်သည်
မှောင်တွင်စမ်း၍ လှမ်းရသော ။       ။


(၁၂) ပျဉ်းမငုတ်တို ( မင်းသုဝဏ် )

ဖုထစ်ရွတ်တွ ၊ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို ၊ သက်ကြားအိုသည်
ကုန်းမိုထက်တွင် တစ်ပင်တည်း ။

ခွဆုံအကွေး ၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက် ။

ကုန်းမိုကမ်းပါး ၊ မြေပတ်ကြားတွင်
စစ်သားခမောက် ၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း ။

ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျှက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား ။   ။






( ၁၃ ) ဖိုးမောင်လာပြီ ( မင်းသုဝဏ် )
 


မှိုင်းညို ညဥ့်ရိပ် - လူခြေတိတ်၌
ရေဆိပ်အနား   -  ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် - ဆီးကြိုဟောင်သော်
“ ဖိုးမောင်လာပြီ ” ဆိုကြသည် ။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ - အသံမှာကား
“ ညခါ ငါး ထောင် - မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ ” ။
 ဖိုးမောင့်သံကြား - ကင်းသမားက
တံခါးကြီးအောက် - မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ - ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း - ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုယ်ကိုင်း - ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် - ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား ။

တစ္ဆေမကြောက် - မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် - ညဥ့်မှောင်တွင်၌
သူလျှင်ငါးရှာ - မကျွေးပါက
ထိုရွာသူသား - လူအများတို့
ငါးစိုငါးစိမ်း ငတ်ပေလိမ့် ။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး - လခြမ်းကွေး၍
ရွာဘေးကျီပျက် - မှောင်နက်နက်မှ
ဇီးကွက်ကအော် - တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် - ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား ။

သို့ဖြစ်သော်ငြား - ခါတစ်ပါးသို့
တံခါးဝင်လို - သူမဆိုဘဲ
“ မောင်းကိုထုပါ - လူစုပါဟေ့
ရွာကိုဘေးမှ - ကာကွယ်ကြလော့
ဓားပြ ငါ့အား - ဖမ်း၍ထား ” ဟု
စကားမဆုံး - ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ - ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း ။

ဖိုးမောင့်နိဂုံး - ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် - ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ - ဟည်းလျက်ပါတည့်
ဘယ်ခါမဆို - ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ် - လူခြေတိတ်၌
ရေဆိပ်အနား - ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် - ရမ်းရော်ဟောင်သော်
ဖိုးမောင်လာချိန် ဆိုမြဲပင် ။



{ ၁၄ } နှင်းဆီပွင့် ( မင်းသုဝဏ် )

လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့ 
မောင်ခူးကာပေး။

မနက်ကုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ ဆံပင် နှင်းဆီပွင့်တွေနဲ့ 
ဂုဏ်တင့်တယ်လေး။
                         { ၁၉၃၂ }


 ( ၁၅ ) ငယ်လင်မောင်ကြီး ( မင်းသုဝဏ် )

နေမင်းလည်းဝင်၊ မိုးလည်းဆင်၍
မှက်ခြင်လည်းရဲ၊ မှောင်လည်းမဲပေါ့
မယ့်သဲထိတ်ဖွယ်၊ မယ့်သက်လှယ်သည်
ဘယ်လယ် ဘယ်ကွင်း၊ဘယ်ကန်သင်းတွင်
ပျိုးခင်းထောင်၍ နေပါလိမ့်။

လေပြင်းလည်းနှင်၊ လျှပ်လည်း ရျင်၍
ကောင်းကင်လည်းဟည်း၊ မိုးလည်းသည်းပေါ့
မောင့်ချည်းတကိုယ်၊ မဲညိုညိုတွင်
စိုစိုအေးအေး၊ ဆိတ်မနွေးသည်
အောက်မေးခိုက်ခိုက် နေရှာလိမ့်။

ဖြေယင်းသည်းတွင်၊ မီးလျှံဝင်ပေါ့
ငယ်လင်မောင်ကြီး၊ ပြန်ခရီးတွင်
ရေစီးသန်သန်၊ ချောင်းကိုလွန်က
ဆိပ်ထန်ပြင်းဘိ၊ လယ်ပိုးထိ၍
သတိကင်းကွာ၊ ဆောင်ယူလှာသည်
ကယ်ပါရှင်ကြီး သေရှာလိမ့်။
                                 ( ၁၉၃၄ )






( ၁၆ ) ဧည့်သည်တော်  ( မင်းသုဝဏ် )

နေရောင်ချည်ထိုး၊ လုပ်ငန်းပျိုးခိုက်
မိုးတိုးမတ်တတ်၊ သူလာရပ်၍
စပ်မိစပ်ရာ၊ ပြောပြီးခါလျှင်
နှုတ်မျှမဆက်၊ သူခွာထွက်ခဲ့။

အလုပ်ပါးမှ၊ သတိရလျက်
ရွာမရှေ့ နောက်၊ ရွာတောင်မြောက်ကို
အိမ်ပေါက်အစေ့၊ ထွက်ဝင်၍လျှင်
တွေ့ လို့ တွေ့ ငြား၊ ငါရှာသွားသည်
ကြိုကြားမကြွင်း၊ ရောက်တုံလျှင်းခဲ့။

ထန်းဖျားသာသာ၊ ဈေးစည်ခါမို့ 
တွေ့ ပါလိမ့်နိုး၊ မျှော်ခေါ်ကိုးလျှက်
တိုးကာဝှေ့ ကာ၊ လှည့်လည်ရှာလည်း
ဈေးသာကွဲ၍ ၊ ရှာမတွေ့ ခဲ့။

လှည်းဆိပ် လှေဆိပ်၊ ပညောင်ရိပ်နှင့်
ရွာထိပ်နတ်စင်၊ ရေအိုးစင်က
ရွာဝင်တံခါး၊ မုန့် ဖိုများလည်း
တပါးမလပ်၊ ခြေရာထပ်ခဲ့။

မြင်ယောင်လျှက်သာ၊ သူ့ မျက်နှာတည့်
ကြားပါလျှက်ပင်၊ သူ့ သံလွင်တည့်
သို့ လျှင်တစေ၊ ငါရှာဖွေလည်း
အမွေအစ၊ မတွေ့ ရပဲ
ချမ်းမြနေချည်၊ နောက်သို့ လည်ခဲ့။

မိုးသောက်ထလျှင်၊ လုပ်ငန်းခွင်၌
ငါလျှင်စူးစိုက်၊ လုပ်ဆောင်ခိုက်ကို
စိုက်စိုက်ဝင်ကာ၊ ရောက်ပြန်လာ၍
ထွေရာလေးပါး၊ သူပြောကြားလျှက်
ထွက်သွားပြန်သည်၊ ၀င်းနေခြည်သို့ ။

သူ၏သဘော၊ သူ့ အကြောကို
သိသောခုခါ၊ အိမ်ဦးမှာ၌
ကွမ်းယာအသင့်၊ ဖျာအသင့်နှင့်
စောင့်လင့်ကြိုတင်၊ ငါပြင်ဆင်သည်
လာလျှင်ပြန်သွားဦးတော့မည်
နေခြည်ထဲက ကိုဧည့်သည်။

သွားလျှင် ပြန်လိမ့်ဦးမည်
နေခြည်ထဲက ကိုဧည့်သည်။
                                 ( ၁၉၆၀ )

( ၁၇ )  ♥ မေတ္တာသုတ် ♥ ( မင်းသုဝဏ် )

☺ ဒေါသဖြစ်၍
ပူချစ်လောင်တောက် ၊ ငါစိတ်ဖောက်သည်
မြွေဟောက် ပါးပျဉ်းနှယ်တကား ။

☺ စာပေနှီးနှော၊ စကားပြော က
ဒေါသပြေခဲ့ဘူး၏ရှင့် ။

☺ စာပေကြည့်လျက်၊ ကြံလေ့ကျက်က
အမျက် ပြေခဲ့ ဘူး၏ ရှင့်။

☺ဤတခါမူ
ပူသည် ဒေါသ၊ ထသည် အမျက်
ထွက်သည် စိတ်ကျန်း၊ မနိုင်စွမ်း၍
အေးချမ်းမေတ္တာ ၊ သုတ်ကိုနာသော်
ပမာတောက်ညီး ၊ တောင်ထက်မီးကို
မိုးကြီးငြှိမ်းသို့ ငြိမ်းသည်တည်း ။

♥ METTA SUTRA ♥

♥ Infuriated ! Hot ,
scorched, aflame, mymind lethal
like a cobra poised to strike .
Through literary discourse ,
I have tamed my rage .
Through reading and learning ,
I have eased my wrath .
Unable , this time ,
to quench hot anger ,
soothe rising wrath , tame
the wild mind , I have listened
to the cooling Metta Sutra .
And like the flames on
a mountain top quenched
by big rains ,
I have found peace again .

                              ( ၁၉၆၀ )



(၁၈) အင်းယားကန်သို့  အိုကူတို့  ( မင်းသုဝဏ် )

မိုးပေါက်ကျ၍
ထသည့်ဂယက်၊ ၀ိုင်းစက်စက်သည်
ဝကွက်ခင်းနှီး နှယ်တကား။

ခဏချင်းတွင်၊ မိုးသက်ဆင်က
ရေပြင်လှိုင်းကြွ၊ ခုန်ပေါက်ကြလျှက်
ကြက်ဖချင်းထိုး၊ ခေါင်းဖြူမိုး၍
ရေရိုးရှုပ်ပွေ၊ မိုးသီးကြွေသည်
စွေစွေစောင်းစောင်း ရွာသွန်းလောင်း။

ဗယ်ယိမ်း ညာယိမ်း၊ တောခပ်သိမ်းလည်း
နတ်စိမ်းဝင်သို့ ၊ ကမ်းယံမိုးတွင်
မှိုင်းညို့ မိုးသား နောက်ခံကား။

မိုးဖျင်ဇာပါး၊ ၀တ်ရုံလွှားလျှက်
မော်ကြွားသည့်ဟန်၊ ဤသည့်ကန်တွင်
မြင်ပြန်ဝိုးဝါး၊ ကျွန်းညိုကြား၌
လူးလားချင်လို၊ ငါတောင်းဆိုသည်
လှေကိုပြင်ပ ကူတို့ ခ ။
                         ( ၁၉၄၀ )