မြတ်ဗုဒ္ဓ နှင့် ခုနှစ် နှစ်သား ရဟန္တာလေး ရှင်သောပါက တို့ စင်္ကြန်အတူ လျှောက်တော်မူကြစဉ် မြတ်ဗုဒ္ဓက မေးတော်မူကာ သောပါကသာမဏေလေး ဖြေကြားတော်မူတဲ့
တစ်-နှစ်-သုံး ဂဏာန်းလေးများရဲ့ စိတ်ဝင်စားဖွယ် အဓိပ္ပါယ်လေးပါ ....
sakkara
Showing posts with label ဓမ္မစာပေ. Show all posts
Showing posts with label ဓမ္မစာပေ. Show all posts
Sunday, May 31, 2015
Wednesday, March 4, 2015
သောတာပန် ဟု ဆိုကြရာဝယ်
1 . သောတာပန်ဖြစ်ကြောင်း အင်္ဂါ “ ၄ ” ရပ်
(၁) သပ္ပုရိသသံသေ၀ = သူတော်ကောင်းနှင့် ပေါင်းသင်းရခြင်း ၊
(၂) သဒ္ဓမ္မသ၀န = သူတော်ကောင်းတရား နာကြားရခြင်း ၊
(၃) ဓမ္မာနုဓမ္မပဋိပတ္တိ = မဂ်ဖိုလ်ရကြောင်းတရား ကျင့်ကြံပွားများခြင်း ၊
(၄) ယောနိသော မနသိကာရ = ရုပ်နာမ်၌ မှန်ကန်တည့်မတ်စွာ နှလုံးသွင်းခြင်း ၊
( နိဒါန၀ဂ္ဂသံယုတ် / ပါ / ၂၉၇ / ဋ္ဌ / ၆၇ )
(၁) သပ္ပုရိသသံသေ၀ = သူတော်ကောင်းနှင့် ပေါင်းသင်းရခြင်း ၊
(၂) သဒ္ဓမ္မသ၀န = သူတော်ကောင်းတရား နာကြားရခြင်း ၊
(၃) ဓမ္မာနုဓမ္မပဋိပတ္တိ = မဂ်ဖိုလ်ရကြောင်းတရား ကျင့်ကြံပွားများခြင်း ၊
(၄) ယောနိသော မနသိကာရ = ရုပ်နာမ်၌ မှန်ကန်တည့်မတ်စွာ နှလုံးသွင်းခြင်း ၊
( နိဒါန၀ဂ္ဂသံယုတ် / ပါ / ၂၉၇ / ဋ္ဌ / ၆၇ )
Labels:
ဓမ္မစာပေ
Tuesday, February 24, 2015
ဓမ္မပဒဂါထာ များကို ပါဠိ မြန်မာ အင်္ဂလိပ် သုံးမျိုးဖြင့် လေ့လာနိုင်ရန်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗု ဒ္ဓဿ
(၁) ယမက၀ဂ္ဂ
၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။
၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။
1. Mental perception is the lead in mind that causes everything to happen.
It is founded on our thoughts. Our life is the creation of our mind which is supreme.
If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.
Labels:
ဓမ္မစာပေ
Monday, February 23, 2015
ကိုယ်ကျင့်သီလ ဖြင့် အရဟတ္တဖိုလ် ဆိုက်ရောက်နိုင်ပုံ အဆင့်ဆင့်
အင်္ဂုတ္ထိုရ်ပါဠိ- ဒသကနိပါတ် - ကိမတ္ထိယသုတ် မှ အရှင်အာနန္ဒာ ၏ မေးလျှောက်ချက်ကို မြတ်ဗုဒ္ဓ ဖြေကြားတော်မူတဲ့ မှတ်သားဖွယ်ရာ သီလတန်ဖိုး အကျိုးအာနိသင် ...
Labels:
ဓမ္မစာပေ
Saturday, February 21, 2015
မေတ္တာသုတ်ရှုပွားပုံ နှင့် မေတ္တာသုတ်ရွတ်ဆိုရကျိုး (၁၁) မျိုး English - မြန်မာ (လင်္ကာ)
Disseminating of Metta Sutta = မေတ္တာသုတ်ရှုပွားပုံ
(၁) May all beings be happy and peaceful !
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၂) May all beings feeble or strong, be happy and peaceful !
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၃) May all beings long, medium, or short, be happy and peaceful !
ရှည် ၊ တို ၊ အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၁) May all beings be happy and peaceful !
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၂) May all beings feeble or strong, be happy and peaceful !
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၃) May all beings long, medium, or short, be happy and peaceful !
ရှည် ၊ တို ၊ အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
Labels:
ဓမ္မစာပေ
ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င် အကျဉ်း
(၁)သုမေဓာရှင်ရသေ့သည်
နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော
သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား
ပေးတော်မူပုံ ။ 
Labels:
ဓမ္မစာပေ
Wednesday, February 18, 2015
Sunday, February 8, 2015
ကာလာမသုတ် (ခေါ်) ဘာသာအယူဝါဒစ်တမ်း ( သက္ကရ )
ကေသမုတ္တိနိဂုံးရှိ ကာလာမနွယ်ဖွား အမျိုးသားတို့၏ ဘာသာရေးနဲ့ပတ်သက်သော အယူအဆများ အမျိုးအမျိုး အဖုံဖုံ ကွဲလွဲနေကြပုံ အခြင်းအရာကို လျှောက်ထားတောင်းပန်ကြသဖြင့်
မြတ်စွာဘုရား ဟောကြားမိန့်မှာတော်မူခဲ့သော ကာလာမသုတ် (ခေါ် ) ဘာသာအယူဝါဒစစ်တမ်း လေးဖြစ်ပါတယ် (တိကနိပါတ်-အင်္ဂုတ္ထိုရ်-ကာလာမသုတ်) ။
Labels:
ဓမ္မစာပေ
Tuesday, February 3, 2015
သောဏနန္ဒဇာတ်လာ မိဘဂုဏ် ( ၁၂ ) ပါး မှတ်ဖွယ်
၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကိုလှူရမည်။
Labels:
ဓမ္မစာပေ
ပရိတ်ကြီး ( ၁၁ ) သုတ် အကျိုးပြ လင်္ကာ
* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---
Labels:
ဓမ္မစာပေ
Monday, February 2, 2015
ပဋ္ဌာန်း ( ၂၄ ) ပစ္စည်းအကျဉ်း မှတ်ဖွယ်
(၁) ဟေတုပစ္စယော-အကြောင်းတရားအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၂) အာရမ္မဏပစ္စယော-အာရုံအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား၊
Labels:
ဓမ္မစာပေ
ပါရမီဆယ်ပါးအကြောင်း သိကောင်းစရာ
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို ဆင်ခြင်တော်မူသောအခါ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ ဟူသော ပါရမီဆယ်ပါးတို့ကို အစဉ်အတိုင်း တွေ့မြင်တော်မူကာ ဘ၀များစွာ ဖြည့်ကျင့်ခဲ့ရလေသည်။
Labels:
ဓမ္မစာပေ
Sunday, February 1, 2015
"၃၈ ဖြာ မင်္ဂလာတရားများ" The Highest Blessing
၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာတရား ၃-ပါး
၁။ အသေ၀နာစ ဗာလာနံ=လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ =ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
၃။ ပူဇာစ ပူဇနေယျာနံ =ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။
{1} Not to associate with fools,
{2} To associate with the wise,
{3} To honour those who are worthy of honour,
This is the highest blessing .
Labels:
ဓမ္မစာပေ
Subscribe to:
Posts (Atom)

