sakkara

Thursday, June 25, 2015
" ဆရာကြီး ဦးမြကြိုင် ၏ ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း (၆) "
To + V1 အသုံးပြုပုံ
ဝါကျတွင် To+V1 ကို Noun နှင့် Adverb(Purpose) နေရာ ၂ ခုတွင် တွေ့ရတတ် ပါသည်။
Noun နေရာအတွက် V+ing ကဲ့သို့ပင် ‘ခြင်း’ ဟု အနက်ကောက်ပြီး၊
Adverb(Purpose) နေရာ အတွက် ‘ဖို့ရန်’ ဟု အနက်ကောက်ပါသည်။
ဥပမာ -
I like to read.
စာဖတ်ခြင်းကို ကျွန်တော် နှစ်သစ် သည်။
I go to market to buy something.
တစ်ခုခု ဝယ်ဖို့ရန် အတွက် ကျွန်တော် ဈေးသို့ သွားသည်။
မှတ်ချက် ။ ။ V+ing နှင့် To+V1 သည် အမြဲတမ်း အစားထိုးသုံး၍ မရသည်ကို သတိထားရမည်။
မည်သည့်နေရာတွင် V+ing သုံးရမည်၊ To+V1 သုံးရမည် ကို သီးသန့် တင်ပြမှသာ လုံလောက်မည် ဖြစ်သဖြင့်
ဤနေရာတွင် ချန်လှပ်ထားခဲ့ ပါသည်။
*********************************************************************************
Labels:
အင်္ဂလိပ်စာပေ