sakkara

Wednesday, May 25, 2016
မဟတ္တမ ဂန္ဓီ ရဲ့ ပညာဥာဏ်
နေ့လည်စာ စားရန် အတွက် ဂန္ဓီက သူ၏ ပန်းကန်ဖြင့် ထို ပါမောက္ခ၏ ဘေးတွင် ဝင်ထိုင်မိလိုက်ရာ ပါမောက္ခက သူ့အား
"ဒီမှာ ဂန္ဓီ .,.. ဝက် တစ်ကောင်ဟာ ငှက် တစ်ကောင်နဲ့ အတူတူ မထိုင်သင့်ဘူး ဆိုတာ နားမလည်သေးဘူး ထင်တယ်" ဟု ပြောလိုက်ရာ
ဂန္ဓီက မသိ နားမလည်သော ကလေးဆိုး တစ်ယောက်ကို မိဘက အလိုလိုက် တုံ့ပြန်သော ပုံစံမျိုးဖြင့်
"စိတ်မပူပါနဲ့ ပါမောက္ခကြီးရယ်၊ ကျွန်တော်ပဲ အဝေးကို ပျံသွားပေးပါ့မယ်" ဟု ဆိုလိုက်ပြီး အခြား တနေရာတွင် ပြောင်း ထိုင်ပေးလိုက်သည်။
ပါမောက္ခ မှာ မကျေမနပ် ဖြစ်သွားပြီး စာမေးပွဲ စစ်သောအခါ လက်စားချေရန် ကြံစည်ထားသည်။ သို့သော် သူမေးသမျှ မေးခွန်းများကို ဂန္ဓီက ထက်မြက်စွာ ပြန်ဖြေနိုင်ခဲ့သဖြင့် ကြံကြံဖန်ဖန် မေးခွန်း တစ်ခုကို မေးပြန်သည်။
"ကဲ၊ ဂန္ဓီ မင်းလမ်းလျောက်လာတုံး ငွေတွေပါတဲ့ အထုပ်တစ်ထုပ်နဲ့ ပညာ ဥာဏ်တွေ အပြည့်ပါတဲ့ အထုပ်တစ်ထုပ်တွေ့တယ် ဆိုပါတော့၊ တစ်ထုပ်ပဲ ရွေးရမယ်ဆိုရင် ဘယ် အထုပ်ကိုယူမလဲ"
ဂန္ဓီက
"ငွေတွေပါတဲ့ အထုပ်ကိုရွေးမယ်"
ပါမောက္ခက
"မင်း တော်တော်ဆိုးတာဘဲ၊ ငါသာဆိုရင် ပညာဥာဏ်တွေ အပြည့်ပါတဲ့ အထုပ်ကိုရွေးမယ်"
ထိုအခါ ဂန္ဓီက
"မှန်ပါတယ်။ လူတွေက ကိုယ့်မှာ မရှိတာကို လိုချင်ကြတာဘဲ မဟုတ်လား" ပြန်ဖြေလိုက်လေသည် ။
-
Credit : OW
သက္ကရ
25-05-2016
Labels:
ရသစာပေ