sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Sunday, March 8, 2015

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ လင်္ကာကြီး


ဆိုပိန့်ဟုတ်ရာ …စဉ်းစားပါလော့ ၊ ခန္ဓာဘာရ ၊ ပဉ္စကကား ၊ ယုယခင်မင်၊ စိန်ရွှေဆင်၍ ၊ ပြုပြင်ပိုက်ထွေး ၊ နင်ကျွေးမွေးလည်း ၊ အရေးမရောက် ၊ သဲရေမှောက်သို့ ၊ နင့်နောက်မပါ ၊ နင်လိုရာကို ၊ ဘယ်ခါမလိုက် ၊ နင့်အကြိုက်နှင့် ၊ တိုက်ရိုက်ဖီလာ ၊ ဆန့်ကျင်ပါခဲ့ ။

Saturday, March 7, 2015

ရှင်မဟာရဋ္ဌသာရ ဆုံးမစာများ


၁) ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

နတ်သျှင်နောင် ( စစ်ချီအလွမ်းရတု)


ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်၊
ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်းဆင်လို၊
တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ၊
စိမ်းဝါ မိုးပန်း ထွေထွေစွန်းက၊
ရေသွန်းသာကြည် ပျော်ရမည်ဟု၊
ပျော်ရမည်ကို မြရည်သက်မှတ်၊
ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ် ဖြူဝင်းမွတ်လျှင်၊
ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့၊
ဆင့်လောင်းလွှမ်းဝှန် ရှိလိမ့်ဟန်ကို၊
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊
ငှက်သွင်ပျံကြွ မတတ်သောဝ်…..။

ယမမင်းထံ အစစ်ခံသံပေါက် (အမတ်ကြီး ဦးပေါ်ဦး )

၁။ အိုကွဲ့  ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။ 
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

Wednesday, March 4, 2015

စလေဦးပုည ကဗျာများ

၁။ ပျိုမေတွေအတွက် စလေ တေးထပ်တစ်ပုဒ်  ( ဦးပုည)

မျက်နှာကို ခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော်
လင်ငါးယောက်ပေါ်စေ ကျွန်တော်ကမလွဲ
တစ်သက်လုံး လင်ငယ်နေပါ
သည်မေကို ရိုးပြာကျ စွဲ

ဆရာကြီး မင်းသုဝဏ် ကဗျာများ

(၁)  သိုးထိန်းလမ်း ( မင်းသုဝဏ်)

တစ်တောင် နှစ်တောင် တောင်တောင်တွေထပ်ပါလို့
တစ်ချပ် နှစ်ချပ် တစ်လျှို နှစ်လျှို
အိုင်အင်းတွေကစို ။

ဘ၀အတွက် A to Z

(A)
Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတ္ထုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့ ။
(B)
Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ ။

အချုပ်တန်းဆရာဖေ ကဗျာများ


{ 1 }  စလေဉာဏ် (အချုပ်တန်းဆရာဖေ)

စလေဉာဏ် တောပါးစပ်က၊

ပြောစမှတ် နန်းမူ၊

လောကဓာတ်ဘလန်းဆူပြီ၊

မန်းပြည်သူအများ၊

သောတာပန် ဟု ဆိုကြရာဝယ်

1 . သောတာပန်ဖြစ်ကြောင်း အင်္ဂါ “ ၄ ” ရပ်
  (၁) သပ္ပုရိသသံသေ၀           =  သူတော်ကောင်းနှင့် ပေါင်းသင်းရခြင်း ၊
  (၂) သဒ္ဓမ္မသ၀န                  = သူတော်ကောင်းတရား နာကြားရခြင်း ၊
  (၃) ဓမ္မာနုဓမ္မပဋိပတ္တိ            = မဂ်ဖိုလ်ရကြောင်းတရား ကျင့်ကြံပွားများခြင်း ၊
  (၄) ယောနိသော မနသိကာရ  = ရုပ်နာမ်၌ မှန်ကန်တည့်မတ်စွာ နှလုံးသွင်းခြင်း ၊
                                ( နိဒါန၀ဂ္ဂသံယုတ် / ပါ / ၂၉၇ / ဋ္ဌ / ၆၇ )