sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, February 28, 2015

“ ကျမ်းဂန် အထောက်အထား အခိုင်အမာမရှိဘဲ ပြောဆိုနေကြတဲ့ လူ့လောက ဥဒါန်းတွင်စကားများ ”


 (၁)  မွေးကင်းစ ကလေးကို အန၀တတ်အိုင်မှ ရေဖြင့် ချိုးပေးပါက 15/16 နှစ်သားအရွယ်သို့               ချက်ချင်းရောက်သွားတယ် ...တဲ့ ။
(၂)  သင်္ကြန်ကျလျှင် သိကြားမင်း လူ့ပြည်သို့ ဆင်းလာသည် ၊ သင်္ကြန်တက်မှ သိကြားမင်း နတ်ပြည်ပြန်တက်သွားသည် ...တဲ့ ။
(၃) ရှင်မောဂ္ဂလာန် ငရဲပြည်သို့ ကြွတော်မူသောအခါ  နောက်တော်သို့ ငရဲမီးလိုက်တယ် ...တဲ့ ။

ချစ်ခြင်းမေတ္တာ ၊ ဘ၀ခံယူချက် ၊ အောင်မြင်မှု သော့ချက်များ

စကားပုံနှင့် ဆိုရိုးစကားများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း အပိုင်း (၅)

71. Keep no more cats than will catch mice. (efficiency and inefficiency)
"ဆန်ကုန်မြေလေး" "လောကလူပို" ဆိုသည့်စကားများကဲ့သို့ လောကတွင် မိမိလုပ်ကိုင်ဆောင်ရွက်ရမည့် တာဝန်များကို မပြုလုပ်ပါက
အခြားသူများက မကြည်ဖြူတတ်ကြောင်းကို ဆိုလိုပါသည်။

စကားပုံနှင့် ဆိုရိုးစကားများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း အပိုင်း (၄)

46. Four eyes see better than two.
လူနှစ်ဦးခေါင်းချင်းဆိုင် တိုင်ပင်ပါကအကြံဉာဏ်ကောင်းပို၍ ပေါ်ပေါက်နိုင်သည်ဟုဆိုလိုပါသည်။
"Many hands make light work." ဟူသောစကားပုံနှင့် ၎င်း၊
 "The more, the merrier" နှင့်၎င်း ဆင်တူ၍ "He travels fastest, who travels alone" နှင့် ဆန့်ကျင်ပါသည်။

ဆိုရိုးများနှင့် စကားပုံများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း (အပိုင်း ၃)

23. Faint heart never won the fair lady.
None but the brave deserves the fair.
Fortune favours the brave.
He who hesitates is lost.
"ကြောက်ရင် လွဲ၊ ရဲရင် မင်းဖြစ်" ဟူသော စကားပုံနှင့် တူညီပါသည်။

ဆိုရိုးများနှင့် စကားပုံများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း (အပိုင်း ၂)

1. Actions speak louder than words.
ကိုယ့်အမူအရာဖြင့် ဖော်ကျူးခြင်းသည် နှုတ်ဖြင့် ပြောဆိုသော စကားထက် ပိုမိုတွင်ကျယ်အရာရောက်ကြောင်းကို ဆိုလိုပါသည်။
 နှုတ်ဖြင့် ပြောဆိုရာတွင်လည်း ချိုသာယဉ်ကျေးစွာ ပြောဆိုခြင်း၏ အရေးကြီးပုံကို "နှုတ်ချိုသျှိုတပါး" ဟု မြန်မာတို့က ဆိုကြပါသည်။
 ဤစကားပုံများသည် ကိုယ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ၊ နှုတ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ ပြုလုပ်ဆောင်ရွက်ရာတွင် သတိစွဲမိစေရန် သတိပေးထားသော စကားပုံများဖြစ်ပါသည်။

ဆိုရိုးများနှင့် စကားပုံများ = Sayings and Proverbs များဖြင့် အင်္ဂလိပ်စာလေ့လာခြင်း (အပိုင်း - ၁ )


1. Their bark is worse than their bite.
i)   They sound more threatening than they actually are.
အပြောခံရခြင်းသည် အရိုက်ခံရခြင်းထက် နာကြည်းဖွယ်ဖြစ်ကြောင်း ဝါကျနှစ်ခုလုံးတွင် ခိုင်းနှိုင်းပြထားပါသည်။

Tuesday, February 24, 2015

စိန္တကျော်သူ သြ၀ါဒပျို့ မှ အရည်အချင်းဆိုင်ရာ သိမှတ်ဖွယ် (၁၀ ) ချက်


(၁) ခရုသင်း၏ အရည်အချင်းကို လင်္ကျာရစ်  ဟုတ်/မဟုတ် ကြည့်ပြီးမှ သိနိုင်တယ် ။
(၂) ရွှေ  ကောင်း / မကောင်း အရည်အချင်းကို မှတ်ကျောက်တင်မှ သိနိုင်တယ် ။

ပုဂ္ဂိုလ် ( ၈ ) ဦး နှင့် အား ( ၈ ) မျိုး သိမှတ်ဖွယ်ရာ


(၁) ရုဏ္ဏ ဗလာ ဒါရကာ ၊
ကလေးသူငယ်တို့ရဲ့ အားဟာ ငိုခြင်း ။
(၂) ကောဓ ဗလာ မာတုဂါမာ ၊
မိန်းမတို့ရဲ့ အားဟာ အမျက်ထွက်ခြင်း ။

ဓမ္မပဒဂါထာ များကို ပါဠိ မြန်မာ အင်္ဂလိပ် သုံးမျိုးဖြင့် လေ့လာနိုင်ရန်



နမော တဿ          ဘဂ၀တော အရဟတော သမ္မာသမ္ဗု ဒ္ဓဿ
(၁)  ယမက၀ဂ္ဂ

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

1. Mental perception is the lead in mind that causes everything to happen.
It is founded on our thoughts. Our life is the creation of our mind which is supreme.
If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.

Monday, February 23, 2015

ဘေးမဟုတ်သည်ကို ဘေးဟုထင် - မကြောက်ရမည့်အရာကို ကြောက်တတ်တဲ့ အမိုက်ကောင် (၄) မျိုး ...


(၁) ဂဏ္ဍုပ္ပါဒေါ ခေါ ဘယာပထ၀ိံ နခါဒတိ မာပထ၀ီ ခီယီတိ ။
တီကောင်ဟာ မြေကုန်သွားမှာ စိုးကြောက်လို့  မြေကို မစားပါဘူးတဲ့ ။

ကိုယ်ကျင့်သီလ ဖြင့် အရဟတ္တဖိုလ် ဆိုက်ရောက်နိုင်ပုံ အဆင့်ဆင့်


အင်္ဂုတ္ထိုရ်ပါဠိ- ဒသကနိပါတ် - ကိမတ္ထိယသုတ် မှ အရှင်အာနန္ဒာ ၏ မေးလျှောက်ချက်ကို မြတ်ဗုဒ္ဓ ဖြေကြားတော်မူတဲ့ မှတ်သားဖွယ်ရာ သီလတန်ဖိုး အကျိုးအာနိသင် ...

Saturday, February 21, 2015

မေတ္တာသုတ်ရှုပွားပုံ နှင့် မေတ္တာသုတ်ရွတ်ဆိုရကျိုး (၁၁) မျိုး English - မြန်မာ (လင်္ကာ)

Disseminating of Metta Sutta = မေတ္တာသုတ်ရှုပွားပုံ


(၁)     May all beings be happy and peaceful !
           လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။


(၂)     May all beings feeble or strong, be happy and peaceful !
          ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။


(၃)     May all beings long, medium, or short, be happy and peaceful !
          ရှည် ၊ တို ၊ အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င် အကျဉ်း

 (၁)သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ ။


 (၂) မဟာသက္ကရာဇ် “၆၇“ ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပြီး ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ ။
  

" May Your Dreams Be Everything You Hope For " မင်းရဲ့အိပ်မက်တွေဟာ မင်းမျှော်လင့်ထားတာတွေ ဖြစ်နေပါစေ

1 ) Go forward with your dreams;
let their power lead you on .
Grow and learn as you go,
and never stop believing .

 အိပ်မက်များနဲ့အတူ ရှေ့ဆက်လျှောက်ပါ ။
သူတို့စွမ်းအားတွေရဲ့ လမ်းပြရာကို လိုက်သွားပါ ။
ရှေ့ဆက်လျှောက်ရင်း ဖြည့်ဆည်းလေ့လာပေါ့ ၊
ယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့ ။

ဆရာတော်ဦးဇောတိက ရဲ့ ENGLISH-MYANMAR မှတ်သားဖွယ်ရာ စိတ်စစ်စာသားလေး


၁ ။ I have no parents. I make the heavens and earth my parents.
ငါ့မှာ မိဘ မရှိပါဘူး ။ ငါဟာ ကောင်းကင်နဲ့ မြေကြီးကို မိဘသဖွယ် လုပ်ထားပါတယ် ။
၂ ။  I have no home . I make awareness my home .
ငါ့မှာ အိမ် မရှိပါဘူး ။ ငါဟာ သတိ ကို အိမ်လုပ်ပြီးတော့ နေပါတယ် ။
၃ ။ I have no life or death . I make the tides of breathing my life and death.
ငါ့မှာ မွေးဖွားခြင်း သေဆုံးခြင်းဆိုတာ မရှိပါဘူး ။
ထွက်လေ ၀င်လေ ကိုပဲ မွေးဖွားခြင်း သေဆုံးခြင်းလို့ သဘောထားပါတယ် ။

Wednesday, February 18, 2015

Anyway { Mother Teresa } မည်သို့ပင်ဖြစ်စေ { ဆရာဖေမြင့် )

  ခါးသီးနာကျည်းဖွယ်ရာ အတွေ့အကြုံတွေ ...
ကိုယ်ချင်းစာစိတ် ပျက်ရှကင်းမဲ့တာတွေ ...
နားလည်ခွင့်လွှတ်မှု ဆိတ်သုဉ်းပျောက်ကွယ်တာတွေ ...
ကူညီဖေးမမှု ဂရုမပြုခံရတာတွေ ...
မျှဝေခံစားမှု လျစ်လျူရှုခြင်းခံရတာတွေ ...
 ထင်ဟပ်ထိခိုက်လာတိုင်း...
မွန်းကျပ်ပိတ်ဆို့မှုတွေနဲ့အတူ ဖိစီးနှိပ်စက်ခံနေရတဲ့အခါ
စိတ်စွမ်းအင်တွေ တုန်ငင်ချို့တဲ့စွာနဲ့
ရင်ထဲမှာ နာကျင်ဆို့နင့်နေတတ်ပါတယ် ။
အဲ့ဒီအခါ ...
နှလုံးသားအတွက်
ဖေးမဖြေသိပ်စရာ..
ဖြည့်ဆည်းထောက်ပံ့ရာ
အဟာရဓာတ်တွေ
မရှိမဖြစ်လိုအပ်လာပြီလို့...
ကိုယ့်စိတ်ကို ပြန်စိစစ်မိရင်...
မာသာထရီဇာ ရဲ့ စကားဟာ
အားလုံးကို လူသားပီသစေမှာပါ ...

( သက္ကရ )

သားသမီးတိုင်းအတွက် ” အမေ ”



မြတ်ဗုဒ္ဓ နှင့် မာသာထရီဇာ တို့ရဲ့သတ္တ၀ါတွေအပေါ်ထားတဲ့ မေတ္တာတရား အကြောင်း



Sunday, February 15, 2015

How to use the Time အချိန်ကို ဘယ်လို အသုံးချမလဲ ....



Mother Teresa ( မာသာထရီဇာ ) ရဲ့ မေတ္တာတရား


{ Mother Teresa } မာသာထရီဇာ ပြောတဲ့ “ ဘ၀ ” အကြောင်း

1. Life is an opportunity , benefit from it.
ဘ၀ဆိုတာ အခွင့်အလမ်းတစ်ခု တဲ့ ... အကျိုးအမြတ် ရယူပါ ။
2. Life is beauty , admire it .
ဘ၀ဆိုတာ အလှအပ တဲ့ ...  မြတ်နိုးတန်ဖိုးထားပါ ။
3. Life is bliss , taste it .
ဘ၀ဆိုတာ ချမ်းမြေ့ပျော်ရွှင်မှု တဲ့ ... မြည်းစမ်းခံစားပါ ။
4. Life is a dream , realize it .
ဘ၀ဆိုတာ အိပ်မက်တစ်ခု တဲ့ ... တကယ်ဖြစ်လာအောင် လုပ်ပါ ၊
5. Life is a challenge , meet it .
ဘ၀ဆိုတာ စိန်ခေါ်မှု တစ်ရပ် တဲ့ ...  ထိပ်တိုက်တွေ့ဆုံပါ ။
6. Life is duty , complete it .
ဘ၀ဆိုတာ တာဝန် တဲ့ ... ကျေပွန်ပြီးမြောက်အောင် ဆောင်ရွက်ပါ ။
7. Life is  a game , play it .
ဘ၀ဆိုတာ ကစားပွဲတစ်ခု တဲ့ ...  ကစားလိုက်ပါ ။
8. Life is a promise , fulfill it .
ဘ၀ဆိုတာ ကတိဝန်ခံချက်တစ်ခု တဲ့ ...  တည်တံ့ခိုင်မြဲအောင် ဖြည့်ဆည်းပါ ။

Thursday, February 12, 2015

“ သက္ကရာဇ် ” မှတ်ဖွယ်


 ( ၁ ) မဟာသက္ကရာဇ် ဆိုတာ ...

 ကမ္ဘာဦးနှစ်ပေါင်း  “ ၈၆၄၇ ”  မှာ   သီဟနုမင်း နဲ့ ဘိုးတော် အဉ္ဇနမင်းနှစ်ပါးတို့  တိုင်ပင်ကြပြီးတော့  “ ၈၆၄၅ ”  ကို ဖြိုခွင်းပယ်ချကာ အကြွင်းဖြစ်တဲ့ “ ၂ ” ကိုပဲ စတင်ရေတွက်ဖို့ သတ်မှတ်ထားရှိလိုက်ကြတယ် ...
အဲ့ဒီ ( ၂ ) ခုကနေ စပြီး ရေတွက်လာခဲ့တဲ့ နှစ်ကို မဟာသက္ကရာဇ် လို့ သတ်မှတ်ခဲ့ကြပါတယ် ။
 ( မဟာသက္ကရာဇ်ဆိုသည်မှာ ဘုရားမပွင့်မီက ဘိုးတော်အဉ္ဇနမင်း တည်ထားခဲ့တဲ့ သက္ကရာဇ် ဖြစ်ပါတယ် )

Sunday, February 8, 2015

ကာလာမသုတ် (ခေါ်) ဘာသာအယူဝါဒစ်တမ်း ( သက္ကရ )



ကေသမုတ္တိနိဂုံးရှိ ကာလာမနွယ်ဖွား အမျိုးသားတို့၏ ဘာသာရေးနဲ့ပတ်သက်သော အယူအဆများ အမျိုးအမျိုး အဖုံဖုံ ကွဲလွဲနေကြပုံ အခြင်းအရာကို လျှောက်ထားတောင်းပန်ကြသဖြင့်
  မြတ်စွာဘုရား ဟောကြားမိန့်မှာတော်မူခဲ့သော ကာလာမသုတ် (ခေါ် ) ဘာသာအယူဝါဒစစ်တမ်း လေးဖြစ်ပါတယ် (တိကနိပါတ်-အင်္ဂုတ္ထိုရ်-ကာလာမသုတ်)  ။

Friday, February 6, 2015

Bill Gates ရဲ့ စာမေးပွဲ နဲ့ ဘ၀သင်္ကေတ

ကျနော်ဟာ စာမေးပွဲမှာ အချို့ဘာသာရပ်တွေ ကျရှုံးခဲ့တယ် ...
ကျနော့်သူငယ်ချင်းကတော့ ဘာသာရပ်အားလုံးကို အောင်မြင်ခဲ့ပါတယ် ။
အခု သူက မိုက်ခရိုဆော့ အင်ဂျင်နီယာတစ်ယောက်လေ..
ကျနော်ကတော့ မိုက်ခရိုဆော့ ပိုင်ရှင်ပေါ့..။

Thursday, February 5, 2015

လင်ကွန်း၏ “ မ ” ၁၀ လုံး ( The Ten Cannots by Abraham Lincoln )

You cannot bring about prosperity by discouraging thrift.
၁။ ချွေတာစုဆောင်းခြင်းကို အားမပေးဘဲ မ ချမ်းသာနိုင်ပါ။
You cannot strengthen the weak by weakening the strong.
၂။ အားကြီးသူကိုအားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူများကို အားပြည့်လာအောင် မ လုပ်နိုင်ပါ။

MAHATMA GANDHI ( မဟတ္တမ ဂန္ဒီ ) ရဲ့ မှတ်ဖွယ်စကား

1. Live as if you were to die tomorrow. Learn as if you were to live forever.
၁။ မနက်ဖြန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။

2. An eye for an eye only ends up making the whole world blind.
၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားပါလိမ့်မယ်။

Wednesday, February 4, 2015

“ စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေးရွာမ ၊ အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား/သူလေးများ၏ တပိုတွဲလပြည့်နေ့တွင် ဓမ္မရက္ခိတကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် အာစရိယပူဇော်ပွဲ အမှတ်တရ ”

ဆရာနှင့် ပတ်သက်သော မှတ်ဖွယ်လင်္ကာများ ...
( ၁ ) ချစ်ခင်လေးမြတ် ၊ မေတ္တာဓာတ်ပွား ၊ ဟောကြားဆုံးမ ၊ ပြောကနာယူ ၊ စင်ဖြူလေးနက် ၊ မိန့်မြွက်ခွန်းချို ၊ အကုသိုလ်တွေ ၊ မယှဉ်စေဟု ၊ ခုနှစ်ထွေအင်္ဂါ ၊ ပြည့်ညီညာ - မှီပါဆရာကောင်း ။
( ၂ ) ရိုသေချစ်ထိုက် ၊ ချီးမွမ်းထိုက်နှင့် ၊ လွဲမိုက်ဆုံးမ ၊ မေးသမျှခံ ၊ ဓမ္မံနက်နဲ ၊ ဟောနိုင်မြဲ၍ ၊ ကျိုးနဲမတွန်း ၊ ခုနှစ်ခဏ်းနှင့် ၊ ပြည့်လျှမ်းညီညာ ၊ ဤဆရာ - ရှာဖွေ တပည့်ခံ ။
( ၃ ) ရှေ့ရှုမေတ္တာ ၊ ကရုဏာနှင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်က (တိုင်း) ၊ ၀မ်းတွင်မသို ၊ ဟုတ်တိုင်းဆို၍ ၊ ကျိုးလိုစိတ်က ၊ ဆုံးမတတ်သူ - ဆရာဟူလော့ ။
( ၄ )မေတ္တာကရုဏာ ၊ ရှေ့ရှုကာဖြင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း ၊ သွန်သင်တတ်ရိုး ၊ ပဏ္ဍိတ်မျိုးကို ၊ ရွှေအိုးညွှန်ကြား ၊ သူအလားသို့ ၊ ၀ပ်တွားဆည်းကပ် ၊ ဆက်ဆံတတ် - များမြတ်အကျိုးတွေ ။

Tuesday, February 3, 2015

Tongue -Twisters လျှာလိမ်ဝါကျလေးများ


Ava ate eighty eggs .
အာဗာသည် ဥအလုံး (၈၀) ကို စားခဲ့သည် ။
Bad black bran bread .
ပုပ်သိုးနေတဲ့ အမည်းရောင် ဖွဲနုပေါင်မုန့် ။
Crisp Crust crackles.
ကြွပ်ဆတ်ဆတ် အလွှာပါး မုန့်ကြွပ်များ ။
Do drop in at the Dewdrop Inn .
“နှင်းရည်စက်” စားသောက်ဆိုင်ကို အလည်ဝင်လှည့်စမ်းပါ ။

သောဏနန္ဒဇာတ်လာ မိဘဂုဏ် ( ၁၂ ) ပါး မှတ်ဖွယ်


၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကိုလှူရမည်။

ဗိုလ်ချုပ် မြန်မာပြန်ထားတဲ့ “ အနိုင်မခံ ”

Invictus ( Willian Ernest Henlay)
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

ပရိတ်ကြီး ( ၁၁ ) သုတ် အကျိုးပြ လင်္ကာ


* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---

Monday, February 2, 2015

တန်ဖိုးရှိတဲ့ English စကား


(1)The most selfish one-letter word is ' I ' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ 'ငါ' ပါ။ အဲဒါကို ရှောင်ကျဉ်ပါ။

ပဋ္ဌာန်း ( ၂၄ ) ပစ္စည်းအကျဉ်း မှတ်ဖွယ်



(၁) ဟေတုပစ္စယော-အကြောင်းတရားအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊

(၂) အာရမ္မဏပစ္စယော-အာရုံအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား၊

ပါရမီဆယ်ပါးအကြောင်း သိကောင်းစရာ


ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို ဆင်ခြင်တော်မူသောအခါ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ ဟူသော ပါရမီဆယ်ပါးတို့ကို အစဉ်အတိုင်း တွေ့မြင်တော်မူကာ ဘ၀များစွာ ဖြည့်ကျင့်ခဲ့ရလေသည်။

အောင်မြင်မှုအတွက် A to Z တဲ့


(A)
Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတ္ထုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။
(B)
Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ။

အကယ်၍ ( ဒေါ်အောင်ဆန်းစုကြည် ) IF ( RUDYARD KIPLING)


အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ….

Sunday, February 1, 2015

"၃၈ ဖြာ မင်္ဂလာတရားများ" The Highest Blessing


၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာတရား ၃-ပါး

၁။ အသေ၀နာစ ဗာလာနံ=လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ =ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
၃။ ပူဇာစ ပူဇနေယျာနံ =ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။
 

{1} Not to associate with fools,
{2} To associate with the wise,
{3} To honour those who are worthy of honour,
      This is the highest blessing .

Richard St. John ပြောတဲ့ “ 8 to be Great”


၁။ Passion (ကိုယ်စိတ်ဝင်စားတာ၊ကိုယ်ဝါသနာပါတာ လုပ်ပါ)
 ပထမဆုံး အချက်ကတော့ ဝါသနာပဲ။
Freeman Thomas ကပြောတယ်.."ကျွန်တော်ကို ကျနော့် ဝါသနာကပဲ တွန်းအားပေး မောင်းနှင်ပါတယ်.. တဲ့။