sakkara

Monday, February 23, 2015
ကိုယ်ကျင့်သီလ ဖြင့် အရဟတ္တဖိုလ် ဆိုက်ရောက်နိုင်ပုံ အဆင့်ဆင့်
အင်္ဂုတ္ထိုရ်ပါဠိ- ဒသကနိပါတ် - ကိမတ္ထိယသုတ် မှ အရှင်အာနန္ဒာ ၏ မေးလျှောက်ချက်ကို မြတ်ဗုဒ္ဓ ဖြေကြားတော်မူတဲ့ မှတ်သားဖွယ်ရာ သီလတန်ဖိုး အကျိုးအာနိသင် ...
ကိုယ်ကျင့်သီလကို ကောင်းစွာ ဆောက်တည်ထိန်သိမ်းနိုင်သူအတွက် ...
(၁) အ၀ိပ္ပဋိသာရ = နောင်တတဖန် မပူပန်ရခြင်း = စိတ်နှလုံးမသာမယာဖြစ်ခြင်းမှ ကင်းဝေးမယ် ။
နောင်တတဖန် မပူပန်ရတဲ့အတွက်
(၂) ပါမောဇ္ဇ = ၀မ်းမြောက်ခြင်း အကျိုးရရှိမယ် ။
ဝမ်းမြောက်တဲ့အတွက်
(၃) ပီတိ = နှစ်သက်ခြင်း အကျိုးရရှိမယ်
နှစ်သက်တဲ့အတွက်
(၄) ပဿဒ္ဓိ = ကိုယ် စိတ်ငြိမ်းအေးခြင်း အကျိုးရရှိမယ် ။
ကိုယ်စိတ် ငြိမ်းအေးတဲ့အတွက်
(၅) သုခ = ကိုယ်စိတ်ချမ်းသာခြင်း အကျိုး ရရှိမယ် ။
ကိုယ်စိတ်ချမ်းသာနေတဲ့အတွက်
(၆) သမာဓိ = စိတ်တည်ကြည်ခြင်း အကျိုးရရှိမယ် ။
စိတ်တည်ကြည်နေတဲ့အတွက်
(၇) ယထာဘူတ ဥာဏဒဿန = ယထာဘူတဥာဏ်အမြင်ဖြစ်တဲ့ တရုဏ ၀ိပဿနာဥာဏ်အကျိုးရရှိမယ် ။
(တရုဏ ၀ိပဿနာဥာဏ်ဆိုသည်မှာ နာမရူပ ပရိစ္ဆေဒဥာဏ် နှင့် ဥဒယဗ္ဗယဥာဏ်ကို ဆိုလိုသည်)
တရုဏ ၀ိပဿနာဥာဏ်ဖြစ်တဲ့အတွက်
(၈) နိဗ္ဗိဒါဝိရာဂ = နိဗ္ဗိဒါ ဟုဆိုအပ်သော ဗလ၀ ၀ိပဿနာဥာဏ် ၊ ၀ိရာဂ ဟုဆိုအပ်သော မဂ်ဥာဏ် (၄) ပါး အကျိုး ရရှိမယ် ။
( ဘင်္ဂဥာဏ်ကစ၍ ပဋိသင်္ခါဥာဏ်အထိ အဆင့်ဆင့်တက်၍ သင်္ခါရုပေက္ခာ ရင့်ကျက်သော ၀ုဋ္ဌာနဂါမိနီ ၀ိပဿနာဥာဏ်ကို ဗလ၀၀ိပဿနာဥာဏ် ဟု ခေါ်သည် ။
ဗလ၀ ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ် ရရှိလာတဲ့အတွက်
(၉) ၀ိမုတ္တိဥာဏဒဿန = ၀ိမုတ္တိဥာဏဒဿန ဟုဆိုအပ်သော အရဟတ္တဖိုလ် ၊ ၀ိမုတ္တိဥာဏဒဿန ဟုဆိုအပ်သော ပစ္စဝေက္ခဏာဥာဏ် အကျိုး ရရှိမယ် ။
ဤသို့အားဖြင့် သီလကို ကောင်းစွာဆောက်တည် ကျင့်သုံးသော ပုဂ္ဂိုလ်၌ အရဟတ္တဖိုလ်တိုင်အောင် အဆင့်ဆင့် အစဉ်အတိုင်း အကျိုးအာနိသင် ရရှိနိုင်ပါတယ် ။
(အံ/၁၀/ပါ/တ/အုပ်/၁၅၇ /၈)
Labels:
ဓမ္မစာပေ