sakkara

Monday, February 2, 2015
ပဋ္ဌာန်း ( ၂၄ ) ပစ္စည်းအကျဉ်း မှတ်ဖွယ်
(၁) ဟေတုပစ္စယော-အကြောင်းတရားအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၂) အာရမ္မဏပစ္စယော-အာရုံအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား၊
(၃) အဓိပတိပစ္စယော-အကြီးအကဲအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား၊
(၄) အနန္တရပစ္စယော-အခြားအကွယ်မရှိသောအားဖြင့် ကျေးဇူးပြုတတ်သောတရား၊
(၅) သမနန္တရပစ္စယော-အကြားကာလမရှိသောအားဖြင့် ကျေးဇူးပြုတတ်သောတရား၊
(၆) သဟဇာတပစ္စယော-အတူတကွဖြစ်ပေါ်(စေ)သောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၇) အညမညပစ္စယော-အချင်းချင်းဖြစ်(စေ)ခြင်း၊ ထောက်ပံ့ခြင်းအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၈) နိဿယပစ္စယော-တည်ရာမှီရာအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၉) ဥပနိဿယပစ္စယော-အားကြီးသော တည်ရာမှီရာအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၀) ပုရေဇာတပစ္စယော-ရှေးဦးစွာဖြစ်၍ ဖြစ်ပေါ်မည့်အနေအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၁) ပစ္ဆာဇာတပစ္စယော-ရှေးဦးစွာဖြစ်သောရုပ်တရားများကို ထောက်ပံ့သောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၂) အာသေ၀နပစ္စယော-ထပ်ခါတလဲလဲအားထုတ်၍ အားကြီးအောင်ပြုသောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၃) ကမ္မပစ္စယော-စိတ်၏အားထုတ်မှုတည်းဟူသော အမူအရာအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၄) ၀ိပါကပစ္စယော-အားထုတ်မှုကင်း ငြိမ်သက်ခြင်းကြောင့် အားထုတ်မှုကင်း ငြိမ်သက်ခြင်းရှိအောင်ပြုသောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၅) အာဟာရပစ္စယော-ရုပ်နာမ်တို့ကို ထောက်ပံ့သောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၆) ဣနြ္ဒိယပစ္စယော-အစိုးတရပြုသောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၇) ဈာနပစ္စယော-ဆန့်ကျင်ဘက်တို့ကို လောင်မြိုက်စေသောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၈) မဂ္ဂပစ္စယော-ထိုထိုဂတိနှင့်ကုသိုလ်အကုသိုလ်တို့မှ ထွက်မြောက်စေသောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၁၉) သမ္ပယုတ္တပစ္စယော-မှီရာ အာရုံ အဖြစ် အချုပ်တူညီမှုတည်းဟူသော အတူတကွဖြစ်ခြင်းအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၂၀) ၀ိပ္ပယုတ္တပစ္စယော-မှီရာ အာရုံ အဖြစ် အချုပ်ကွဲပြားမှုတည်းဟူသော တကွဲတပြားဖြစ်ခြင်းအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၂၁) အတ္ထိပစ္စယော-မိမိကိုယ်တိုင် ပစ္စုပ္ပန်တည့်တည့်သဘောရှိသည်ဖြစ်၍ ယင်းသဘောရှိသောတရားတို့ကို
ထောက်ပံ့သောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၂၂) နတ္ထိပစ္စယော-မိမိ၏အခြားမဲ့၌ဖြစ်ပေါ်လာမည့်နာမ်တရားတို့ကို ဖြစ်ခွင့်ပေးသောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၂၃) ၀ိဂတပစ္စယော-မိမိ၏အခြားမဲ့၌ ဖြစ်ပေါ်လာမည့်နာမ်တရားတို့ကို နေရာပေးသောအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၂၄) အ၀ိဂတပစ္စယော-မိမိကိုယ်တိုင်ပစ္စုပ္ပန်တည့်တည့်သဘောရှိသည်ဖြစ်၍ ယင်းသဘောရှိသောတရားတို့ကို
မပျောက်ပျက်စေသောအားဖြင့် ကျေးဇူးပြုတတ်သောတရား၊
Labels:
ဓမ္မစာပေ