sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Sunday, May 31, 2015

" Control sorrow by helping others .... သူတစ်ပါးတို့ကို ကူညီခြင်းဖြင့် ၀မ်းနည်းပူဆွေးမှုကို ထိန်းချုပ်ထားပါ "


     Once there was a doctor who founded a free clinic which opened once a week to attend to poor patients .
On one such day , someone rushed in to the clinic with the news that the doctor's youngest and favourite son had just died .
Although deeply upset , the doctor reflected on the situation , and after having regained his composure , continued to attend to his patients .


    တစ်ခါက  ဆင်းရဲနွမ်းးပါးသော လူနာများကို တစ်ပတ်လျှင် တစ်ကြိမ် ကုသပေးဖို့ 
အခမဲ့ ဆေးကုသခန်းလေး တည်ထောင်ထားတဲ့ ဆရာဝန်တစ်ဦးရှိတယ် ။
တစ်နေ့မှာတော့ တစ်စုံတစ်ယောက်သောသူက ဆေးခန်းထဲသို့ ပြေးဝင်လာပြီး
ထိုဆရာဝန်ရဲ့ အငယ်ဆုံး ၊ အချစ်ရဆုံးသားလေး အခုပင် သေဆုံးသွားခဲ့ကြောင်း သတင်းလာပေးတယ် ။
   ဆရာဝန်ဟာ အရမ်းစိတ်ထိခိုက်ဖြစ်သွားသော်လည်း အခြေအနေကို သုံးသပ်ကြည့်တယ် ... ပြီးတော့
သူရဲ့စိတ်ကို တည်ငြိမ်အေးဆေးစွာ ပြန်လည်ထားနိုင်လာသောအခါ လူနာများကို ဆက်လက် ဆေးကုသပေးနေသတဲ့ ။

People who came to know about this , were rather surprised at his seemingly callous behaviour .
When questioned , he explained thus : ' My son is already dead and I am unable to assist him any more .
But these poor needy patients who can't even afford to pay for their treatment need my help more .
I know I can do something for them . So is it not better for me to control my sorrow and help suffering mankind instead ? '

 ဒီအကြောင်းကို ကြားသိသွားကြတဲ့သူတွေက သူ့ ရဲ့ အေးစက်မာကျောတယ် လို့ ထင်ရတဲ့  အပြုအမူကို အရမ်းအံ့သြသွားကြတယ် ၊
သူ့ကို မေးမြန်းကြတဲ့ အခါမှာတော့ သူက အခုလို ရှင်းပြလိုက်တယ် ....
` ကျွန်တော်ရဲ့ သားဟာ သေဆုံးသွားပြီမို့ သူ့ကို ကျွန်တော် ဘာမှ မကူညီနိုင်တော့ဘူး ...
ဒါပေမယ့် ဒီဆင်းရဲနွမ်းပါးပြီး အကူအညီလိုအပ်နေတဲ့ လူနာများဟာ ဆေးဖိုးဝါးခ မပေးနိုင်ကြဘူးလေ ...
သူတို့အတွက် ကျွန်တော် တစ်စုံတစ်ခု လုပ်ပေးနိုင်တာကို ကျွန်တော် သိတယ် ...
ဒါ့ကြောင့် ကျွန်တော့်ရဲ့ ၀မ်းနည်းပူဆွေးမှုတွေကို ထိန်းချုပ်ထားပြီး ဒုက္ခရောက်နေတဲ့ လူသားတွေကို ကူညီဖေးမ ပေးတာ မကောင်းဘူးလား ... ဗျာ ?  တဲ့  ။  ။

( လောကမှာ ကိုယ်ချစ်ခင်မြတ်နိုး တန်ဖိုးထားရတဲ့ အရာတွေ စွန့်လွှတ်ဆုံးရှုံးရတဲ့အခါ မနာကျင်သူ ဘယ်သူရှိနိုင်ပါ့မလဲ ...
 သူတစ်ပါးတို့ကောင်းကျိုးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေရင်း ၀မ်းနည်းကြေကွဲမှုတွေကို တိတ်တဆိတ် မြိုသိပ်ဖျောက်ကွယ်ထားနိုင်တာဟာ
လူသာမာန်တို့ ပြုလုပ်နိုင်တဲ့ အရာ မဟုတ်သလို လူတိုင်းလည်း လွယ်လွယ်နဲ့ စာနာနားလည်ပေးနိုင်တဲ့ ဖြစ်ရပ်မဟုတ်ပါဘူး ...)


Dr. K Sri Dhammananda ၏
How To Live Without Fear and Worry စာအုပ်မှ ကောက်နှုတ်၍
မြန်မာပြန်ဆိုပါသည် .... သက္ကရ