sakkara

Thursday, June 25, 2015
" ဝေါဟာရ မှော်ရုံတောမှာ In the Wiles of Words "
အင်္ဂလိပ်စာ ပညာသင်ကြားပေးခဲ့သော ဆရာကြီး ဦးအေးချစ် ၏ ဆောင်းပါးလေးကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ် ...
ဗဟုသုတ တိုးတက်ဖွံ့ဖြိုးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆရာကြီး ဦးအေးချစ် အား ဦးညွှတ်ရင်း ...
Labels:
အင်္ဂလိပ်စာပေ
" ဆရာကြီး ဦးမြကြိုင် ၏ ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း (၇) "
It အသုံးပြုပုံ
အများအားဖြင့် ‘It’ ကို နာမ်စား(pronoun) အဖြစ် အသိများကြပြီး ‘ထိုဟာ’ ၊ ‘၎င်း’ ဟု အဓိပ္ပာယ် ကောက်ကြပါသည်။
‘It’ ကို နာမ်စား(pronoun) အဖြစ် အသုံးပြုလျှင်
“အရာဝတ္ထု (material)၊ တိရိစ္ဆာန် (animals)၊ ကလေး (baby)” စသည့် နာမ် (noun) များတွင် အစားသုံးနိုင်သည်။
Labels:
အင်္ဂလိပ်စာပေ
" ဆရာကြီး ဦးမြကြိုင် ၏ ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း (၆) "
To + V1 အသုံးပြုပုံ
ဝါကျတွင် To+V1 ကို Noun နှင့် Adverb(Purpose) နေရာ ၂ ခုတွင် တွေ့ရတတ် ပါသည်။
Noun နေရာအတွက် V+ing ကဲ့သို့ပင် ‘ခြင်း’ ဟု အနက်ကောက်ပြီး၊
Adverb(Purpose) နေရာ အတွက် ‘ဖို့ရန်’ ဟု အနက်ကောက်ပါသည်။
Labels:
အင်္ဂလိပ်စာပေ
" ဆရာကြီး ဦးမြကြိုင် ၏ ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း (၅) "
Verb + ed/ en (V3) အသုံးပြုပုံ
Verb + ed/ en (Past Participle) သည် V + ing ကဲ့သို့ပင် ဝါကျများတွင် မကြာခဏတွေ့ရတတ် ပါသည်။
Verb + ed/ en ကို ဝါကျတွင် Adjective နှင့် Adverb (Manner) ၂ နေရာတွင် တွေ့ရတတ်ပြီး
Labels:
အင်္ဂလိပ်စာပေ
" ဆရာကြီး ဦးမြကြိုင် ၏ ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း(၄) "
Verb + ing { V4 } အသုံးပြုပုံ
ဝါကျတစ်ကြောင်းတွင် တည်ရှိနေပုံကို လိုက်၍
‘ခြင်း’ ၊ ‘သော’ ၊ ‘သောကြောင့်’ ၊ ‘လျှက်’ စသည်ဖြင့် အဓိပ္ပာယ်ကောက်နိုင်သည်။
Labels:
အင်္ဂလိပ်စာပေ
" ဆရာကြီး ဦးမြကြိုင် ၏ ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း(၃) "
Clauses (ဝါကျခွဲ = စကားစု)
ဝါကျ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ကတ္တား (Subject) နှင့် ကြိယာ (Verb) ပါဝင်သော်လည်း အဓိပ္ပာယ် မပြည့်စုံသော စကားစုကို Clause ဟုခေါ်ပါသည်။
Clause တွင်လည်း တည်ရှိသည့်နေရာအပေါ်မူတည်ကာ (၃) မျိုးရှိပါသည်။
၎င်းတို့မှာ -
၁ .Noun Clause
၂ .Adjective Clause
၃ .Adverb Clause
Labels:
အင်္ဂလိပ်စာပေ
" ဆရာကြီး ဦးမြကြိုင် ၏ ဝါကျဖွဲ့ထုံး အနှစ်ချုပ် - အပိုင်း(၂) "
Phrases (ပုဒ်စု) အကြောင်း
Phrase ဆိုသည်မှာ စကားစုသာ ဖြစ်ပါသည်။
Phrase များကို လေ့လာကြည့်လျှင် ဝါကျပေါ်တွင် တည်ရှိနေသော နေရာအပေါ်တွင် မူတည်ကာ အခြေခံအားဖြင့် (၃) မျိုးတွေ့နိုင်ပါသည်။
၎င်းတို့မှာ _
၁. Noun phrase နာမ်ပုဒ်စု
၂. Adjective phrase နာမ၀ိသေသနပုဒ်စု
၃. Adverb phrase ကြိယာဝိသေသနပုဒ်စု
Phrase ဆိုသည်မှာ စကားစုသာ ဖြစ်ပါသည်။
Phrase များကို လေ့လာကြည့်လျှင် ဝါကျပေါ်တွင် တည်ရှိနေသော နေရာအပေါ်တွင် မူတည်ကာ အခြေခံအားဖြင့် (၃) မျိုးတွေ့နိုင်ပါသည်။
၎င်းတို့မှာ _
၁. Noun phrase နာမ်ပုဒ်စု
၂. Adjective phrase နာမ၀ိသေသနပုဒ်စု
၃. Adverb phrase ကြိယာဝိသေသနပုဒ်စု
Labels:
အင်္ဂလိပ်စာပေ
ဆရာကြီးဦးမြကြိုင် ၏ ဝါကျဖွဲ့ထုံး အနှစ်ချုပ် -အပိုင်း(၁)

Five Basic Sentences (အခြေခံဝါကျ ၅ မျိုး)
အင်္ဂလိပ်စာကို လေ့လာလိုသူများ အနေဖြင့် ပထမဦးစွာ အောက်ပါ အခြေခံဝါကျ ၅ မျိုးကို နားလည်ထားရမည် ဖြစ်ပါသည်။
S + V S = { Subject } ကတ္တား= ပြုလုပ်သူ/အရာ
S + V + C V = { Verb } ကြိယာ = ဖြစ်/ရှိ- ပြုလုပ်ဆောင်ရွက်ကြောင်းပြ
S + V + O C = { Complement } အဖြည့်ပုဒ်
S + V + I.O + D.O I.O = { Indirect Object } တစ်ဆင့်ခံ ကံပုဒ်
S + V + O + C D.O = { Direct Object } တိုက်ရိုက် ကံပုဒ်
Labels:
အင်္ဂလိပ်စာပေ
" သူငယ်ချင်းများသို့ အမှတ်တရ"
{ ၁ } နေပျော်ရဲ့လား ...
ဖော်မဲ့အားငယ် မျက်ရည်သွယ်တန်း
ပါးပြင်လွှမ်းနေ သည်းကြွမ်းကြွေလု
နာကျင်မှုနှင့် လွမ်းထုသင်္ချေ
ဝေဒနာများ ပြေပါစေမင်း
သူငယ်ချင်းရေ ... ၊
ဖော်မဲ့အားငယ် မျက်ရည်သွယ်တန်း
ပါးပြင်လွှမ်းနေ သည်းကြွမ်းကြွေလု
နာကျင်မှုနှင့် လွမ်းထုသင်္ချေ
ဝေဒနာများ ပြေပါစေမင်း
သူငယ်ချင်းရေ ... ၊
Labels:
ရသစာပေ,
အင်္ဂလိပ်စာပေ
Wednesday, June 24, 2015
"English နှစ်လုံးတွဲ စကားတိုလေးများ လေ့လာရန် "
(1) About when? = ဘယ်တော့လောက်လဲ
(2) All set? = အားလုံး အဆင်သင့် ဖြစ်ပြီးလား
(3) Any clues? = ဘာ သဲလြန္စမ် ား ရွိလဲ
(4) Any discount ? = ဈေးလျှော့ဦးမလား
(5) Any seats? = ခုံလွတ်ရှိသေးလား
(6) Anything else? = ဘာလိုသေးလဲ
(7) Anything new? = ဘာထူးသေးလဲ
(8) Anything wrong ? = ဘာဖြစ်တာလဲ
(9) Apparently so = အဲဒီလို ထင်တာပဲ
(10) Back off ! = သွားစမ်းပါ
(2) All set? = အားလုံး အဆင်သင့် ဖြစ်ပြီးလား
(3) Any clues? = ဘာ သဲလြန္စမ် ား ရွိလဲ
(4) Any discount ? = ဈေးလျှော့ဦးမလား
(5) Any seats? = ခုံလွတ်ရှိသေးလား
(6) Anything else? = ဘာလိုသေးလဲ
(7) Anything new? = ဘာထူးသေးလဲ
(8) Anything wrong ? = ဘာဖြစ်တာလဲ
(9) Apparently so = အဲဒီလို ထင်တာပဲ
(10) Back off ! = သွားစမ်းပါ
Labels:
အင်္ဂလိပ်စာပေ
Wednesday, June 10, 2015
{ အင်္ဂလိပ်စာ ၂ } အသုံးဆန်းပြား ဗန်းစကား ( Idioms )
(1) Business is business = စီးပွားရေး က စီးပွားရေးပဲ
(2) Money talks = ငွေမျက်နှာကြီးတယ်
(3) Tell that to the marines = တောမှာသွားပြော
(4) Lead your own way = ကိုယ့်သမိုင်းကိုယ့်ရေး
(5) Are you nuts ? = မင်းရူးနေလား
Labels:
အင်္ဂလိပ်စာပေ
{ အင်္ဂလိပ်စာ ၁ } နေ့စဉ်သုံး လျှပ်တစ်ပြက်စကားလုံးများ
1. I say = ဟေ့လူ။
2. I see = ဟုတ်ပြီ / သဘောပေါက်ပြီ။
3. You see ? = သိလား။
4. I do = သဘောတူပါတယ်။
5. I’m done = ငါတော့ ပြည်ဖုံးကားချလိုက်ပြီ။
Labels:
အင်္ဂလိပ်စာပေ
Monday, June 8, 2015
Let's Use The Idioms = အီဒီယံလေးတွေသုံးရအောင်
All right with you ?
အဆင်ပြေပါတယ်နော်...
Any message for me ?
ငါ့အတွက် အမှာစာရှိလား..
Any day will do !
ဘယ်နေ့မဆိုရတယ်...
Are you by yourself !
မင်းတစ်ယောက်ထဲလား ...
Are you kidding me ?
မင်း ငါ့ကို နောက်နေတာလား ...
As soon as possible !
တတ်နိုင်သလောက်မြန်မြန်လေး ...
အဆင်ပြေပါတယ်နော်...
Any message for me ?
ငါ့အတွက် အမှာစာရှိလား..
Any day will do !
ဘယ်နေ့မဆိုရတယ်...
Are you by yourself !
မင်းတစ်ယောက်ထဲလား ...
Are you kidding me ?
မင်း ငါ့ကို နောက်နေတာလား ...
As soon as possible !
တတ်နိုင်သလောက်မြန်မြန်လေး ...
Labels:
အင်္ဂလိပ်စာပေ
Saturday, June 6, 2015
ရယ်စရာ ဟာသလေးများ ( ၃ )
၁ ။ ရေတွေစိုနေလို့
စိတ္တဇ ဆေးရုံမှာ စိတ္တဇ ဝေဒနာရှင် လူနာ အမျိုးသမီး တဦးနှင်. အမျိုးသား တစ်ဦး ရှိပါသည်။
တနေ. သူတို.၂ယောက် အတူလမ်းလျှောက်နေတုန်း ဆေးရုံရဲ.ရေကူးကန်နား ရောက်တော. အမျိုးသား က ကန်ထဲသို. ခုန်ဆင်းချလိုက်ပါတယ်။
ပြီးတော. ရေနစ်တော.တာပဲ။ ဒါနဲ. အမျိုးသမီး ကလဲ အလျှင်အမြန်ခုန်ဆင်းပြီး ကုန်းပေါ်သို.ဆွဲတင် ကယ်ဆယ် လာခဲ.ပါတယ်။
Labels:
ဟာသ
Thursday, June 4, 2015
ရယ်စရာ ဟာသလေးများ { ၂ }
( ၁ ) " ဘာလို့ရိုက် "
ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့။
အဲဒါ ..တွေ့တဲ့လူကြီးတစ်ယောက်က မေးတာပေါ့
ဘာဖြစ်လို့ ငိုနေတာလဲ ကလေး ?
အိမ်မှာ သားဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါလို့ ပြန်ဖြေတယ်တဲ့ ..ကလေးက ။
Labels:
ဟာသ
ရယ်စရာ ဟာသလေးများ { ၁ }
( ၁ ) " ကိုယ့်မိန်းမကို သိပ်မယုံနဲ့ "
ရဲဝန်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ
အလုပ်စောပြီးတာနဲ. အိမ်ကို ည ၂ နာရီလောက် ပြန်လာ ပါတယ် ။
ရဲဝန်ထမ်းဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာစိုးတာနဲ့
မီးမဖွင့်ဘဲ အမှောင်ထဲမှာတင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံးဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။
Labels:
ဟာသ
Sunday, May 31, 2015
တစ်-နှစ်-သုံး ဂဏာန်းလေးများရဲ့ စိတ်ဝင်စားဖွယ် အဓိပ္ပါယ်
မြတ်ဗုဒ္ဓ နှင့် ခုနှစ် နှစ်သား ရဟန္တာလေး ရှင်သောပါက တို့ စင်္ကြန်အတူ လျှောက်တော်မူကြစဉ် မြတ်ဗုဒ္ဓက မေးတော်မူကာ သောပါကသာမဏေလေး ဖြေကြားတော်မူတဲ့
တစ်-နှစ်-သုံး ဂဏာန်းလေးများရဲ့ စိတ်ဝင်စားဖွယ် အဓိပ္ပါယ်လေးပါ ....
တစ်-နှစ်-သုံး ဂဏာန်းလေးများရဲ့ စိတ်ဝင်စားဖွယ် အဓိပ္ပါယ်လေးပါ ....
Labels:
ဓမ္မစာပေ
" Control sorrow by helping others .... သူတစ်ပါးတို့ကို ကူညီခြင်းဖြင့် ၀မ်းနည်းပူဆွေးမှုကို ထိန်းချုပ်ထားပါ "
Once there was a doctor who founded a free clinic which opened once a week to attend to poor patients .
On one such day , someone rushed in to the clinic with the news that the doctor's youngest and favourite son had just died .
Although deeply upset , the doctor reflected on the situation , and after having regained his composure , continued to attend to his patients .
Labels:
ရသစာပေ
Who are more civilised ? .... ဘယ်သူတွေ ပိုယဉ်ကျေးသလဲ ?
The traditional way of dressing among the women of a hill tribe was to leave the upper part of their bodies bare .
They did not draw any attention among their men who went about their daily duties as they had been doing for generations .
Labels:
ရသစာပေ
Saturday, May 30, 2015
ကဗျာဆရာများရဲ့ သဘာဝ မှ စိတ်အင်အားယူပုံ
မြတ်ဗုဒ္ဓက ´ လောကော သတ္တာနမာစရော ´
လောကကြီးဟာ သတ္တ၀ါတိုင်းရဲ့ ဆရာ ... တဲ့ ။
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝအဖြစ်အပျက်များဟာ
ခံယူသုံးသပ်တတ်မယ်ဆိုရင် ကိုယ့်ဘ၀တိုးတက်ဖို့ စိတ်စွမ်းအားဖြည့်ရှုခင်းလေးတွေပါ ။
လောကကြီးဟာ သတ္တ၀ါတိုင်းရဲ့ ဆရာ ... တဲ့ ။
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝအဖြစ်အပျက်များဟာ
ခံယူသုံးသပ်တတ်မယ်ဆိုရင် ကိုယ့်ဘ၀တိုးတက်ဖို့ စိတ်စွမ်းအားဖြည့်ရှုခင်းလေးတွေပါ ။
Labels:
ခေတ်သစ်ကဗျာများ
Sunday, March 8, 2015
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ လင်္ကာကြီး
ဆိုပိန့်ဟုတ်ရာ …စဉ်းစားပါလော့ ၊ ခန္ဓာဘာရ ၊ ပဉ္စကကား ၊ ယုယခင်မင်၊ စိန်ရွှေဆင်၍ ၊ ပြုပြင်ပိုက်ထွေး ၊ နင်ကျွေးမွေးလည်း ၊ အရေးမရောက် ၊ သဲရေမှောက်သို့ ၊ နင့်နောက်မပါ ၊ နင်လိုရာကို ၊ ဘယ်ခါမလိုက် ၊ နင့်အကြိုက်နှင့် ၊ တိုက်ရိုက်ဖီလာ ၊ ဆန့်ကျင်ပါခဲ့ ။
Saturday, March 7, 2015
ရှင်မဟာရဋ္ဌသာရ ဆုံးမစာများ
၁) ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။
Labels:
ရှေးကဗျာလင်္ကာများ
နတ်သျှင်နောင် ( စစ်ချီအလွမ်းရတု)
ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်၊
ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်းဆင်လို၊
တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ၊
စိမ်းဝါ မိုးပန်း ထွေထွေစွန်းက၊
ရေသွန်းသာကြည် ပျော်ရမည်ဟု၊
ပျော်ရမည်ကို မြရည်သက်မှတ်၊
ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ် ဖြူဝင်းမွတ်လျှင်၊
ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့၊
ဆင့်လောင်းလွှမ်းဝှန် ရှိလိမ့်ဟန်ကို၊
တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊
ငှက်သွင်ပျံကြွ မတတ်သောဝ်…..။
Labels:
ရှေးကဗျာလင်္ကာများ
ယမမင်းထံ အစစ်ခံသံပေါက် (အမတ်ကြီး ဦးပေါ်ဦး )
၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။
Labels:
ရှေးကဗျာလင်္ကာများ
Wednesday, March 4, 2015
စလေဦးပုည ကဗျာများ
၁။ ပျိုမေတွေအတွက် စလေ တေးထပ်တစ်ပုဒ် ( ဦးပုည)
မျက်နှာကို ခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော်
လင်ငါးယောက်ပေါ်စေ ကျွန်တော်ကမလွဲ
တစ်သက်လုံး လင်ငယ်နေပါ
သည်မေကို ရိုးပြာကျ စွဲ
မျက်နှာကို ခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော်
လင်ငါးယောက်ပေါ်စေ ကျွန်တော်ကမလွဲ
တစ်သက်လုံး လင်ငယ်နေပါ
သည်မေကို ရိုးပြာကျ စွဲ
Labels:
ရှေးကဗျာလင်္ကာများ
ဆရာကြီး မင်းသုဝဏ် ကဗျာများ
(၁) သိုးထိန်းလမ်း ( မင်းသုဝဏ်)
တစ်တောင် နှစ်တောင် တောင်တောင်တွေထပ်ပါလို့
တစ်ချပ် နှစ်ချပ် တစ်လျှို နှစ်လျှို
အိုင်အင်းတွေကစို ။
တစ်တောင် နှစ်တောင် တောင်တောင်တွေထပ်ပါလို့
တစ်ချပ် နှစ်ချပ် တစ်လျှို နှစ်လျှို
အိုင်အင်းတွေကစို ။
Labels:
ရှေးကဗျာလင်္ကာများ
ဘ၀အတွက် A to Z
(A)
Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတ္ထုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့ ။
(B)
Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ ။
Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတ္ထုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့ ။
(B)
Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ ။
Labels:
အင်္ဂလိပ်စာပေ
အချုပ်တန်းဆရာဖေ ကဗျာများ
{ 1 } စလေဉာဏ် (အချုပ်တန်းဆရာဖေ)
စလေဉာဏ် တောပါးစပ်က၊
ပြောစမှတ် နန်းမူ၊
လောကဓာတ်ဘလန်းဆူပြီ၊
မန်းပြည်သူအများ၊
Labels:
ရှေးကဗျာလင်္ကာများ
သောတာပန် ဟု ဆိုကြရာဝယ်
1 . သောတာပန်ဖြစ်ကြောင်း အင်္ဂါ “ ၄ ” ရပ်
(၁) သပ္ပုရိသသံသေ၀ = သူတော်ကောင်းနှင့် ပေါင်းသင်းရခြင်း ၊
(၂) သဒ္ဓမ္မသ၀န = သူတော်ကောင်းတရား နာကြားရခြင်း ၊
(၃) ဓမ္မာနုဓမ္မပဋိပတ္တိ = မဂ်ဖိုလ်ရကြောင်းတရား ကျင့်ကြံပွားများခြင်း ၊
(၄) ယောနိသော မနသိကာရ = ရုပ်နာမ်၌ မှန်ကန်တည့်မတ်စွာ နှလုံးသွင်းခြင်း ၊
( နိဒါန၀ဂ္ဂသံယုတ် / ပါ / ၂၉၇ / ဋ္ဌ / ၆၇ )
(၁) သပ္ပုရိသသံသေ၀ = သူတော်ကောင်းနှင့် ပေါင်းသင်းရခြင်း ၊
(၂) သဒ္ဓမ္မသ၀န = သူတော်ကောင်းတရား နာကြားရခြင်း ၊
(၃) ဓမ္မာနုဓမ္မပဋိပတ္တိ = မဂ်ဖိုလ်ရကြောင်းတရား ကျင့်ကြံပွားများခြင်း ၊
(၄) ယောနိသော မနသိကာရ = ရုပ်နာမ်၌ မှန်ကန်တည့်မတ်စွာ နှလုံးသွင်းခြင်း ၊
( နိဒါန၀ဂ္ဂသံယုတ် / ပါ / ၂၉၇ / ဋ္ဌ / ၆၇ )
Labels:
ဓမ္မစာပေ
Saturday, February 28, 2015
“ ကျမ်းဂန် အထောက်အထား အခိုင်အမာမရှိဘဲ ပြောဆိုနေကြတဲ့ လူ့လောက ဥဒါန်းတွင်စကားများ ”
(၁) မွေးကင်းစ ကလေးကို အန၀တတ်အိုင်မှ ရေဖြင့် ချိုးပေးပါက 15/16 နှစ်သားအရွယ်သို့ ချက်ချင်းရောက်သွားတယ် ...တဲ့ ။
(၂) သင်္ကြန်ကျလျှင် သိကြားမင်း လူ့ပြည်သို့ ဆင်းလာသည် ၊ သင်္ကြန်တက်မှ သိကြားမင်း နတ်ပြည်ပြန်တက်သွားသည် ...တဲ့ ။
(၃) ရှင်မောဂ္ဂလာန် ငရဲပြည်သို့ ကြွတော်မူသောအခါ နောက်တော်သို့ ငရဲမီးလိုက်တယ် ...တဲ့ ။
Labels:
သုတစာပေ
စကားပုံနှင့် ဆိုရိုးစကားများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း အပိုင်း (၅)
71. Keep no more cats than will catch mice. (efficiency and inefficiency)
"ဆန်ကုန်မြေလေး" "လောကလူပို" ဆိုသည့်စကားများကဲ့သို့ လောကတွင် မိမိလုပ်ကိုင်ဆောင်ရွက်ရမည့် တာဝန်များကို မပြုလုပ်ပါက
အခြားသူများက မကြည်ဖြူတတ်ကြောင်းကို ဆိုလိုပါသည်။
"ဆန်ကုန်မြေလေး" "လောကလူပို" ဆိုသည့်စကားများကဲ့သို့ လောကတွင် မိမိလုပ်ကိုင်ဆောင်ရွက်ရမည့် တာဝန်များကို မပြုလုပ်ပါက
အခြားသူများက မကြည်ဖြူတတ်ကြောင်းကို ဆိုလိုပါသည်။
Labels:
အင်္ဂလိပ်စာပေ
စကားပုံနှင့် ဆိုရိုးစကားများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း အပိုင်း (၄)
46. Four eyes see better than two.
လူနှစ်ဦးခေါင်းချင်းဆိုင် တိုင်ပင်ပါကအကြံဉာဏ်ကောင်းပို၍ ပေါ်ပေါက်နိုင်သည်ဟုဆိုလိုပါသည်။
"Many hands make light work." ဟူသောစကားပုံနှင့် ၎င်း၊
"The more, the merrier" နှင့်၎င်း ဆင်တူ၍ "He travels fastest, who travels alone" နှင့် ဆန့်ကျင်ပါသည်။
လူနှစ်ဦးခေါင်းချင်းဆိုင် တိုင်ပင်ပါကအကြံဉာဏ်ကောင်းပို၍ ပေါ်ပေါက်နိုင်သည်ဟုဆိုလိုပါသည်။
"Many hands make light work." ဟူသောစကားပုံနှင့် ၎င်း၊
"The more, the merrier" နှင့်၎င်း ဆင်တူ၍ "He travels fastest, who travels alone" နှင့် ဆန့်ကျင်ပါသည်။
Labels:
အင်္ဂလိပ်စာပေ
ဆိုရိုးများနှင့် စကားပုံများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း (အပိုင်း ၃)
23. Faint heart never won the fair lady.
None but the brave deserves the fair.
Fortune favours the brave.
He who hesitates is lost.
"ကြောက်ရင် လွဲ၊ ရဲရင် မင်းဖြစ်" ဟူသော စကားပုံနှင့် တူညီပါသည်။
None but the brave deserves the fair.
Fortune favours the brave.
He who hesitates is lost.
"ကြောက်ရင် လွဲ၊ ရဲရင် မင်းဖြစ်" ဟူသော စကားပုံနှင့် တူညီပါသည်။
Labels:
အင်္ဂလိပ်စာပေ
ဆိုရိုးများနှင့် စကားပုံများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း (အပိုင်း ၂)
1. Actions speak louder than words.
ကိုယ့်အမူအရာဖြင့် ဖော်ကျူးခြင်းသည် နှုတ်ဖြင့် ပြောဆိုသော စကားထက် ပိုမိုတွင်ကျယ်အရာရောက်ကြောင်းကို ဆိုလိုပါသည်။
နှုတ်ဖြင့် ပြောဆိုရာတွင်လည်း ချိုသာယဉ်ကျေးစွာ ပြောဆိုခြင်း၏ အရေးကြီးပုံကို "နှုတ်ချိုသျှိုတပါး" ဟု မြန်မာတို့က ဆိုကြပါသည်။
ဤစကားပုံများသည် ကိုယ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ၊ နှုတ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ ပြုလုပ်ဆောင်ရွက်ရာတွင် သတိစွဲမိစေရန် သတိပေးထားသော စကားပုံများဖြစ်ပါသည်။
ကိုယ့်အမူအရာဖြင့် ဖော်ကျူးခြင်းသည် နှုတ်ဖြင့် ပြောဆိုသော စကားထက် ပိုမိုတွင်ကျယ်အရာရောက်ကြောင်းကို ဆိုလိုပါသည်။
နှုတ်ဖြင့် ပြောဆိုရာတွင်လည်း ချိုသာယဉ်ကျေးစွာ ပြောဆိုခြင်း၏ အရေးကြီးပုံကို "နှုတ်ချိုသျှိုတပါး" ဟု မြန်မာတို့က ဆိုကြပါသည်။
ဤစကားပုံများသည် ကိုယ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ၊ နှုတ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ ပြုလုပ်ဆောင်ရွက်ရာတွင် သတိစွဲမိစေရန် သတိပေးထားသော စကားပုံများဖြစ်ပါသည်။
Labels:
အင်္ဂလိပ်စာပေ
ဆိုရိုးများနှင့် စကားပုံများ = Sayings and Proverbs များဖြင့် အင်္ဂလိပ်စာလေ့လာခြင်း (အပိုင်း - ၁ )
1. Their bark is worse than their bite.
i) They sound more threatening than they actually are.
အပြောခံရခြင်းသည် အရိုက်ခံရခြင်းထက် နာကြည်းဖွယ်ဖြစ်ကြောင်း ဝါကျနှစ်ခုလုံးတွင် ခိုင်းနှိုင်းပြထားပါသည်။
Labels:
အင်္ဂလိပ်စာပေ
Wednesday, February 25, 2015
Tuesday, February 24, 2015
စိန္တကျော်သူ သြ၀ါဒပျို့ မှ အရည်အချင်းဆိုင်ရာ သိမှတ်ဖွယ် (၁၀ ) ချက်
(၁) ခရုသင်း၏ အရည်အချင်းကို လင်္ကျာရစ် ဟုတ်/မဟုတ် ကြည့်ပြီးမှ သိနိုင်တယ် ။
(၂) ရွှေ ကောင်း / မကောင်း အရည်အချင်းကို မှတ်ကျောက်တင်မှ သိနိုင်တယ် ။
Labels:
သုတစာပေ
ပုဂ္ဂိုလ် ( ၈ ) ဦး နှင့် အား ( ၈ ) မျိုး သိမှတ်ဖွယ်ရာ
(၁) ရုဏ္ဏ ဗလာ ဒါရကာ ၊
ကလေးသူငယ်တို့ရဲ့ အားဟာ ငိုခြင်း ။
(၂) ကောဓ ဗလာ မာတုဂါမာ ၊
မိန်းမတို့ရဲ့ အားဟာ အမျက်ထွက်ခြင်း ။
Labels:
သုတစာပေ
ဓမ္မပဒဂါထာ များကို ပါဠိ မြန်မာ အင်္ဂလိပ် သုံးမျိုးဖြင့် လေ့လာနိုင်ရန်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗု ဒ္ဓဿ
(၁) ယမက၀ဂ္ဂ
၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။
၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။
1. Mental perception is the lead in mind that causes everything to happen.
It is founded on our thoughts. Our life is the creation of our mind which is supreme.
If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.
Labels:
ဓမ္မစာပေ
Monday, February 23, 2015
ဘေးမဟုတ်သည်ကို ဘေးဟုထင် - မကြောက်ရမည့်အရာကို ကြောက်တတ်တဲ့ အမိုက်ကောင် (၄) မျိုး ...
(၁) ဂဏ္ဍုပ္ပါဒေါ ခေါ ဘယာပထ၀ိံ နခါဒတိ မာပထ၀ီ ခီယီတိ ။
တီကောင်ဟာ မြေကုန်သွားမှာ စိုးကြောက်လို့ မြေကို မစားပါဘူးတဲ့ ။
Labels:
သုတစာပေ
ကိုယ်ကျင့်သီလ ဖြင့် အရဟတ္တဖိုလ် ဆိုက်ရောက်နိုင်ပုံ အဆင့်ဆင့်
အင်္ဂုတ္ထိုရ်ပါဠိ- ဒသကနိပါတ် - ကိမတ္ထိယသုတ် မှ အရှင်အာနန္ဒာ ၏ မေးလျှောက်ချက်ကို မြတ်ဗုဒ္ဓ ဖြေကြားတော်မူတဲ့ မှတ်သားဖွယ်ရာ သီလတန်ဖိုး အကျိုးအာနိသင် ...
Labels:
ဓမ္မစာပေ
Saturday, February 21, 2015
မေတ္တာသုတ်ရှုပွားပုံ နှင့် မေတ္တာသုတ်ရွတ်ဆိုရကျိုး (၁၁) မျိုး English - မြန်မာ (လင်္ကာ)
Disseminating of Metta Sutta = မေတ္တာသုတ်ရှုပွားပုံ
(၁) May all beings be happy and peaceful !
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၂) May all beings feeble or strong, be happy and peaceful !
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၃) May all beings long, medium, or short, be happy and peaceful !
ရှည် ၊ တို ၊ အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၁) May all beings be happy and peaceful !
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၂) May all beings feeble or strong, be happy and peaceful !
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(၃) May all beings long, medium, or short, be happy and peaceful !
ရှည် ၊ တို ၊ အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
Labels:
ဓမ္မစာပေ
ဘုရားဖြစ်တော်စဉ် ဗုဒ္ဓ၀င် အကျဉ်း
(၁)သုမေဓာရှင်ရသေ့သည်
နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော
သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား
ပေးတော်မူပုံ ။ 
Labels:
ဓမ္မစာပေ
" May Your Dreams Be Everything You Hope For " မင်းရဲ့အိပ်မက်တွေဟာ မင်းမျှော်လင့်ထားတာတွေ ဖြစ်နေပါစေ
1 ) Go forward with your dreams;
let their power lead you on .
Grow and learn as you go,
and never stop believing .
အိပ်မက်များနဲ့အတူ ရှေ့ဆက်လျှောက်ပါ ။
သူတို့စွမ်းအားတွေရဲ့ လမ်းပြရာကို လိုက်သွားပါ ။
ရှေ့ဆက်လျှောက်ရင်း ဖြည့်ဆည်းလေ့လာပေါ့ ၊
ယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့ ။
let their power lead you on .
Grow and learn as you go,
and never stop believing .
အိပ်မက်များနဲ့အတူ ရှေ့ဆက်လျှောက်ပါ ။
သူတို့စွမ်းအားတွေရဲ့ လမ်းပြရာကို လိုက်သွားပါ ။
ရှေ့ဆက်လျှောက်ရင်း ဖြည့်ဆည်းလေ့လာပေါ့ ၊
ယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့ ။
Labels:
ရသစာပေ
ဆရာတော်ဦးဇောတိက ရဲ့ ENGLISH-MYANMAR မှတ်သားဖွယ်ရာ စိတ်စစ်စာသားလေး
၁ ။ I have no parents. I make the heavens and earth my parents.
ငါ့မှာ မိဘ မရှိပါဘူး ။ ငါဟာ ကောင်းကင်နဲ့ မြေကြီးကို မိဘသဖွယ် လုပ်ထားပါတယ် ။
၂ ။ I have no home . I make awareness my home .
ငါ့မှာ အိမ် မရှိပါဘူး ။ ငါဟာ သတိ ကို အိမ်လုပ်ပြီးတော့ နေပါတယ် ။
၃ ။ I have no life or death . I make the tides of breathing my life and death.
ငါ့မှာ မွေးဖွားခြင်း သေဆုံးခြင်းဆိုတာ မရှိပါဘူး ။
ထွက်လေ ၀င်လေ ကိုပဲ မွေးဖွားခြင်း သေဆုံးခြင်းလို့ သဘောထားပါတယ် ။
Labels:
ရသစာပေ
Wednesday, February 18, 2015
Anyway { Mother Teresa } မည်သို့ပင်ဖြစ်စေ { ဆရာဖေမြင့် )
ခါးသီးနာကျည်းဖွယ်ရာ အတွေ့အကြုံတွေ ...
ကိုယ်ချင်းစာစိတ် ပျက်ရှကင်းမဲ့တာတွေ ...
နားလည်ခွင့်လွှတ်မှု ဆိတ်သုဉ်းပျောက်ကွယ်တာတွေ ...
ကူညီဖေးမမှု ဂရုမပြုခံရတာတွေ ...
မျှဝေခံစားမှု လျစ်လျူရှုခြင်းခံရတာတွေ ...
ထင်ဟပ်ထိခိုက်လာတိုင်း...
မွန်းကျပ်ပိတ်ဆို့မှုတွေနဲ့အတူ ဖိစီးနှိပ်စက်ခံနေရတဲ့အခါ
စိတ်စွမ်းအင်တွေ တုန်ငင်ချို့တဲ့စွာနဲ့
ရင်ထဲမှာ နာကျင်ဆို့နင့်နေတတ်ပါတယ် ။
အဲ့ဒီအခါ ...
နှလုံးသားအတွက်
ဖေးမဖြေသိပ်စရာ..
ဖြည့်ဆည်းထောက်ပံ့ရာ
အဟာရဓာတ်တွေ
မရှိမဖြစ်လိုအပ်လာပြီလို့...
ကိုယ့်စိတ်ကို ပြန်စိစစ်မိရင်...
မာသာထရီဇာ ရဲ့ စကားဟာ
အားလုံးကို လူသားပီသစေမှာပါ ...
( သက္ကရ )
ကိုယ်ချင်းစာစိတ် ပျက်ရှကင်းမဲ့တာတွေ ...
နားလည်ခွင့်လွှတ်မှု ဆိတ်သုဉ်းပျောက်ကွယ်တာတွေ ...
ကူညီဖေးမမှု ဂရုမပြုခံရတာတွေ ...
မျှဝေခံစားမှု လျစ်လျူရှုခြင်းခံရတာတွေ ...
ထင်ဟပ်ထိခိုက်လာတိုင်း...
မွန်းကျပ်ပိတ်ဆို့မှုတွေနဲ့အတူ ဖိစီးနှိပ်စက်ခံနေရတဲ့အခါ
စိတ်စွမ်းအင်တွေ တုန်ငင်ချို့တဲ့စွာနဲ့
ရင်ထဲမှာ နာကျင်ဆို့နင့်နေတတ်ပါတယ် ။
အဲ့ဒီအခါ ...
နှလုံးသားအတွက်
ဖေးမဖြေသိပ်စရာ..
ဖြည့်ဆည်းထောက်ပံ့ရာ
အဟာရဓာတ်တွေ
မရှိမဖြစ်လိုအပ်လာပြီလို့...
ကိုယ့်စိတ်ကို ပြန်စိစစ်မိရင်...
မာသာထရီဇာ ရဲ့ စကားဟာ
အားလုံးကို လူသားပီသစေမှာပါ ...
( သက္ကရ )
Labels:
ရသစာပေ
Sunday, February 15, 2015
{ Mother Teresa } မာသာထရီဇာ ပြောတဲ့ “ ဘ၀ ” အကြောင်း
1. Life is an opportunity , benefit from it.
ဘ၀ဆိုတာ အခွင့်အလမ်းတစ်ခု တဲ့ ... အကျိုးအမြတ် ရယူပါ ။
2. Life is beauty , admire it .
ဘ၀ဆိုတာ အလှအပ တဲ့ ... မြတ်နိုးတန်ဖိုးထားပါ ။
3. Life is bliss , taste it .
ဘ၀ဆိုတာ ချမ်းမြေ့ပျော်ရွှင်မှု တဲ့ ... မြည်းစမ်းခံစားပါ ။
4. Life is a dream , realize it .
ဘ၀ဆိုတာ အိပ်မက်တစ်ခု တဲ့ ... တကယ်ဖြစ်လာအောင် လုပ်ပါ ၊
5. Life is a challenge , meet it .
ဘ၀ဆိုတာ စိန်ခေါ်မှု တစ်ရပ် တဲ့ ... ထိပ်တိုက်တွေ့ဆုံပါ ။
6. Life is duty , complete it .
ဘ၀ဆိုတာ တာဝန် တဲ့ ... ကျေပွန်ပြီးမြောက်အောင် ဆောင်ရွက်ပါ ။
7. Life is a game , play it .
ဘ၀ဆိုတာ ကစားပွဲတစ်ခု တဲ့ ... ကစားလိုက်ပါ ။
8. Life is a promise , fulfill it .
ဘ၀ဆိုတာ ကတိဝန်ခံချက်တစ်ခု တဲ့ ... တည်တံ့ခိုင်မြဲအောင် ဖြည့်ဆည်းပါ ။
ဘ၀ဆိုတာ အခွင့်အလမ်းတစ်ခု တဲ့ ... အကျိုးအမြတ် ရယူပါ ။
2. Life is beauty , admire it .
ဘ၀ဆိုတာ အလှအပ တဲ့ ... မြတ်နိုးတန်ဖိုးထားပါ ။
3. Life is bliss , taste it .
ဘ၀ဆိုတာ ချမ်းမြေ့ပျော်ရွှင်မှု တဲ့ ... မြည်းစမ်းခံစားပါ ။
4. Life is a dream , realize it .
ဘ၀ဆိုတာ အိပ်မက်တစ်ခု တဲ့ ... တကယ်ဖြစ်လာအောင် လုပ်ပါ ၊
5. Life is a challenge , meet it .
ဘ၀ဆိုတာ စိန်ခေါ်မှု တစ်ရပ် တဲ့ ... ထိပ်တိုက်တွေ့ဆုံပါ ။
6. Life is duty , complete it .
ဘ၀ဆိုတာ တာဝန် တဲ့ ... ကျေပွန်ပြီးမြောက်အောင် ဆောင်ရွက်ပါ ။
7. Life is a game , play it .
ဘ၀ဆိုတာ ကစားပွဲတစ်ခု တဲ့ ... ကစားလိုက်ပါ ။
8. Life is a promise , fulfill it .
ဘ၀ဆိုတာ ကတိဝန်ခံချက်တစ်ခု တဲ့ ... တည်တံ့ခိုင်မြဲအောင် ဖြည့်ဆည်းပါ ။
Labels:
ရသစာပေ
Thursday, February 12, 2015
“ သက္ကရာဇ် ” မှတ်ဖွယ်
( ၁ ) မဟာသက္ကရာဇ် ဆိုတာ ...
ကမ္ဘာဦးနှစ်ပေါင်း “ ၈၆၄၇ ” မှာ သီဟနုမင်း နဲ့ ဘိုးတော် အဉ္ဇနမင်းနှစ်ပါးတို့ တိုင်ပင်ကြပြီးတော့ “ ၈၆၄၅ ” ကို ဖြိုခွင်းပယ်ချကာ အကြွင်းဖြစ်တဲ့ “ ၂ ” ကိုပဲ စတင်ရေတွက်ဖို့ သတ်မှတ်ထားရှိလိုက်ကြတယ် ...
အဲ့ဒီ ( ၂ ) ခုကနေ စပြီး ရေတွက်လာခဲ့တဲ့ နှစ်ကို မဟာသက္ကရာဇ် လို့ သတ်မှတ်ခဲ့ကြပါတယ် ။
( မဟာသက္ကရာဇ်ဆိုသည်မှာ ဘုရားမပွင့်မီက ဘိုးတော်အဉ္ဇနမင်း တည်ထားခဲ့တဲ့ သက္ကရာဇ် ဖြစ်ပါတယ် )
Labels:
သုတစာပေ
Sunday, February 8, 2015
ကာလာမသုတ် (ခေါ်) ဘာသာအယူဝါဒစ်တမ်း ( သက္ကရ )
ကေသမုတ္တိနိဂုံးရှိ ကာလာမနွယ်ဖွား အမျိုးသားတို့၏ ဘာသာရေးနဲ့ပတ်သက်သော အယူအဆများ အမျိုးအမျိုး အဖုံဖုံ ကွဲလွဲနေကြပုံ အခြင်းအရာကို လျှောက်ထားတောင်းပန်ကြသဖြင့်
မြတ်စွာဘုရား ဟောကြားမိန့်မှာတော်မူခဲ့သော ကာလာမသုတ် (ခေါ် ) ဘာသာအယူဝါဒစစ်တမ်း လေးဖြစ်ပါတယ် (တိကနိပါတ်-အင်္ဂုတ္ထိုရ်-ကာလာမသုတ်) ။
Labels:
ဓမ္မစာပေ
Friday, February 6, 2015
Bill Gates ရဲ့ စာမေးပွဲ နဲ့ ဘ၀သင်္ကေတ
ကျနော်ဟာ စာမေးပွဲမှာ အချို့ဘာသာရပ်တွေ ကျရှုံးခဲ့တယ် ...
ကျနော့်သူငယ်ချင်းကတော့ ဘာသာရပ်အားလုံးကို အောင်မြင်ခဲ့ပါတယ် ။
အခု သူက မိုက်ခရိုဆော့ အင်ဂျင်နီယာတစ်ယောက်လေ..
ကျနော်ကတော့ မိုက်ခရိုဆော့ ပိုင်ရှင်ပေါ့..။
ကျနော့်သူငယ်ချင်းကတော့ ဘာသာရပ်အားလုံးကို အောင်မြင်ခဲ့ပါတယ် ။
အခု သူက မိုက်ခရိုဆော့ အင်ဂျင်နီယာတစ်ယောက်လေ..
ကျနော်ကတော့ မိုက်ခရိုဆော့ ပိုင်ရှင်ပေါ့..။
Labels:
သုတစာပေ
Thursday, February 5, 2015
လင်ကွန်း၏ “ မ ” ၁၀ လုံး ( The Ten Cannots by Abraham Lincoln )
You cannot bring about prosperity by discouraging thrift.
၁။ ချွေတာစုဆောင်းခြင်းကို အားမပေးဘဲ မ ချမ်းသာနိုင်ပါ။
You cannot strengthen the weak by weakening the strong.
၂။ အားကြီးသူကိုအားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူများကို အားပြည့်လာအောင် မ လုပ်နိုင်ပါ။
၁။ ချွေတာစုဆောင်းခြင်းကို အားမပေးဘဲ မ ချမ်းသာနိုင်ပါ။
You cannot strengthen the weak by weakening the strong.
၂။ အားကြီးသူကိုအားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူများကို အားပြည့်လာအောင် မ လုပ်နိုင်ပါ။
Labels:
သုတစာပေ
MAHATMA GANDHI ( မဟတ္တမ ဂန္ဒီ ) ရဲ့ မှတ်ဖွယ်စကား
1. Live as if you were to die tomorrow. Learn as if you were to live forever.
၁။ မနက်ဖြန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။
2. An eye for an eye only ends up making the whole world blind.
၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားပါလိမ့်မယ်။
၁။ မနက်ဖြန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။
2. An eye for an eye only ends up making the whole world blind.
၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားပါလိမ့်မယ်။
Labels:
သုတစာပေ
Wednesday, February 4, 2015
“ စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေးရွာမ ၊ အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား/သူလေးများ၏ တပိုတွဲလပြည့်နေ့တွင် ဓမ္မရက္ခိတကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် အာစရိယပူဇော်ပွဲ အမှတ်တရ ”
ဆရာနှင့် ပတ်သက်သော မှတ်ဖွယ်လင်္ကာများ ...
( ၁ ) ချစ်ခင်လေးမြတ် ၊ မေတ္တာဓာတ်ပွား ၊ ဟောကြားဆုံးမ ၊ ပြောကနာယူ ၊ စင်ဖြူလေးနက် ၊ မိန့်မြွက်ခွန်းချို ၊ အကုသိုလ်တွေ ၊ မယှဉ်စေဟု ၊ ခုနှစ်ထွေအင်္ဂါ ၊ ပြည့်ညီညာ - မှီပါဆရာကောင်း ။
( ၂ ) ရိုသေချစ်ထိုက် ၊ ချီးမွမ်းထိုက်နှင့် ၊ လွဲမိုက်ဆုံးမ ၊ မေးသမျှခံ ၊ ဓမ္မံနက်နဲ ၊ ဟောနိုင်မြဲ၍ ၊ ကျိုးနဲမတွန်း ၊ ခုနှစ်ခဏ်းနှင့် ၊ ပြည့်လျှမ်းညီညာ ၊ ဤဆရာ - ရှာဖွေ တပည့်ခံ ။
( ၃ ) ရှေ့ရှုမေတ္တာ ၊ ကရုဏာနှင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်က (တိုင်း) ၊ ၀မ်းတွင်မသို ၊ ဟုတ်တိုင်းဆို၍ ၊ ကျိုးလိုစိတ်က ၊ ဆုံးမတတ်သူ - ဆရာဟူလော့ ။
( ၄ )မေတ္တာကရုဏာ ၊ ရှေ့ရှုကာဖြင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း ၊ သွန်သင်တတ်ရိုး ၊ ပဏ္ဍိတ်မျိုးကို ၊ ရွှေအိုးညွှန်ကြား ၊ သူအလားသို့ ၊ ၀ပ်တွားဆည်းကပ် ၊ ဆက်ဆံတတ် - များမြတ်အကျိုးတွေ ။
( ၁ ) ချစ်ခင်လေးမြတ် ၊ မေတ္တာဓာတ်ပွား ၊ ဟောကြားဆုံးမ ၊ ပြောကနာယူ ၊ စင်ဖြူလေးနက် ၊ မိန့်မြွက်ခွန်းချို ၊ အကုသိုလ်တွေ ၊ မယှဉ်စေဟု ၊ ခုနှစ်ထွေအင်္ဂါ ၊ ပြည့်ညီညာ - မှီပါဆရာကောင်း ။
( ၂ ) ရိုသေချစ်ထိုက် ၊ ချီးမွမ်းထိုက်နှင့် ၊ လွဲမိုက်ဆုံးမ ၊ မေးသမျှခံ ၊ ဓမ္မံနက်နဲ ၊ ဟောနိုင်မြဲ၍ ၊ ကျိုးနဲမတွန်း ၊ ခုနှစ်ခဏ်းနှင့် ၊ ပြည့်လျှမ်းညီညာ ၊ ဤဆရာ - ရှာဖွေ တပည့်ခံ ။
( ၃ ) ရှေ့ရှုမေတ္တာ ၊ ကရုဏာနှင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်က (တိုင်း) ၊ ၀မ်းတွင်မသို ၊ ဟုတ်တိုင်းဆို၍ ၊ ကျိုးလိုစိတ်က ၊ ဆုံးမတတ်သူ - ဆရာဟူလော့ ။
( ၄ )မေတ္တာကရုဏာ ၊ ရှေ့ရှုကာဖြင့် ၊ နာနာကျင်ကျင် ၊ အပြစ်မြင်တိုင်း ၊ သွန်သင်တတ်ရိုး ၊ ပဏ္ဍိတ်မျိုးကို ၊ ရွှေအိုးညွှန်ကြား ၊ သူအလားသို့ ၊ ၀ပ်တွားဆည်းကပ် ၊ ဆက်ဆံတတ် - များမြတ်အကျိုးတွေ ။
Labels:
ရသစာပေ
Tuesday, February 3, 2015
Tongue -Twisters လျှာလိမ်ဝါကျလေးများ
Ava ate eighty eggs .
အာဗာသည် ဥအလုံး (၈၀) ကို စားခဲ့သည် ။
Bad black bran bread .
ပုပ်သိုးနေတဲ့ အမည်းရောင် ဖွဲနုပေါင်မုန့် ။
Crisp Crust crackles.
ကြွပ်ဆတ်ဆတ် အလွှာပါး မုန့်ကြွပ်များ ။
Do drop in at the Dewdrop Inn .
“နှင်းရည်စက်” စားသောက်ဆိုင်ကို အလည်ဝင်လှည့်စမ်းပါ ။
Labels:
အင်္ဂလိပ်စာပေ
သောဏနန္ဒဇာတ်လာ မိဘဂုဏ် ( ၁၂ ) ပါး မှတ်ဖွယ်
၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကိုလှူရမည်။
Labels:
ဓမ္မစာပေ
ဗိုလ်ချုပ် မြန်မာပြန်ထားတဲ့ “ အနိုင်မခံ ”
Invictus ( Willian Ernest Henlay)
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
Labels:
ရသစာပေ
ပရိတ်ကြီး ( ၁၁ ) သုတ် အကျိုးပြ လင်္ကာ
* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---
Labels:
ဓမ္မစာပေ
Monday, February 2, 2015
တန်ဖိုးရှိတဲ့ English စကား
(1)The most selfish one-letter word is ' I ' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ 'ငါ' ပါ။ အဲဒါကို ရှောင်ကျဉ်ပါ။
Labels:
အင်္ဂလိပ်စာပေ
ပဋ္ဌာန်း ( ၂၄ ) ပစ္စည်းအကျဉ်း မှတ်ဖွယ်
(၁) ဟေတုပစ္စယော-အကြောင်းတရားအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား ၊
(၂) အာရမ္မဏပစ္စယော-အာရုံအနေအားဖြင့် ကျေးဇူးပြုတတ်သောတရား၊
Labels:
ဓမ္မစာပေ
ပါရမီဆယ်ပါးအကြောင်း သိကောင်းစရာ
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို ဆင်ခြင်တော်မူသောအခါ ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာ ဟူသော ပါရမီဆယ်ပါးတို့ကို အစဉ်အတိုင်း တွေ့မြင်တော်မူကာ ဘ၀များစွာ ဖြည့်ကျင့်ခဲ့ရလေသည်။
Labels:
ဓမ္မစာပေ
အောင်မြင်မှုအတွက် A to Z တဲ့
(A)
Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတ္ထုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။
(B)
Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ။
Labels:
ရသစာပေ
အကယ်၍ ( ဒေါ်အောင်ဆန်းစုကြည် ) IF ( RUDYARD KIPLING)
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ….
Labels:
ရသစာပေ
Sunday, February 1, 2015
"၃၈ ဖြာ မင်္ဂလာတရားများ" The Highest Blessing
၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာတရား ၃-ပါး
၁။ အသေ၀နာစ ဗာလာနံ=လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ =ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
၃။ ပူဇာစ ပူဇနေယျာနံ =ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။
{1} Not to associate with fools,
{2} To associate with the wise,
{3} To honour those who are worthy of honour,
This is the highest blessing .
Labels:
ဓမ္မစာပေ
Richard St. John ပြောတဲ့ “ 8 to be Great”
၁။ Passion (ကိုယ်စိတ်ဝင်စားတာ၊ကိုယ်ဝါသနာပါတာ လုပ်ပါ)
ပထမဆုံး အချက်ကတော့ ဝါသနာပဲ။
Freeman Thomas ကပြောတယ်.."ကျွန်တော်ကို ကျနော့် ဝါသနာကပဲ တွန်းအားပေး မောင်းနှင်ပါတယ်.. တဲ့။
Labels:
သုတစာပေ
Subscribe to:
Posts (Atom)