sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, June 6, 2015

ရယ်စရာ ဟာသလေးများ ( ၃ )


                 ၁ ။  ရေတွေစိုနေလို့

စိတ္တဇ ဆေးရုံမှာ စိတ္တဇ ဝေဒနာရှင် လူနာ အမျိုးသမီး တဦးနှင်. အမျိုးသား တစ်ဦး ရှိပါသည်။
တနေ. သူတို.၂ယောက် အတူလမ်းလျှောက်နေတုန်း ဆေးရုံရဲ.ရေကူးကန်နား ရောက်တော. အမျိုးသား က ကန်ထဲသို. ခုန်ဆင်းချလိုက်ပါတယ်။
 ပြီးတော. ရေနစ်တော.တာပဲ။ ဒါနဲ. အမျိုးသမီး ကလဲ အလျှင်အမြန်ခုန်ဆင်းပြီး ကုန်းပေါ်သို.ဆွဲတင် ကယ်ဆယ် လာခဲ.ပါတယ်။


အမျိုးသမီးရဲ. ကောင်းမွန်တဲ.ပြုမူချက်ကြောင်.၊
စိတ်ပြန်လည် လာသည်မှတ်ကာ ဆရာဝန်ကြီး က သူ.အား ဆေးရုံက ဆင်းခွင်.ပေးဖို. ခွင်.ပြုလိုက်ပါတယ်။
ဒါနဲ. ဆရာဝန်ကြီးကိုယ်တိုင် ထိုအမျိုးသမီးဆီသွားပြီး
ဆရာဝန် – နေကောင်းလား ခင်ဗျာ။ ခင်ဗျားကို သတင်းကောင်း တခု နဲ. သတင်းဆိုးတခု ပြောစရာရှိတယ်ဗျ။
သတင်းကောင်းကတော. ခင်ဗျား ပုံမှန်လူတွေ လို စိတ်ပြန်လည်လာလို. ဆေးရုံက ဆင်းခွင်.ပေးလိုက်မယ်။
 သတင်းဆိုးကတော. ခင်ဗျားကယ်ခဲ.တဲ. အမျိုးသားလူနာ ခုနလေးကပဲ ရေချိုးခန်းထဲမှာ
တဘက် နဲ. ဆွဲကြိုးချပြီး ကိုယ်.ကိုယ်ကိုယ် အဆုံးစီရင်သွားရှာတယ်။
 စိတ်မကောင်းပါဘူးခင်ဗျာ။
 အမျိုးသမီး – အော်ဟုတ်လား၊ သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင် ၊
ကျွန်မကိုယ်တိုင်သူကို. ရေတွေ စိုနေလို. ခြောက်သွားအောင် လှန်းပေးလိုက်ခဲ.တာပါ။
            
 ၂ ။  နှစ်ကြီးသမား


အကျဉ်းထောင်တစ်ခုအတွင်း အကျဉ်းသားနှစ်ဦးဆုံမိကြ၏။
ပထမအကျဉ်းသား။      ။ ဘာကြောင့် ထောင်ကျရတာလဲဗျ။
ဒုတိယအကျဉ်းသား။     ။ အလုပ်ထဲမှာ ပြူတင်း ပေါက်မှန်ကို ခွဲမိလို့ပါဗျာ။
ပထမအကျဉ်းသား။      ။ ဘယ်လောက်ကျလို့လဲဗျ။
ဒုတိယအကျဉ်းသား။     ။ ၂၅ နှစ်ပါ။
ပထမအကျဉ်းသား။      ။ ဟာာာာ...များလှချည်လား။ ဒါနဲ့ ..ဘယ်မှာအလုပ်လုပ်ခဲ့တာလဲဗျ။
ဒုတိယအကျဉ်းသား။     ။....ေရငုပ္သေဘာၤ မွာပါ ။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

            ၃ ။ လက်ဝှေ့ဒိုင်လုပ်မယ်
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတတ်ပြီး၊
 ဒီထက်ပိုမရေတတ်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
 လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမှာပေါ့ ဖေဖေ ..။

           ၄ ။ မှားတတ်ပလေ
 " ၀တ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကြား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး "
         အဲ့ဒါ... ငါ့သမီးပါ။
သြော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟဲ့ကောင်ရဲ့... ငါက သူ့အမေကွဲ့ ။
        
                    ၅ ။ ဆုတောင်းမှား

အသက်(၆၀)အရွယ် ဇနီးမောင်နှံ(၂)ဦးသည် သူတို့၏ အနှစ်(၄၀)ပြည့် မင်္ဂလာအခမ်းအနားကို အိမ်မှာပင် တိတ်တဆိတ် ကျင်းပပြုလုပ်ကြသည်။
တစ်ဦးနှင့်တစ်ဦး ငယ်မူပြန်ကာ ချစ်စကားများပြောခြင်း၊ အပြန်အလှန် ယုယုယယနမ်းခြင်းများ ပြုလုပ်လျက်ရှိကြသည်။
 သူတို့၏ အတိတ်ကာလများက ပျော်ရွှင်ဖွယ်ရာနေ့ရက်များအကြောင်းကို တစ်ဦးကိုတစ်ဦး ပြန်ပြောင်းပြောဆိုနေကြသည်။
 သေချာသည်ကတော့ နှစ်ဦးစလုံး၏ မျက်လုံးများတွင် ကြည်နူးပျော်ရွှင်ရိပ်များနှင့် ပြည့်နှက်နေခြင်းပင်။
သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်ကြီးမားပုံကို သဘောကျလွန်းသည့်အတွက် အချစ်နတ်သမီးသည် ကိုယ်ထင်ပြလေသည်။
ထို့နောက် သူတို့နှစ်ဦးကို နှစ်သက်ရာ ဆုတစ်ခုစီတောင်းရန် ပြောဆိုလေသည်။
အဘွားအိုက စတင်ပြောသည်။
"ခင်ပွန်းဖြစ်သူနဲ့အတူ ကမ္ဘာတစ်ပတ် ခရီးထွက်ချင်ပါတယ်"
ချက်ချင်းဆိုသလိုပင် အဘွားအို၏ လက်အတွင်းသို့ ပင်လယ်ကမ်းခြေခရီးစဉ် လေယာဉ်လက်မှတ်များ ရောက်ရှိလာသည်။
အဘိုးအို၏ အလှည့်ဖြစ်သည်။
"ကျွန်တော့်ထက် အသက်(၃၀)လောက်ငယ်တဲ့ အမျိုးသမီးအဖော်တစ်ဦးကို လိုချင်ပါတယ်" ဟု ဆုတောင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် အဘိုးအိုသည် အသက်(၉၀)အရွယ် ဖြစ်သွားလေသည်။
   
                  ၆ ။ စာတိုက်တောင် မသိဘဲနဲ့

ကလေးငယ်တစ်ဦးသည် စတိုးဆိုင်ထဲမှထွက်လာမည့် မိခင်ဖြစ်သူကို လမ်းပေါ်၌ စောင့်ဆိုင်းနေလေသည်။
ထိုအချိန်တွင် လူတစ်ဦးရောက်လာပြီး ကလေးငယ်အား မေးမြန်းသည်။
"ဖိုးသားရေ၊ စာတိုက်ကို ဘယ်လိုသွားရမလဲဆိုတာ ဦးကိုပြောပြနိုင်မလားကွ"
"ဟုတ်ကဲ့၊ ဒီကနေ တည့်တည့်သွားပြီး လေးလမ်းကျော်ရောက်ရင် ညာဘက်ကို ချိုးလိုက်ပါ၊
စာတိုက်ကို ရောက်ပါလိမ့်မယ်" ဟု ကလေးငယ်က ပြန်ဖြေလေသည်။
မေးသည့်လူသည် အရမ်းကျေးဇူးတင်သွားပြီး ကလေးငယ်အား
 "ဦးက ဒီမြို့ကိုပြောင်းလာတဲ့ သင်းအုပ်ဆရာအသစ်ပါ။
ဒီအပတ် တနင်္ဂနွေနေ့ကျရင် ဦးရဲ့ဘုရားရှိခိုးကျောင်းကို လာခဲ့လေ။
ကောင်းကင်ဘုံကို ရောက်နိုင်တဲ့လမ်းကို ဦးက သားကို ပြောပြမယ်"
ကလေးငယ်သည် အံ့သြတကြီးဖြင့် ပြန်ကြည့်လျက် ထိုသူအား ပြန်မေးလေသည်။
"သေချာရဲ့လားဗျ၊ ဦးလေးက ဒီမြို့မှာရှိတဲ့ စာတိုက်ကိုတောင် ဘယ်လိုသွားရမှန်း မသိတဲ့ဟာပဲ"

               ၇ ။ ရှက်စရာကြီး

စိတ်ရောဂါအထူးကုဆေးခန်းတွင် ဖြစ်သည်။
"ဒေါက်တာ၊ ကျွန်တော်လေ မနေ့က ခြေထောက်မှာ ၀တ်ထားတဲ့ ခြေအိတ်ကလွဲလို့
ကိုယ်ပေါ်မှာ အ၀တ်အစား ဘာမှမပါဘဲ ကိုယ်တုံးလုံး လမ်းပေါ်လျှောက်ပြေးမိတယ်။ ရှက်လိုက်တာ ဆရာရယ်"

"အရင်တုန်းက ဒီလိုပဲ ပြေးဖူးသလား"

"မကြာခဏပါပဲ"

"အဲဒီတုန်းကကော အခုလိုပဲ ရှက်စိတ်ဝင်မိသလား"

"ဟင့်အင်း။ အခုတစ်ခါပဲ"

"အဲဒါဆို ဘာဖြစ်လို့ အခုမှ ရှက်စိတ်ဝင်ရတာလဲ"

"ကျွန်တော့်ခြေအိတ်တစ်ဖက် အပေါက်နဲ့ဖြစ်နေလို့"

                    ၈ ။  "  မမြှောက်ပါနဲ့ဗျာ "

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊
တီဗွီရယ် ၊ အောက်စက်ရယ် ၊ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊
 အိမ်သားတွေတစ်ယောက်မှမနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
 " ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ "

----------------------------------------------------------------------------------
---------------------------------------------------------------------------------------

                   ၉ ။ " အထင်နဲ့အမြင် "

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
 " ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊
ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "

----------------------------------------------------------------------------------
---------------------------------------------------------------------------------------

             ၁၀ ။  " ထင်တာကတခြား "

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး
လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင် "
  ၁၁ ။  " ယောက်ျားဆိုတာ "

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ၊
 အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "
     ၁၂ ။  " သူ့လဲမေးပဲနဲ့ "

ကိုတောသား အိမ်သာတက်နေသည်။ ထိုအချိန်တွင်တစ်ဖက်အခန်းမှအသံထွက်လာသည်။
"ဟေ့လူနေကောင်းလားဗျ"
ကိုတောသား "ကောင်းပါတယ်ဗျ"
တစ်ဖက်မှလူ "ခင်ဗျားဘာတွေလုပ်နေလဲ'"
ကိုတောသား "အိမ်သာထဲရောက်မှတော့အိမ်သာတက်နေတာပေါ"့
တစ်ဖက်မှလူ "အလုပ်တွေရှုပ်နေလား"
ကိုတောသား "ဟေ့လူအိမ်သာတက်နေပါတယ်ဆိုဘာတွေလာမေးနေတာလဲ"
တစ်ဖက်မှလူ "ကျွန်တော်လာခဲ့ရမလား"
ကိုတောသား "ဟာဟေ့လူမလာနဲ့လေ မလာနဲ့မလာနဲ့"
ထိုစဉ်တစ်ဖက်အခန်းမှလူကတံခါးဝုန်းဆိုပိတ်ခါ
"ဟေ့သူငယ်ချင်း ငါနောက်မှဖုန်းပြန်ဆက်လိုက်မယ်။
ဒီမှာ တစ်ဖက်အခန်းက အူကြောင်ကြောင်ကောင်က ငါ မင်းကို မေးသမျှကို လိုက်ဖြေနေလို့။"
     ၁၃ ။  " လူမှားလို့ "
အလွန်အေးတဲ့ ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ
ထုံစံအတိုင်း နှင်းလျှောစီးဘို့   မိန်းမကိုနှုတ်ဆက်ပြီးထွက်ခဲ့တယ်။
 လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့ လှည့်ပြန်လာပြီး၊
“အား.........ဒီနေ့  ရာသီဥတုကတော်တော်ဆိုးတာပဲ ”လို့ ပြောပြီးမိန်းမဘေး ပြန်ဝင်အိပ်ချိန်မှာ
မိန်းမက လှည့်မကြည့်ပဲ ပြန်ပြောလိုက်ပုံက
“ဒါတောင်အိမ်ကကောင်ကြီးက နှင်းလျှောစီးဖို့  သွားသေးတယ်” တဲ့။

    ၁၄ ။  " နားလေးသူ "

 …လူနှစ်ယောက်သည် ရထားတစ်စင်းပေါ်တွင် မျက်နှာချင်းဆိုင်
ထိုင်ခုံတွေပေါ်မှာ ထိုင်နေကြ၏။
…တစ်ယောက်က…
“ကျုပ်နားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး အခြေအနေဆိုးလာတယ်ဗျာ။
ဒါပေမယ့် ဒီနေ့လောက် ဆိုးတဲ့နေ့ မကြုံဖူးဘူး၊ ကျုပ် ဒီလောက်အထိ
နားလေးမယ်တောင် မထင်ဘူး၊ အခုဆို ကျုပ်နားတွေ ပင်းသွားပြီတောင်
ထင်တယ်ဗျာ၊ အခုပဲ ကြည့်လေ…။ ခင်ဗျား ကျုပ်ကို စကားပြောနေတာ
နာရီဝက်လောက် ရှိနေပြီ၊ ကျုပ်နားက ဘာသံမှ မကြားရတော့ဘူး” ဟု ၀မ်းနည်းစွာ ဆို၏။
…ထိုအခါ ကျန်တစ်ယောက်က…“ကျုပ်လည်း ဘာမှ မပြောမိပါလားဗျာ၊ ပျင်းလို့ ပီကေ ၀ါးနေတာပါ” ဟု ဆို၏။
    
         ၁၅ ။  " ဆူတယ်ဆိုလို့ "
စိတ္တဇဆေးရုံတစ်ခုဟာလူနာတွေကိုလေယာဉ်နဲ့ တင်ဆောင်လာပြီးတော့
အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။ ဆရာဝန်ကတော့ လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။
အဲဒီမှာလေယာဉ်ထဲကနေ အသံတွေကို ဆူညံနေအောင်ကြားရပါတယ်။
ဆရာဝန်ကအရုးခေါင်းဆောင်ကို ဘဲလ်နှိပ်ပြီး လှမ်းခေါ်လိုက်တယ်။
“ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ”
“ဘောလုံးကန်နေကြတာပါ ဆရာ”
“ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆိုတာမသိဘူးလား..သွားစမ်း”
“ဟုတ်ကဲပါဆရာ”
အရုးခေါင်းဆောင်ထွက်သွားလေသည်။
ခဏနေတော့ ဘာသံမှမကြားရတော့။ ဆရာဝန်လည်း သဘောကျသွားသည်။
ဘဲလ် နှိပ်ပြီး အရုးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။
“မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ”
“ဆရာဘဲ လေယာဉ်ပေါ်မှာ ဘောလုံးမကန်ရဘူးဆို…..
အဲဒါကြောင့် အကုန်အောက်ဆင်းကန်ခိုင်းလိုက်တာ .... ။
            
            ၁၆ ။ " ဘယ်သူမှမပြောနဲ့နော် "

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊
ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "
    
                ၁၇ ။  "  ဆရာ့ညွှန်ကြားချက် "

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ " " ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် "
    ၁၈ ။  " အလောင်းအစား "

…ဂျော်နီ ကျောင်းအသစ်မှာ ကျောင်းတက်ရမှာမို့ သူ့ဖေဖေက ဆရာမကို လိုက်အပ်တယ်။
သားက အလောင်းအစား အလွန်ဝါသနာပါတဲ့အကြောင်းလည်း ဆရာမကို သူက သတိပေးတယ်။
 ဆရာမက ကိစ္စမရှိပါဘူး၊ ဒီထက်မကဆိုးတဲ့ ကျောင်းသားတွေကိုတောင် သူကိုင်တွယ်နိုင်ပါတယ်ဆိုပြီး စိတ်ချလက်ချ ထားခဲ့ဖို့ပြောတယ်။
…ညနေကျောင်းဆင်းချိန်ကျတော့ သူ့ဖေဖေက ဂျော်နီကို လာကြိုရင်း အခြေအနေ ဘယ်လိုရှိသလဲလို့ သူ့ဆရာမကို မေးတယ်။
“ကျွန်မ သူ့အလောင်းအစား ၀ါသနာကို ရိုက်ချိုးပစ်လိုက်ပြီ” ဆရာမက ပြောတယ်။
 “သူက ကျွန်မတင်ပါးမှာ မှဲ့ကြီးတစ်လုံးရှိတယ်လို့ ငါးဒေါ်လာကြေး အလောင်းအစား ထပ်လာတယ်။ ခုတော့ သူ ရှုံးသွားပြီလေ”
“တောက်…ဒီကောင်ကွာ” ဂျော်နီ့ဖေဖေ အတော် ဒေါကန်သွားပုံရတယ်။
“ဘာဖြစ်လို့လဲရှင့်” ဆရာမ မျက်စိလည်သွားတယ်။
“မနက်က ဒီကောင် ကျုပ်နဲ့  ဒေါ်လာတစ်ရာကြေး အလောင်းအစား လုပ်သွားတယ်လေ။
ဒီနေ့ ဆရာမ တင်ပါးကို သူရအောင် ကြည့်ခဲ့မယ်တဲ့”
   
          ၁၉ ။  " ဒုက္ခပေးတဲ့အကောင်  "

ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။
အိမ်သာသန့်ရှင်းရေးလုပ်သားနေရာသာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။
လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင်
ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။
လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။
ဝန်ကြီးရုံးသို့ ၀န်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ
လူငယ်က ၀န်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့
ဝန်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။
 မြန်မာပြည်သိန်းတန်၏ “ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။
မကြာမီ အိမ်သာခန်းထဲမှ စောစောက ၀န်ကြီးထွက်လာသည်။
“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပြီလား´´
“ဒီနေ့ ပထမနေ့ပါခင်ဗျ´´
“အေး မင်းကိုရာထူးတိုးပေးရမယ်´´
မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ်
တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ သီချင်းကိုဖွင့်ပေးလိုက်သည်။
ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင် ထောက်ခံပေးမည်ဟု လူငယ်ကို
ကတိပြုသွားသည်။
နောက်တစ်ခါ ရောက်လာသူကား မြန်မာပြည်၏
ယခုလက်ရှိခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။
“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´
လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊ ထို့နောက်
“နိုင်ငံတော်သီချင်း´´(ကမ္ဘာမကြေ)
သီချင်းကိုဖွင့်ပေးလိုက်သည်။
အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။
“မင်းဒီမှာ လုပ်နေတာကြာပြီလား´´
“ပထမနေ့ပါခင်ဗျာ´´
“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´
“ဘာဖြစ်လို့လဲခင်ဗျာ၊ ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´
“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´

   ၂၀ ။  " သူ့အကြံ…"

…ဟောလိဝုဒ် ဇာတ်ရံနှစ်ယောက်သည် ဘားဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး
အရက်သောက်နေရာ….
တစ်ယောက်က
“ငါပြန်မှ ဖြစ်မယ်ကွာ၊ ငါ့သွားတွေ အရမ်းကိုက်နေတယ်၊ သွား ဆရာဝန်ဆီသွားပြီး…
ဆေးထည့်ခိုင်းမယ်၊ နုတ်သင့်လည်း နုတ်ခိုင်းရတော့မှာပဲ”
…ကျန်တစ်ယောက်က…
“အဓိပ္ပါယ်မရှိတာကွာ၊ မနေ့ကဆို…ငါလည်း သွားကိုက်တာပဲ၊ ဒါနဲ့
ငါအိမ်ပြန်ပြေးပြီး ငါ့မိန်းမကို မွှေးမွှေးပေးပစ်လိုက်တာ… တစ်ခါထဲ
သွားကိုက်တာပါ ပျောက်သွားရော၊ မင်းလည်း ငါ့လို လုပ်ကြည့်ပေါ့”
“မင်းအကြံ ကောင်းတယ်ကွာ၊  မင်းမိန်းမဆီ ဖုန်းဆက်ထားပေးကွာ…
ငါ အခုချက်ချင်း လာခဲ့မယ်လို့ ပြောလိုက်”.
              
                    ၂၁ ။  " ဗိုက်ထဲမှာ "

…ဥယျာဉ်ထဲမှာ တစ်ခုခုကို မြေဖို့နေတဲ့ မေရီကို ဂျော်နီ မြင်သွားတယ်၊
 မျက်လုံးတွေမို့ပြီး ငိုထားတဲ့ပုံပေါက်နေတဲ့ မေရီကို စူးစမ်းချင်စိတ်နဲ့ သူမေးကြည့်တယ်။
“ဘာလုပ်နေတာလဲ မေရီ”
“ငါ့ရွှေငါးလေး သေသွားလို့ သူ့ကို မြေမြုပ်နေတာ” မေရီက မော့မကြည့်ဘဲနဲ့ ပြောတယ်။
“အို ဟုတ်လား၊ ရွှေငါးလေးကို မြေမြုပ်တာ ကျင်းက အကြီးကြီးပါလား”
ဂျော်နီ့အသံက ကရုဏာသံနဲ့ အံ့သြဟန် ရောစွက်နေတယ်။
“ဟုတ်တယ်၊ ငါ့ရွှေငါးက နင်ကြောင်ရဲ့ ဗိုက်ထဲမှာလေ”
  
            ၂၂ ။   " တရားခံတွေ့ပြီ "

ရန်ကုန်မြို့ ၊ မြို့နယ်တစ်ခု၏ ရဲစခန်းတစ်ခုတွင် ဖြစ်သည်။
စခန်းထဲသို့ ဒုရဲအုပ်ဝင်လာသည်။
လူတစ်ယောက်ကို ရဲသားများရိုက်စစ်နေသည်ကို တွေ့သည်နှင့်မေးသည်။
“ဟေ့ ဒီလူ့ကို ဘာဖြစ်လို့ရိုက်နေရတာလဲကွ´´
“သူဘယ်မှာနေသလဲဆိုတာကို ကျွန်တော်တို့မေးတယ်၊ သူကဖြေတယ်၊
သူပြောတဲ့လိပ်စာအတိုင်း ကျွန်တော်တို့ သွားကြည့်တယ်၊ ရောက်တော့ သူဒီမှာ
မနေပါဘူးလို့ ဘေးအခန်းက လူကပြောတယ်၊ နောက်မလိမ်ရဲအောင် ဆုံးမတာပါ´´
“အေး အေး၊ ဒီလိုဆိုရင် ဆက်ပြီး ဆုံးမလိုက်ကြ´´
ထိုသို့ပြောပြီး ဒုရဲအုပ်ထွက်သွားသည်။
မကြာမီစခန်းသို့ ရဲအုပ်တစ်ယောက်ရောက်လာသည်။ စောစောက ဒုရဲအုပ်ကဲ့သို့ပင် မေးသည်။
ရဲသားများကလည်း စောစောကအတိုင်း ဖြေသည်။
“အေး အေး၊ ဒီလိုဆိုရင် ဆက်ဆုံးမလိုက်ကြ´´ ဟု ပြောပြီး ပြန်ထွက်သွားသည်။
မကြာမီ ရဲမှူးကြီးရောက်လာသည်။ ယခင်ကအတိုင်းမေးရာ ရဲသားများက
ယခင်ကအတိုင်းဖြေသည်။
“ဒီလောက်ဆို တော်လောက်ပါပြီ၊ သူ့ကိုပြန်လွှတ်လိုက်၊ တော်တော်ကြာ အသက်ပါ
ထွက်သွားနေဦးမယ်´´
အရိုက်ခံယောက်ျားသည် ဒဏ်ရာဒဏ်ချက်များဖြင့် အိမ်သို့ပြန်လာသည်၊ မိမိ၏အခန်းကို
သော့ဖွင့်အ၀င်တွင် ဘေးခန်းမှ လူထွက်လာပြီး လှမ်းပြောသည်။
“ဟေ့လူ၊ ခင်ဗျား ကျုပ်ကို အရက်တိုက်ရမယ်ဗျ´´
“ဘာဖြစ်လို့တိုက်ရမှာလဲ´´
“ရဲသားတွေလာပြီးမေးတယ်၊ ခင်ဗျားဒီမှာ နေသလားတဲ့၊ အဲ့ဒါမနေဘူးလို့
ကျုပ်ကဖြေလိုက်တယ်။´´

     
                          ၂၃ ။   ' ကုန်ပြီ "
“ဒီမိုကရေစီရရင် ခိုးတာဝှက်တာ ရှိဦးမလား´´
“ဟင့်အင်း၊ အဲဒီမတိုင်ခင် အဆင့်ထဲက ခိုးလို့ကုန်ပြီ´
           ၂၄ ။ " ကျွန်တော့်အဖေပါ "

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-
‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
‘‘ ကျွန်...ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’

                ၂၅ ။   " မှန်တော့မှန်ပါရဲ့ "

‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ...နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’