sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Thursday, June 25, 2015

" ဝေါဟာရ မှော်ရုံတောမှာ In the Wiles of Words "

 
အင်္ဂလိပ်စာ ပညာသင်ကြားပေးခဲ့သော ဆရာကြီး ဦးအေးချစ် ၏ ဆောင်းပါးလေးကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ် ...
ဗဟုသုတ တိုးတက်ဖွံ့ဖြိုးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆရာကြီး ဦးအေးချစ် အား ဦးညွှတ်ရင်း ...

အရိုးဆုံး ပြောမယ် - ချစ်တယ်(Love)
“ချစ်ခြင်းအစ မျက်စိက”တဲ့။ Love at first sight ပေါ့။
ဒီနေရာမှာ အချစ်ကို သရုပ်ခွဲ ကြည့်မယ် ဆိုရင်
မောင်နှမအချစ် (Brotherly/Sisterly Love),
မိဘ မောင်ဖားချစ် (Parental Love),
အဖေချစ် (Paternal Love),
အမေချစ်(Maternal) တွေက “၅၂၈ မေတ္တာ”(Platonic Love) ပေါ့။
ကာမပိုင် ဘ၀ လင်မယားချစ်၊ တဏှာချစ် ကတော့ Romantic Love ပါ။ “၁၅၀၀ အချစ်”ပေါ့။
ချစ်ကြိုက်နေတာ၊ မေတ္တာရှိတာ၊ သဘောတွေ့ မနောခွေ့တာကို
be/ fall in love with, be infatuated with, give your heart to, lose your heart to, fall head over head in love စသဖြင့် သုံးကြပါတယ်။
အဖွဲ့ အချင်းချင်း၊ နိုင်ငံ အချင်းချင်း ဆက်ဆံရေး ခင်မင်တာ ကိုတော့ “ချစ်ကြည်ရေး” (goodwill) လို့ ခေါ်တယ်နော်။
လူကြီးသူမ ဆရာသမားတွေကို ချစ်ကြောက်ရိုသေ ရတယ်ဆိုရင်တော့ be/ stand in awe of လို့ သုံးရပါတယ်။
ချစ်မွေးပါ တယ်ဆိုရင် have a lovely sunny nature, winsame, irresistibly charming လို့ခေါ်တယ်။
ချစ်သူရည်းစား အမည်သညာ သတ်မှတ်ပုံတွေက အမျိုးမျိုး။ Lover, Sweetheart, Boyfriend, Girlfriend, Sweetie, Steady လို့ခေါ်ကြတယ်။
ချစ်စခင်စ ကြင်နာစ ဆိုရင် Be in the first flush of romance ပါ။ ငယ်ကျွမ်းဆွေကိုတော့ Old flame ခေါ်ပါတယ်။
ချစ်တင်းနှောတယ် ဆိုတာကတော့ exchange/ whisper sweet nothings, bill and coo, a slap and tickle တွေပေါ့။
ကိုယ်လက်နှီးနှော၊ သံဝါသပြုတာကိုတော့ make love to somebody လို့ ခေါ်တယ်။ Have intercourse with/ have sex with လို့လည်း သုံးပါတယ်။
ဒါနဲ့ ကြုံတုန်း ပြောရရင် ချစ်ဒုက္ခ ရောက်နေတာကို Lovelorn,
အချစ် နာကျနေတာကို Lovesick, အသည်းကွဲတာ၊
ရင်ကွဲနာ ကျတာကို Heartbroken လို့ခေါ်တယ်။ မြန်မာက အသည်း၊ အင်္ဂလိပ်က နှလုံးပေါ့လေ။
မေတ္တာ ခေါင်းပါးတာ ကို Loveless လို့ သုံးနိုင်တယ်။
မချစ်လို့ မုန်းပြီ ဆိုရင်တော့ hate, loathe, despise, detest, hate somebody’s guts တွေဖြစ်သွားပြီပေါ့။
စိတ်ကုန်ခန်း သွားတယ် ဆိုရင် be tired with, be fed up with လို့ သုံးကြတယ်။
မေတ္တာ ပျက်သွားတာကို lose appeal, quit loving somebody လို့ သုံးရ တယ်။
“မေတ္တာတုံးကြီး” လို့ ပြောချင်ရင် the person you hate most လို့ပဲ ရိုးရိုး ဖော်ပြကြပါ တယ်။
မဆုံးနိုင်တဲ့ အချစ်ဋီကာမှာ ချစ်တုံ့ပြန်တာကို requite love, return love လို့ သုံးကြတယ်။
တစ်ဖက်သတ် အချစ်ကတော့ unrequited love ကဖျက်ယဖျက် လုပ်လို့ မအောင်မြင်တဲ့ အချစ်ကို thwarted/hopeless လို့ ခေါ်တယ်။
အတွဲညီတဲ့ အချစ်၊ မေတ္တာစစ်နဲ့ လက်ထပ်တာကို Love match လို့ သုံးနှုန်းတယ်။
မနှစ်သက်ဘဲ အတင်းအဓမ္မ ပေးစားတာကိုတော့ Shotgun wedding လို့ သုံးပါတယ်။
တရားဝင် လက်မထပ်ဘဲ ကြည်ဖြူလို့ အတူနေတာကို Living together တစ်နည်းအားဖြင့် Free love လို့ သမုတ်ကြပါတယ်။
ဒါမျိုးကိုတော့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ သင့်၊ မသင့် ချိန်ဆ သင့်ပါတယ်။
နောက်ပြီး မေတ္တာစာ၊ ရည်းစားစာကို Love letter ဒါမှမဟုတ် homily လို့ ခေါ်တယ်။
ဖူးစာရှင် နတ်သားလေး မြားနတ်မောင်ကို Cupid, Eros,
အချစ် နတ်သမီးက Venus,
ရောမ အချစ်ပွဲတော်က Lupercalia,
ချစ်သူများ နေ့က Lover’s Day/Valentine Day ပေါ့။
မေတ္တာနဲ့ ကူညီသူ စေတနာရှင်ကို တော့ Good Samaritan လို့ ခေါ်ပါတယ်။
စေတနာ့ ၀န်ထမ်းသက်သက် မေတ္တာဖြင့် ဆိုရင် just for love/ for the love of something ပေါ့။
နာမည် အခေါ်လေးကတော့ လှပါရဲ့။
ဒါပေမဲ့ ဘ၀ ဆိုးလှတာ Love child လေ။ 
တိတ်တိတ်ပုန်း ချစ်ကြိုက်ငြိစွန်း နေတာမျိုးကို Have a love affair လို့ ခေါ်တယ်။ Adultery လိင်ဖောက်ပြန်မှု တစ်မျိုးပဲပေါ့။

မြန်မာ စကားပုံ ဆိုးရိုးစကားတွေ များစွာထဲက အချစ် ဆိုင်ရာလေးတွေကို ထုတ်နုတ်ကြည့်မယ်ဆိုရင်
“မချစ်မလှ ချစ်လျှင်လှ၊ အချစ်ကြီးတော့ အမျက်ကြီး၊ ကြားကလေသွေး ဝေးတယ်ထင်၊
ချစ်လုံးလုံး မုန်းလျားလျား၊ ချစ်သော်သကာ မုန်းသော်တမာ၊ ချစ်တိုင်းမညား ညားတိုင်းမချစ်၊
ရည်းစား တစ်ထောင် လင်ကောင်တစ်ယောက်၊ တစ်ချုံကွယ် တစ်မယ်မေ့၊ နဖူးစာ ရွာလည်၊
စလယ်ဝင် ဖင်မမည်းခင်ကကွဲ၊ ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား” စသဖြင့် စသဖြင့် တစ်ပုံတစ်ပင်ကြီးပါပဲ။

အင်္ဂလိပ် ဘာသာစကား မှာလည်း ဒါမျိုးတွေက ဒုနဲ့ဒေး။ ဘာတဲ့။
Love is blind. Love has no law.
Love conquers all. Love begins at home.
Love sees no faults. Love abounds in honey and poison.
All are fools and lovers first or last.
Love and cough cannot be hid. Old lover, young fool.
Old have does not rust. All fair in love and war. အစရှိတာတွေ။
ဒါ တွေက အချစ်ဒဿနရေခဲတောင် (Love iceberg) ရဲ့ ထိပ်ပိုင်း ကွက်ကွက် လေးမျှသာပါ။
နောက်ဆုံးအနေနဲ့ အလိမ္မာ ဖူးငုံ ဆယ်ကျော်သက်တွေ အတွက်
“မေတ္တာ စစ်တို့ မည်သည် ဖြောင့်ဖြူးရာလည်း မရှိစမြဲမို့ ကိုယ်တို့ အချစ်များရယ်”
ဆိုတဲ့ သီချင်း စာသားလေးနဲ့ လိုက်ဖက်တဲ့ အင်္ဂလိပ် စကားပုံလေးနဲ့ နိဂုံးချုပ် ပါ့မယ်။
“The course of true love never did run smooth.” ပါတဲ့ဗျာ။
                   

                         Written by ဦးအေးချစ်(EEAC)