sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Sunday, February 1, 2015

Richard St. John ပြောတဲ့ “ 8 to be Great”


၁။ Passion (ကိုယ်စိတ်ဝင်စားတာ၊ကိုယ်ဝါသနာပါတာ လုပ်ပါ)
 ပထမဆုံး အချက်ကတော့ ဝါသနာပဲ။
Freeman Thomas ကပြောတယ်.."ကျွန်တော်ကို ကျနော့် ဝါသနာကပဲ တွန်းအားပေး မောင်းနှင်ပါတယ်.. တဲ့။


" အလုပ်ကို ၀ါသနာပါလို့  လုပ်ပါ။ ငွေကြောင့်တော့ မလုပ်ပါနဲ့ တဲ့ ။
 Carol Coletta ကလဲ ပြောတယ်” စိတ်ဝင်စားစရာ ကောင်းတာကတော့ ဝါသနာပါလို့ တစ်ခုခုကို အမြတ်တနိုး လုပ်ပေးရင် ပိုက်ဆံရမှာပဲ။
 ကြိုးစားလုပ်ပါ.တဲ့။

၂။ Work (ကြိုးကြိုးစားစား လုပ်ပါ)
 Rupert Murdoch က ကျွန်တော့်ကို ပြောဖူးတယ် "အလုပ်ဆိုတာကတော့ ပင်ပန်းတာပေါ့ ဗျာ။
 လွယ်လွယ်ရတာ ဘာမှမရှိနိုင်ပါဘူး မဟုတ်လား။ ဒါပေမဲ့ အရမ်းပျော်စရာ ကောင်းပါတယ်.. တဲ့။

၃။ Good/Improve (ကောင်းသထက် ကောင်းအောင် လုပ်ပါ)
 Alex Garden က ပြောပါတယ် "အောင်မြင်ချင်ရင် တစ်ခုခုကို စူးစူးစိုက်စိုက်လေ့လာပါ၊
 ပြီးတော့ အဲဒါကို အရမ်းကောင်းအောင် လုပ်ပြပါ။
 ဥုံဖွဆိုပြီး ဆိုရုံနဲ့ ရတာမရှိပါဘူး၊ လေ့ကျင့်၊ လေ့ကျင့်၊ လေ့ကျင့်ပါ.. တဲ့။

၎။ Focus (အာရုံစူးစိုက်ပါ)
 Norman Jewison က ကျွန်တော့်ကို ပြောဖူးတယ်၊
 "ကျွန်တော်ကတော့ အလုပ်တစ်ခုမှာ အာရုံစိုက်လုပ်ဖို့ အရေးအကြီးဆုံး လို့ထင်ပါတယ်.. တဲ့။ တကယ် အရေးကြီးပါတယ်ဗျာ။
၅။ Push (တွန်းပေးပါ)။
 David Gallo ပြောတာကတော့ "ကိုယ့်ကိုယ်ကို တွန်းပေးပါ။
ကိုယ်ရောစိတ်ပါ တချိန်လုံး တွန်းပေးဖို့လိုတယ်ဗျ။
 ရှက်ကြောက်စိတ် နှင့် ကိုယ့်ကိုယ်ကို မယုံကြည်မှုတို့ကို လုံးဝဖယ်ရှားရမယ်..တဲ့ ။
 တကယ်တော့ ကိုယ့်ကိုယ်ကို တချိန်လုံး တွန်းပေးရေးဟာ သိပ်တော့  လွယ်လှတာ မဟုတ်ဘူးမလား။
 အဲဒါကြောင့် မိခင်တွေကို တီထွင်ပေးခဲ့တယ် ထင်ပါရဲ့ ။
Frank Gehry ကျွန်တော့်ကို ပြောဖူးတာကတော့ "ကျွန်တော့်အမေက ကျွန်တော့်ကို အမြဲ တွန်းခဲ့တာပေါ့ ".. တဲ့။

၆။ Serve (အကျိုးဆောင်ရမယ်)
တခါတုန်းက ကျနော်ကို ကလေးတွေက သူတို့  သန်းကြွယ်သူဌေး ဖြစ်ချင်တယ်လို့ ပြောတယ်။
 ကျွန်တော်က သူတို့ကို "ကောင်းပြီ၊
အခုတော့ မင်းတို့ ကိုယ့်အကျိုးကိုတောင် မဆောင်နိုင်ကြသေးပေမယ့် နောက်မှာ သူများအတွက် တန်ဖိုးရှိတာ တစ်ခုခု အကျိုးဆောင်ပေးရမယ်။
 လူတွေ ချမ်းသာလာကြတာ အဲဒီလိုနည်းနဲ့မို့လို့ ဖြစ်ပါတယ်.. လို့ ။

၇။ Idea (စိတ်ကူးအကြံများ ထုတ်ပါ)
 Bill Gates ကပြောတယ်.. "ကျွန်တော် အကြံတစ်ခု ရှိခဲ့ပါတယ်။
အဲဒါက..ပထမဦးဆုံး micro-computer software ကုမ္ပဏီကို တည်ထောင်ဖို့ပါ။
" အတော့်ကိုကောင်းတဲ့ စိတ်ကူး ပါ။
တကယ်တော့ တီတီထွင်ထွင် လုပ် နိုင်ဖို့ အကြံဥာဏ်ကောင်း ရှာကြံတယ် ဆိုတာ သိပ်မှော်ဆန်တဲ့  အရာတော့  မဟုတ်ဘူးလေ။

၈။ Persist (ဇွဲ ရှိရမယ်)
Joe Kraus ပြောတာကတော့ "မရမနေ ဇွဲနဲ့ လုပ်ကိုင်ခြင်းဟာ ကျွန်တော်တို့ အောင်မြင်မှုတွေရဲ့ အဓိက အချက်တစ်ခုပါ.. တဲ့ ။
 မအောင်မြင်မှုတွေ အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်။ စိတ်ညစ်စရာတွေကို အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်။
 စိတ်ညစ်စရာတွေကတော့ ရှုံ့ချမှုတွေ၊ ပယ်ချခံရမှုတွေ၊ စိတ်အနှောင့်အယှက် ပေးတဲ့လူတွေ နဲ့ စိတ်ဖိစီးမှုတွေပေါ့ ။