sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Wednesday, February 18, 2015

Anyway { Mother Teresa } မည်သို့ပင်ဖြစ်စေ { ဆရာဖေမြင့် )

  ခါးသီးနာကျည်းဖွယ်ရာ အတွေ့အကြုံတွေ ...
ကိုယ်ချင်းစာစိတ် ပျက်ရှကင်းမဲ့တာတွေ ...
နားလည်ခွင့်လွှတ်မှု ဆိတ်သုဉ်းပျောက်ကွယ်တာတွေ ...
ကူညီဖေးမမှု ဂရုမပြုခံရတာတွေ ...
မျှဝေခံစားမှု လျစ်လျူရှုခြင်းခံရတာတွေ ...
 ထင်ဟပ်ထိခိုက်လာတိုင်း...
မွန်းကျပ်ပိတ်ဆို့မှုတွေနဲ့အတူ ဖိစီးနှိပ်စက်ခံနေရတဲ့အခါ
စိတ်စွမ်းအင်တွေ တုန်ငင်ချို့တဲ့စွာနဲ့
ရင်ထဲမှာ နာကျင်ဆို့နင့်နေတတ်ပါတယ် ။
အဲ့ဒီအခါ ...
နှလုံးသားအတွက်
ဖေးမဖြေသိပ်စရာ..
ဖြည့်ဆည်းထောက်ပံ့ရာ
အဟာရဓာတ်တွေ
မရှိမဖြစ်လိုအပ်လာပြီလို့...
ကိုယ့်စိတ်ကို ပြန်စိစစ်မိရင်...
မာသာထရီဇာ ရဲ့ စကားဟာ
အားလုံးကို လူသားပီသစေမှာပါ ...

( သက္ကရ )


People are unreasonable, illogical and self-centered.
Love them anyway.
လူတွေသည် အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်း များလှ၏။
မည်သို့ပင်ဖြစ်စေ မေတ္တာထားလိုက်ပါ။

If you do good, people will accuse you of selfish ulterior motives,
Do good anyway.
လူတွေသည် ကောင်းသောအမှု သင်မည်မျှ ပြုသော်လည်း မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။
မည်သို့ပင်ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။

If you are successful, you will win false friends and true enemies.
Succeed anyway.
သင်အောင်မြင်ပြီဆိုလျှင်၊ သင့်၌ မိတ်ဆွေအတုအယောင်များ၊ ရန်သူစစ်စစ်များပါ ရရှိလာပါလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ။

Honesty and frankness make you vulnerable.
Be honest and frank anyway.
ရိုးဖြောင့်ခြင်း၊ ပွင့်လင်းခြင်းကင်းစွာ စကားဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ ရိုးသားပွင့်လင်းစွာသာ ပြောဆို ဆက်ဆံပါ။

The good you do today will be forgotten tomorrow.
Do good anyway.
သင် ယနေ့ပြု ကောင်းသောအမှုကို မနက်ဖြန် သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ ကောင်းသော အမှုကို ပြုမြဲပြုပါ။

The biggest people with the biggest ideas can be shot down by the people with the smallest minds.
Think big anyway.
အကြီးကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံး ပုဂ္ဂိုလ်သည်လည်း အနုံချာဆုံး စိတ်ထားရှိသည့် အသေးမွှားဆုံး ပုဂ္ဂိုလ်၏ ဝေဖန်ကဲ့ရဲ့အပုပ်ချခြင်း ခံချင်ခံရနိုင်သည်။
မည်သို့ပင်ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမား စဉ်းစားကြံစည်ပါ။

People favor underdogs but follow only top dogs.
Fight for some underdogs anyway.
လူတွေသည် နိမ့်ပါးသူ အောက်လူများကို စေတနာပိုတတ်သည် ဆိုသော်လည်း (လက်တွေ့၌) အပေါ်စီးရသူ ထိပ်ဆုံးလူများ နောက်သို့သာ လိုက်ပါတတ်ကြသည်။
မည်သို့ပင်ဖြစ်စေ၊ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေး တိုက်ပွဲဝင်ပေးပါ။

What you spend years building may be destroyed overnight.
Build anyway.
နှစ်ပေါင်းများစွာ သင်ဆောက်တည်ခဲ့သောအရာသည် နေ့ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ တည်ဆောက်စရာရှိတာကို ဆက်၍သာ တည်ဆောက်ပါ။

Give the world the best you have and you'll get kicked in the teeth.
Give the world best you've got anyway.
ကမ္ဘာလောကအတွက် ကောင်းဆုံးကို သင် ပေးသော်လည်း၊ သင့်အား ခါးသည်းနာကျည်းဖွယ်တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲပေးပါ။

People really need help but may attack you if you do help them.
Help people anyway.
သင် တကယ်အကူလိုသော သူများကို ကူညီလျှင် တစ်ချို့လူတွေက သင့်ကို မနာလို တိုက်ခိုက်ကြလိမ့်မည်။
သို့သော် ကူညီမြဲ ကူညီပေးပါ။