sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, February 28, 2015

ဆိုရိုးများနှင့် စကားပုံများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း (အပိုင်း ၂)

1. Actions speak louder than words.
ကိုယ့်အမူအရာဖြင့် ဖော်ကျူးခြင်းသည် နှုတ်ဖြင့် ပြောဆိုသော စကားထက် ပိုမိုတွင်ကျယ်အရာရောက်ကြောင်းကို ဆိုလိုပါသည်။
 နှုတ်ဖြင့် ပြောဆိုရာတွင်လည်း ချိုသာယဉ်ကျေးစွာ ပြောဆိုခြင်း၏ အရေးကြီးပုံကို "နှုတ်ချိုသျှိုတပါး" ဟု မြန်မာတို့က ဆိုကြပါသည်။
 ဤစကားပုံများသည် ကိုယ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ၊ နှုတ်ဖြင့် ပြုလုပ်သော အမှုကို ဖြစ်စေ ပြုလုပ်ဆောင်ရွက်ရာတွင် သတိစွဲမိစေရန် သတိပေးထားသော စကားပုံများဖြစ်ပါသည်။



2. After a storm, comes a calm.
မုန်တိုင်းထန်ပြီးနောက် ငြိမ်ကျသွားတတ်ခြင်းကို မြန်မာတို့က "မုန်တိုင်းစဲမူ၊ နေခြည်ရွှင်မြူး၊ လေပြေဖြူး" ဟု
 လောကတွင် ဆိုးချည်တစ်ခါ၊ ကောင်းချည်တစ်လှည့် ဖြစ်တတ်ပုံကို ဆိုပါသည်။

3. All good things must come to an end.
ဘယ်ဟာ မတည်မြဲ၊ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်ပုံကို
"အနိစ္စ - အမြဲမရှိ" မမြဲခြင်း သင်္ခါရတရား သဘောကို ဖွင့်ဆိုပြသခြင်းဖြစ်ပါသည်။


4. He travels fastest who travels alone.
"တစ်ယောက်ထဲနေ တစ်စိတ်ထဲထား" ဆိုသကဲ့သို့ အဓိပ္ပါယ်ရပါသည်။
"လူများပြီး ပွဲမစည်" ဆိုသကဲ့သို့၎င်း၊
 "Too many cooks spoil the broth" ကဲ့သို့ လူအများစုနှင့် ဆောင်ရွက်ရာ မအောင်မြင်မှုများကို ဆန့်ကျင်၍
 တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ပါက လုပ်ငန်းတွင်ကျယ် မြန်ဆန်ပုံကို ဆိုလိုပါသည်။

5. Appearances are deceptive. / You cannot tell a book by its cover.
ဤစကားပုံသည် အသွင်အပြင်ကြည့်ရုံဖြင့် အကဲခတ် မဆုံးဖြတ်သင့်ကြောင်း မြန်မာ့ဆိုရိုးတွင် ကျီးအာသီး ကဲ့သို့
အပြင်ပန်းသာလှပြီး "အဆင်းသာရှိ၍ အချင်းမရှိ" တတ်ပုံမျိုးကို ဆိုပါသည်။

6. Bad money drives out good.
ကောင်းမွန်မှန်ကန်သော နည်းလမ်းဖြင့် ရရှိလာသော ငွေမဟုတ်ပါက၊
 မမြဲသည်သာမက စီးပွါးပင် ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ဆိုလိုပါသည်။

7. Misfortunes never come singly. / Bad things come in threes.
"အကုသိုလ် ဂြိုဟ်ဆိုးဝင်သည်" ဟု မကောင်းမှုများ ဆက်တိုက်ဆင့်ခါဖြစ်တတ်ပုံမျိုးကို ဆိုပါသည်။

8. A barking dog never bites.
မြန်မာလူမျိုးတို့က "သင်္ကြန်အမြောက်" ဟု အသံသာမြည်၍ အမှန်တကယ် အန္တရာယ်မပြုမူပုံမျိုးကို ဆိုလိုပါသည်။

9. Beauty is in the eye of the beholder.
 "မချစ်မလှ၊ ချစ်မှ လှသည်" ဟူသော ဆိုရိုးစကားနှင့် တူပါသည်။

10. Where bees are, there is honey.
ပျားရှိက ပျားရည်ရရှိနိုင်သကဲ့သို့ မြန်မာ့ဆိုရိုးတွင်လည်း "အညှီရှိ၊ ယင်အုံ" ဟု အညှီအဟောက်နှင့် ယင်ကောင်များနှင့် ပျားရည် ဆက်စပ်မှု သဘောတရားများကို ဆိုလိုပါသည်။

11. Set a beggar on horseback, he'll ride to the devil.
မြင်းကို ချိုတပ် ပါက အဆိုးဘက်သို့ ဦးတည်တတ်ပုံ ဖြစ်တတ်သကဲ့သို့ ဆိုပါသည်။


12. A good beginning makes a good ending.
"အစကောင်းမှ အနှောင်းသေချာ" ဟူသည့် ဆိုရိုးနှင့် တူညီပါသည်။


13. All's for the best. / Everything happens for the best. (optimism)
အကောင်းမြင်ဝါဒ သဘောဖြင့် "ဖြစ်သမျှ အကြောင်း အကောင်းချည်း" ဟူသည့် အဓိပ္ပါယ်မျိုးဖြစ်ပါသည်။

14. The best of friends must part.
"တွေ့ကြုံဆုံကွဲ၊ ဖြစ်မြဲ ဓမ္မတာ" သဘောကို ဆောင်ပါသည်။

15. It is best to be on the safe side.
"Safety first" လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင်
ဘေးအန္တရာယ်အပေါင်းမှ လုံခြုံအောင် ရှေးဦးစွာ စီမံဆောင်ရွက်သင့်ကြောင်း နှိုးဆော်ခြင်းမျိုးဖြစ်ပါသည်။

16. It is better to give than receive.
မြန်မာတို့၏ ဆုတောင်းတစ်ခုဖြစ်သော "ပေးသော လက်ဖြစ်ရပါလို၏" ဆိုသကဲ့သို့
ရယူလိုခြင်းထက် ပေးကမ်းလိုခြင်းမျိုးဖြစ်ပါသည်။

17. A bird in the hand is worth two in the bush.
It is better to accept or to be content with one has than to try to get more and risk losing everything.
"အလိုကြီး၊ အရနည်း" ဆိုသကဲ့သို့ ဖြစ်တတ်သော သဘောရှိသောကြောင့်
ရသမျှဖြင့် တင်းတိမ်ရောင့်ရဲသင့်ကြောင်း၊ လောဘ၊ မောဟ တို့ကို သတ်သင့်ကြောင်း ဆုံးမစကားဖြစ်ပါသည်။

18. Birds of a feather flock together.
"သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့" ပုံကို ဖော်ပြပါသည်။

19. The man who has once been bitten by the snake fears every piece of rope.
 Once bitten, twice shy. 

 A burnt child dreads the fire.
"ခဲမှန်ဖူးတဲ့ စာသူငယ်" ဟူသော စကားပုံနှင့် တူပါသည်။

20. Blessed is he who expects nothing, for he shall never be disappointed.
"ရောင့်ရဲတင်းတိမ်ခြင်းသည် မင်္ဂလာတစ်ပါး" ဆိုသကဲ့သို့
"အလိုဆိုး" ကင်းပါက စိတ်ဆင်းရဲခြင်း ကင်းပုံကို ဆိုလိုပါသည်။


21. You cannot get blood from a stone.
"ကျောက်တုံးကို ဆီကြိတ်၍ မရ" ဆိုသကဲ့သို့
သဒ္ဒါတရားကင်းသောသူသည် ပေးကမ်းစွန့်ကြဲခြင်းမရှိ သည်ကို ဆိုလိုပါသည်။


22. Blood will tell. / What's breeds in the bone will come out in the flesh.
မြန်မာ့ဆိုရိုးတွင် "ဘမျိုးဘိုးတူ"၊ "ငှက်ပျောပင်စိုက်၊ မိလိုက်ဘပါ" ဆိုသော
ဆိုးရိုးများကဲ့သို့ "မျိုးလိုက်တတ်ကြောင်း" ကိုဆိုလိုပါသည်။


Credit : http://www.myanmar-network.net