sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, February 21, 2015

" May Your Dreams Be Everything You Hope For " မင်းရဲ့အိပ်မက်တွေဟာ မင်းမျှော်လင့်ထားတာတွေ ဖြစ်နေပါစေ

1 ) Go forward with your dreams;
let their power lead you on .
Grow and learn as you go,
and never stop believing .

 အိပ်မက်များနဲ့အတူ ရှေ့ဆက်လျှောက်ပါ ။
သူတို့စွမ်းအားတွေရဲ့ လမ်းပြရာကို လိုက်သွားပါ ။
ရှေ့ဆက်လျှောက်ရင်း ဖြည့်ဆည်းလေ့လာပေါ့ ၊
ယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့ ။


2 ) Move ahead with confidence ,
always reaching forward .
The opportunities awaiting you are endless ;
enjoy them as they unfold .

ယုံကြည်မှုနဲ့အတူ ရှေ့ဆက်လှမ်းပါ ။
အမြဲတမ်း ရှေ့ကို တိုးတိုးသွားပါ ။
မင်းအတွက် အဆုံးမရှိတဲ့အခွင့်အလမ်းတွေ စောင့်ကြိုနေပါတယ် ၊
ကြုံသမျှ အခွင့်အရေးကို ရယူခံစားပေါ့ ။

3 ) Find your place in the world ,
and let your own star shine bright .
Never give up ; always press on .
Each day is a  fresh place to begin .

ကမ္ဘာကြီးထဲမှာ မင်းရဲ့နေရာကို ရှာဖွေပါ ။
မင်းကိုယ်ပိုင်ကြယ် လင်းလက်တောက်ပနေပါစေ ။
ဘယ်အခါမှ အရှုံးမပေးနဲ့ ၊ ရှေ့ဆက်ချီတက်ပါ ၊
နေ့စဉ်သမျှ အသစ်စဖို့ လတ်ဆတ်ကောင်းမွန်မြဲပါ ။

4 ) Get behind what you believe ,
open your soul ,
and honor your dreams .
ကိုယ်ယုံကြည်ရာလမ်းအတိုင်း လျှောက်လှမ်းပါ ၊
မင်းဝိညာဉ်ကို ဖွင့်လှစ်ထားပါ ၊
အိပ်မက်တွေကိုလည်း တန်ဖိုးထားပေါ့ ။

5 ) Celebrate who you are ,
all that you've done ,
and all you've yet to accomplish .
Go for it !
May your future be bright with happiness and success .
 မင်းကိုယ်မင်း ကြည်နူးကျေနပ်ပါ ။
ပြုလုပ်ခဲ့ပြီးသမျှကို ဂုဏ်ယူအားရပါ ။
မပြုလုပ်နိုင်သေးတာတွေကိုလည်း ကျေနပ်ပါ ။
ရှေ့ဆက်လျှောက်စမ်းပါ ၊
မင်းရဲ့ အနာဂတ်လေး စိတ်ချမ်းမြေ့ပျော်ရွှင်မှု , အောင်မြင်မှု တွေနဲ့အတူ တောက်ပလင်းလက်နေပါစေ ။
                        Linda E. Knight  = သက္ကရ