sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Tuesday, February 24, 2015

ပုဂ္ဂိုလ် ( ၈ ) ဦး နှင့် အား ( ၈ ) မျိုး သိမှတ်ဖွယ်ရာ


(၁) ရုဏ္ဏ ဗလာ ဒါရကာ ၊
ကလေးသူငယ်တို့ရဲ့ အားဟာ ငိုခြင်း ။
(၂) ကောဓ ဗလာ မာတုဂါမာ ၊
မိန်းမတို့ရဲ့ အားဟာ အမျက်ထွက်ခြင်း ။


(၃) အာဝုဓ ဗလာ စောရာ ၊
သူခိုး ဓားပြ တို့ရဲ့ အားဟာ လက်နက် ။
(၄) ဣဿ      ရိယ ဗလာ ရာဇနော ၊
မင်းတို့ရဲ့ အားဟာ အစိုးရခြင်း ။
(၅) ဥဇ္ဈတ္တိ ဗလာ ဗာလာ ၊
လူမိုက်တို့ရဲ့ အားဟာ အမျှော်အမြင်ကင်းမဲ့ခြင်း ။
(၆) နိဇ္ဈတ္တိ ဗလာ ပဏ္ဍိတာ ၊
ပညာရှိတို့ရဲ့ အားဟာ မျှော်မြင်တတ်ခြင်း ။
(၇) ပဋိသင်္ခါန ဗလာ ဗဟုဿုတာ ၊
အကြားအမြင်များသော သူတို့ရဲ့ အားဟာ အရာရာမှာ စဉ်းစားဆင်ခြင်တတ်ခြင်း ။
(၈) ခန္တီ ဗလာ သမဏဗြဟ္မဏာ ၊
ရသေ့၊ ရဟန်းတို့ရဲ့ အားဟာ သည်းခံခြင်း ။
                                             (အံ / ၈ / ပါ / ၅၈ / ဋ္ဌ / ၂၂၁ )