sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, February 28, 2015

စကားပုံနှင့် ဆိုရိုးစကားများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း အပိုင်း (၄)

46. Four eyes see better than two.
လူနှစ်ဦးခေါင်းချင်းဆိုင် တိုင်ပင်ပါကအကြံဉာဏ်ကောင်းပို၍ ပေါ်ပေါက်နိုင်သည်ဟုဆိုလိုပါသည်။
"Many hands make light work." ဟူသောစကားပုံနှင့် ၎င်း၊
 "The more, the merrier" နှင့်၎င်း ဆင်တူ၍ "He travels fastest, who travels alone" နှင့် ဆန့်ကျင်ပါသည်။




47. Full cup, steady hand.
(Used especially to caution against spoiling a comfortable or otherwise enviable situation b y careless action.)
အမှု ကိစ္စများကို ပြုလုပ်ဆောင်ရွက်ရာတွင် သတိကြီးစွာစွဲဆောင်သင့်ကြောင်းသတိပေးသွန်သင်သောစကားဖြစ်ပါသည်။


48. He gives twice who gives quickly.
သဒ္ဒါတရားထက်သန်သူသည်၊ ငွေကြေးပစ္စည်းတို့ကိုစွန့်လွှတ်လှူဒါန်းပေးကမ်းရာတွင် ကပ်ငြိခြင်းမရှိဘဲရက်ရောသည်ကိုဆိုလိုပါသည်။


49. God helps them that help themselves.
ဗုဒ္ဓဘာသာတရားတွင်လည်း "ကိုယ့်ကိုကိုယ်သာ၊ ကိုးကွယ်ရာ" ဟူ၍ မြတ်ဗုဒ္ဓကမိန့်ဆိုထားပါသည်။


50. You can’t lose what you never had. (gains and losses)
"မရှိတောင့်တ၊ ရှိကြောင့်ကြ" ဟုဆိုရာ၌ ပစ္စည်းဥစ္စာရှိပါကစိုးရိမ်ပူပန်စိတ်များ ပွါးများနေတတ်ပြီးမရှိပါကကြောင့်ကြစိတ်ကင်းစွာနေနိုင်ကြောင်းကိုဆိုပါသည်။
ဥပမာမွေးဖွားစဉ်ကတည်းကမျက်စိနှစ်ကွင်းအလင်းမရခဲ့သူသည် မြင်ခြင်းအာရုံ၏ အကျိုးကျေးဇူးကိုမသိနားမလည် မခံစားတတ် သကဲ့သို့ ဖြစ်ပါသည်။


51. One half of the world does not know how the other half lives.
ဆင်းရဲချမ်းသာကွာဟမှုကိုဆိုလိုပါသည်။ချမ်းသာသူများသည်မရှိဆင်းရဲသားများ၏ဘဝကိုထောက်ထားစာနာသဘောပေါက်နားလည်မှုမရှိကြောင်းကိုဆိုလိုပါသည်။


52. If all you have is a hammer, everything looks like a nail.
"တူဖြစ်ရင်နှံ၊ပေဖြစ်ရင်ခံ" ဟူသောစကားပုံနှင့်တူပါသည်။


53. A still tongue makes a wise head.
ပညာရှိသူသည်စကားကိုမဆင်မခြင်မပြောဆို၊စဉ်းစားချင့်ချိန်ပြီးမှပြောတတ်ပုံကိုဆိုလိုပါသည်။


54. Still waters run deep.
စကားကိုစည်းမစောင့်ဘဲနှုတ်မှထွက်တိုင်းမပြောဘဲ "ဆိုခဲစေ၊ မြဲစေ" ဖြစ်သင့်သည့်သဘောကိုဆောင်ပါသည်။


55. The more you stir it, the worse it stinks. (action and consequence)
"ပြောလေ၊ကဲလေ" သဘော ဖြစ်ပါသည်။


56. Strike while the iron is hot.
သားသမီးများကိုလိမ္မာယဉ်ကျေးစေရန်ငယ်စဉ်ကပင်သွန်သင်ဆုံးမသင့်ကြောင်း ပြဆိုခြင်းဖြစ်ပါသည်။


57. Success has many fathers while failure is an orphan.
ကျရှုံးနိမ့်ကျနေချိန်တွင်မျက်နှာငယ်ရပြီးအောင်မြင်ကြီးပွါးနေခိုက်ခေါ်ပြောဆက်ဆံအရေးပေးသူများတတ်ကြောင်းလောကဓမ္မတာဖြစ်မြဲအရာကို ပြဆိုပါသည်။


58. It is idle to swallow the cow and choke on the tail. (perseverance)
(It is shame to perform a great task all but a little and then give over.)
"ဆင်ကောင်ကြီးအမြီးကျမှတစ်" ဆိုသကဲ့သို့အစကောင်းပြီး ပြီးဆုံးအောင်မလုပ်နိုင်ခြင်းသည်ရှက်ဖွယ်ဖြစ်၍
လုပ်ငန်းတစ်ခုကိုလုပ်ဆောင်ရာတွင်စ၊လယ်၊ဆုံးဇွဲသုံးသင့်ကြောင်း ပြဆိုပါသည်။


59. If every man would sweep his own doorstep, the city would soon be clean.
"တစ်ဦးချင်းသန့်ပါက၊တစ်အိမ်လုံးသန့်ရှင်းမည်။အိမ်တိုင်းလည်းသန့်မှသာတစ်ရွာလုံးသန့်ရှင်းမည်။" ဟူသောသီချင်းကဲ့သို့ ဖြစ်ပါသည်။
တစ်မြို့လုံး၊တစ်နိုင်ငံလုံးသန့်ရှင်းစေရန်တစ်ဦးချင်းကစတင်ရမည် ဖြစ်ကြောင်းလှုံ့ဆော်သောစကားဖြစ်ပါသည်။


60. A tale never loses in the telling. (rumour)
ကောလဟာလသတင်းမည်သည် "တစ်ယောက်ကစတစ်ရာမဆုံး" ပြောဆိုလေ့ရှိပုံကိုဆိုပါသည်။


61. Talk of the devil and he is bound to appear. (coincidence)
တစ်စုံတစ်ယောက်သောသူ၏အကြောင်းကိုပြောဆိုနေစဉ်တိုက်တိုက်ဆိုင်ဆိုင်ထိုသူဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသောအခါပြောဆိုလေ့ရှိသောစကားဖြစ်ပါသည်။


62. When thieves fall out, honest men come by their own. (honesty and dishonesty)
သူတော်မဟုတ်သည့်လူယုတ်မာများချုပ်စဲသွားပါကလူသူတော်ကောင်းများအလိုအလျောက်ပေါ်ထွန်းလာမည်ဟူသောစကားဖြစ်ပါသည်။


63. If a thing is worth doing, it is worth doing well. (work)
မင်္ဂလာတရားတော်တွင် "နှောက်ယှက်ကင်းငြားအလုပ်ကား၊မှတ်သားမင်္ဂလာ"၊ "ပစ်မဲ့အမှုကောင်းစွာပြု၊ထောက်ရှုမင်္ဂလာ" ဟူ၍ဖွင့်ဆိုထားပါသည်။


64. Think first and speak afterwards. (discretion, tact)
စကားကိုမဆင်မခြင်မပြောဆိုရာတွေးတောပြီးမှပြောဆိုရာ၏။


65. Think global, act local.
"ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ" ဆိုရိုးကဲ့သို့ ဖြစ်ပါသည်။


66. A penny saved is a penny earned.
Thrift is a great revenue.
"ချွေတာစုဆောင်း၊သူဌေးလောင်း" ဟူသောဆိုရိုးနှင့်တူပါသည်။


67. Don't throw out your dirty water until you get in fresh.
"သစ်ပင်မရှိခင်စပ်ကြား၊ဝါးပေါင်းကွပ်" ဆိုသကဲ့သို့အကြံကောင်း၊
ဉာဏ်ကောင်းအသစ်မရရှိမီရှိရင်းစွဲအကြံဉာဏ်လေးကိုမစွန့်ပစ်သင့်ကြောင်းအကြံပြုသောစကားဖြစ်ပါသည်။


68. The devil finds work for idle hands to do.
An idle brain is the devil's workshop.
Idleness is the root of all devils.
ကိုယ်၊စိတ်နှလုံးတို့ကိုကုသိုလ်အလုပ်၊ကုသိုလ်စိတ်တို့ဖြင့်ထုံမွှန်းထားခြင်းမရှိပါက
အကုသိုလ်စိတ်များဝင်ရောက်ပြီးမကောင်းမှုများကိုတွေးတတ်၊ ပြုလုပ်မိတတ်ကြောင်းဆုံးမသောစကားဖြစ်ပါသည်။


69. He that has an ill name is half hanged. (reputation)
အကျင့်စာရိတ္တပျက်ပြား၍နာမည်ပျက်ရှိသူသည် "လူမသေသော်လည်း၊နာမည်သေ" သကဲ့သို့ဘဝတုံးခြင်းကိုဆိုပါသည်။


70. Ignorance is bliss.
အချို့သောသူများသည် "ဘူးတစ်လုံးဆောင်၊အိုတောင်မဆင်းရဲ" ဟူ၍ "မသိဘူး" "မရှိဘူး" စသည်ဖြင့်
ပေါ့ပေါ့တန်တန်တာဝန်ကိုရှောင်တတ်ခြင်းသည်အဖျင်းစားလုပ်ရည်ကိုင်ရည်မရှိသူများဖြစ်၍

ရှက်ဖွယ်ကောင်းသောကိုယ်ရည်ကိုယ်သွေးမဲ့ခြင်းများဟုဆိုလိုပါသည်။

  
Credit : http://www.myanmar-network.net