sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, February 28, 2015

ဆိုရိုးများနှင့် စကားပုံများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း (အပိုင်း ၃)

23. Faint heart never won the fair lady.
None but the brave deserves the fair.
Fortune favours the brave.
He who hesitates is lost.
"ကြောက်ရင် လွဲ၊ ရဲရင် မင်းဖြစ်" ဟူသော စကားပုံနှင့် တူညီပါသည်။



24. Children and fools tell the truth.
"ကလေးနှင့် အရူးစကား မှန်တတ်၏" ဟူသော စကားပုံနှင့် တူပါသည်။

25. A bellowing cow soon forgets her calf. (Excessive grief does not last long.)
ဇနီး/ခင်ပွန်း အသုဘတွင် သည်းထန်စွာ ငိုကြွေးတတ်သူများသည်
နောက်အိမ်ထောင် ပြန်လည်ထူထောင်မြန်တတ်ကြောင်းကို ဆိုလိုပါသည်။

26. It is no use crying over the spilt milk.
ပြုလုပ်သင့်၊ ပြုလုပ်ထိုက်သည့် အမှုကိစ္စများကို အချိန်နှင့် တပြေးညီ မဆောင်ရွက်မိပါက
 နောင်မှ တဖန် နောင်တရရှိ ပူဆွေးနေရခြင်းသည် အကျိုးမရှိကြောင်းကို ဆိုပါသည်။

27. Cut your coat according to your cloth.
"ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ရုံမှ ကောင်းသည်" ဆိုသကဲ့သို့ မိမိ၏ အခြေအနေ အတိုင်းအဆကို သိရှိ ချင့်ချိန်တတ်စေရန် ဆိုဆုံးမသော စကားဖြစ်ပါသည်။

28. The darkest hour is just before dawn.
အရုဏ်အလင်းရောင် မသန်းမှီ အချိန်သည် အမှောင်အမိုက်ဆုံးအချိန်ဖြစ်ကြောင်း၊
လောကတွင် ကောင်ကျိုးမဖြစ်ထွန်းမီ အဆိုးကိုလည်း ကြုံတတ်ကြောင်း "သန်းခေါင်ထက် မှောင်မိုက်သော အချိန်မရှိ" ဟု
ခက်ခဲသော အခြေအနေ အချိန်အခါမျိုးတွင် သုံးလေ့ရှိပါသည်။

29. Empty sacks will never stand upright.
Empty vessels make the most sound.
"မပြည့်တဲ့ အိုးဘောင်ဘင်ခတ်သည်" ဆိုသကဲ့သို့၎င်း၊
"အနှစ်မရှိသော စပါးပင်သည် ထောင်မတ်ပြီး အနှစ်ပြည့်သော စပါးပင်သည် ကိုင်းညွှတ်သည်" ဟူ၍၎င်း
 မာန်မာနထောင်လွှားတတ်သူများကို ရည်ညွှန်းပြောဆိုသော စကားဖြစ်ပါသည်။

30. Experience is the best teacher.
Experience is the father of wisdom.
"ဘဝတက္ကသိုလ်" ဆိုသကဲ့သို့ "အတွေ့အကြုံက လူကို သင်ပေးသွားသည်။"
 "ကျွမ်းကျင်ရာ လိမ္မာ" ဟူ၍လည်း ဆိုတတ်ကြပါသည်။

31. Fair and softly goes far in a day.
လုပ်ငန်းများကို လုပ်ဆောင်ရာတွင် မတော်လောဘဖြင့် မဆောင်ရွက်ဘဲ
သင့်သောအယူ ဖြူသောနှလုံးဖြင့် "တနေ့တလံ၊ ပုဂံဘယ်ရွေ့" ဆောင်ရွက်ပါက
 လိုရာပန်းတိုင်သို့ လှမ်းကိုင်နိုင်ကြောင်းကို ဆိုလိုပါသည်။

32. Faith will move mountains.
Hope lights up our darkness.
While there's life, there's hope.
လူ့လောက ရေးရာများတွင် ကျရှုံးပြီး စိတ်ဓာတ်ကျဆင်းနေပါက
မျှော်လင့်ချက်ဖြင့် အသက်ရှင်သင့်ကြောင်း အားပေး တိုက်တွန်းသော စကားပုံ ဖြစ်ပါသည်။

33. If at first you don't succeed, try, try, try again. (perseverance)
Fall down seven times, get up eight.
ကြိမ်ဖန်များစွာ ကျရှုံးစေကာမူ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့်
 ကြိုးစားပါက အောင်မြင်နိုင်ကြောင်း "ဇွဲရှိမှ အောင်နိုင်သည်" ဆိုသော စကားမျိုးဖြစ်ပါသည်။

34. What can't be cured must be endured.
"မနိုင်၍ သည်းခံခြင်း" ဆိုသော ဆိုရိုးကဲ့သို့ ဖြစ်ပါသည်။

35. Curses like chickens, come home to roost.
"ကိုယ်ပြုသည့် ကံ၊ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာမည်" ဆိုရိုးကဲ့သို့ ဖြစ်ပါသည်။

36. Be the weary, or be the day long, at last it ringeth to every song.
"သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံ" ဆိုသကဲ့သို့
လောကဓံတရားအရ "ဆိုးတစ်ခါ၊ ကောင်းတစ်လှည့်" ဖြစ်နိုင်ပုံကို ဆိုပါသည်။

37. Easy come, easy go.
ငွေကို လွယ်လွယ်ရ၊ လွယ်လွယ်သုံးတတ်သော သူများကို
"လူမိုက်နှင့် ငွေ အတူမနေ" "ရေထဲက လာ၊ ရေထဲပြန်သွား" စသည်ဖြင့် ပြောဆိုလေ့ရှိပါသည်။

38. Don't put all your eggs in one basket.
(Putting all or most of your money into one stock is gambling, not investing.)
"တစ်ရွာ တစ်ကျီဆောက်" ဆိုသကဲ့သို့ ငွေကို ဖြန့်၍ ရင်းနှီး မလုပ်ကိုင်ဘဲ၊
စုပုံ၍ လုပ်ငန်းတစ်ခုတည်းတွင် ပုံ၍ ရင်းခြင်းသည် အရှုံးနှင့် ရင်ဆိုင်ရပါက စုန်းစုန်းမြုပ်တတ်ကြောင်း ပြောဆိုခြင်းဖြစ်ပါသည်။

39. Every little helps.
စေတနာ ထား၍ လုပ်ဆောင်ပါက နည်းသည်၊ များသည် ဟု မဆိုသာ၊
နည်းများမဆို အကျိုးရှိကြောင်းကို ဆိုလိုပါသည်။

40. Confession is good for the soul.
အမှား တစ်စုံတစ်ရာကို ပြုမိပါက ဖွင့်ဟ ဝန်ခံလိုက်ခြင်းဖြင့်
စိတ်နှလုံးရှင်းလင်းပေါ့ပါးသွားတတ်ခြင်းကို အပြစ်ရှိက ဖွင့်ဟ ဝန်ခံတတ်စေရန် သွန်သင်ခြင်း ဖြစ်ပါသည်။

41. Fine feathers make fine birds.
"လူမှာ အဝတ်၊ တောင်းမှာ အကွတ်" ဟူသော ဆိုရိုးစကားနှင့် တူပါသည်။

42. April showers bring forth May flower.
တန်ခူးလတွင် သင်္ကြန်မိုးရွာပြီးနောက်၊ ပိတောက်များ ပွင့်သကဲ့သို့
ဧပြီလတွင် ရွာသွန်းသော မိုးသေးမိုးဖွဲလေးများသည် မေလ တွင် ပန်းများကို ပွင့်စေပါသည်။

43. A fool and his money are soon parted.
"လူမိုက်နှင့် ငွေ၊ အတူမနေ" ငွေကို ဆင်ဆင်ခြင်ခြင် မသုံးစွဲတတ်ပါက
ငွေကို ဖြုန်းတီးပစ်သကဲ့သို့ အကုန်လွယ်ကြောင်းကို ဆိုပါသည်။

44. Give and take is fair play.
အပေးအယူ မျှတစေရန်၊ တဖက်စောင်းနင်း မဖြစ်စေရန် သွန်သင်သော စကားဖြစ်ပါသည်။

45. One good turn deserves another.
သူတပါးက မိမိ အပေါ် ကျေးဇူးပြုဖူးပါက ပြန်လည် ပေးဆပ်ရမည့်
"အတုန့်၊ အလှည့်" သဘောကို မင်္ဂလာတရား တစ်ပါး အဖြစ်လည်း
 "ကျေးဇူးရှိက ဆပ်ဘိ တုန့်ပြန်ခါ" ဟူ၍ ဆုံးမထားပါသည်။


Credit : http://www.myanmar-network.net