sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Monday, February 23, 2015

ဘေးမဟုတ်သည်ကို ဘေးဟုထင် - မကြောက်ရမည့်အရာကို ကြောက်တတ်တဲ့ အမိုက်ကောင် (၄) မျိုး ...


(၁) ဂဏ္ဍုပ္ပါဒေါ ခေါ ဘယာပထ၀ိံ နခါဒတိ မာပထ၀ီ ခီယီတိ ။
တီကောင်ဟာ မြေကုန်သွားမှာ စိုးကြောက်လို့  မြေကို မစားပါဘူးတဲ့ ။


(၂) ကောန္တော ခေါ ဧကပါဒေန တိဋ္ဌတိ မာပထ၀ီ သြသီဒီတိ ။
ကြိုးကြာငှက်ဟာ မြေကြီးနစ်မြုပ်မှာ စိုးကြောက်လို့ ခြေတစ်ချောင်းသာ ထောက်သတဲ့ ။
(၃) ကိကီ ခေါ ဥတ္တနာသေတိ မာအမ္ဘာ ဥန္ဒြီယီတိ ။
တစ်တီတူးငှက်ဟာ မိုးပြိုမှာ စိုးကြောက်လို့ ပက်လက်လှန်အိပ်ပါသတဲ့ ။
(၄) ဗြာဟ္မဏ ဓမ္မိကော ခေါ ဗြဟ္မစရိယံ နစရတိ မာလောကော ဥစ္ဆိဇ္ဇီတိ ။
ဗြဟ္မဏတရားကျင့်တဲ့ ပုဏ္ဏားဟာ လောကကြီး ပြတ်စဲပျောက်ကွယ်သွားမှာ စိုးကြောက်လို့ တရားဆက်မကျင့်ဘဲ ရပ်ဆိုင်းထားပါသတဲ့ ။
(ပံ/၃/ဋ္ဌ/၁၄)