sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, February 21, 2015

ဆရာတော်ဦးဇောတိက ရဲ့ ENGLISH-MYANMAR မှတ်သားဖွယ်ရာ စိတ်စစ်စာသားလေး


၁ ။ I have no parents. I make the heavens and earth my parents.
ငါ့မှာ မိဘ မရှိပါဘူး ။ ငါဟာ ကောင်းကင်နဲ့ မြေကြီးကို မိဘသဖွယ် လုပ်ထားပါတယ် ။
၂ ။  I have no home . I make awareness my home .
ငါ့မှာ အိမ် မရှိပါဘူး ။ ငါဟာ သတိ ကို အိမ်လုပ်ပြီးတော့ နေပါတယ် ။
၃ ။ I have no life or death . I make the tides of breathing my life and death.
ငါ့မှာ မွေးဖွားခြင်း သေဆုံးခြင်းဆိုတာ မရှိပါဘူး ။
ထွက်လေ ၀င်လေ ကိုပဲ မွေးဖွားခြင်း သေဆုံးခြင်းလို့ သဘောထားပါတယ် ။


၎ ။ I have no divine power . I make honesty my divine power .
ငါ့မှာ တန်ခိုးဣဒ္ဓိပါဒ် မရှိပါဘူး ။ ငါဟာ ရိုးသားမှုကို  တန်ခိုးဣဒ္ဓိပါဒ်အဖြစ် လုပ်ထားပါတယ် ။
၅ ။ I have no friend . I make my mind my friend .
ငါ့မှာ မိတ်ဆွေသူငယ်ချင်း မရှိပါဘူး ။ ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ် လုပ်ထားပါတယ် ။
၆ ။ I have no enemy . I make carelessness my enemy .
ငါ့မှာ ရန်သူ မရှိပါဘူး ။ ငါဟာ သတိမပါ ၊ ဥာဏ်မပါ ပေါ့ပေါ့တန်တန်  ဖြစ်သလို နေတတ်လုပ်တတ်တာကိုပဲ ငါ့ရန်သူလို့ သဘောထားပါတယ် ။
၇ ။ I have no armour . I make benevolence my armour .
ငါ့မွာ သံခ်ပ္ကာအက်ႌ မရွိပါဘူး ။ ငါဟာ သူတစ်ပါးကောင်းကျိုးကို လိုလားတယ်ဆိုတဲ့ စိတ်ကိုပဲ သံချပ်ကာအင်္ကျီသဖွယ် လုပ်ထားပါတယ် ။
၈ ။ I have no castle . I make immovable mind my castle .
ငါ့မှာ ရဲတိုက်ကြီး မရှိပါဘူး ။ ငါဟာ မလှုပ်ရှားမယိမ်းယိုင်တဲ့စိတ်ကိုပဲ ရဲတိုက်အဖြစ် လုပ်ထားပါတယ် ။
၉ ။ I have no sword . I make absence of self my sword .
ငါ့မှာ ဓားရှည် မရှိပါဘူး ။ ငါဟာ ' အတ္တ ' မရှိခြင်းကိုဘဲ လက်နက်ဖြစ်တဲ့ဓားရှည်ကြီးအဖြစ် လုပ်ထားပါတယ် ။


Rules for Being Human လူသားအတွက် စည်းမျဉ်းဥပဒေ

၁။ You will receive a body. You may like it or hate but it wills yours for the entire period this time around.
သင်ဟာ ခန္ဓာကိုယ်တစ်ခု ရမယ်။ အဲဒီခန္ဓာကိုယ်ကို သင်ကြိုက်ချင်လည်း ကြိုက်မယ်။ မုန်းချင်လည်း မုန်းမယ်။
 ဒီဘ၀အတွက်တော့ ဒီခန္ဓာကိုယ်ဟာ သင့်ခန္ဓာကိုယ်ပါပဲ ။

၂။ You will learn lessons. You are enrolled in a full time informal school called life.
ရောက်သွားတဲ့ ဘ၀မှာ သင်ဟာ သင်ခန်းစာတွေကို အများကြီး ဆည်းပူးရလိမ့်မယ်။
ဘ၀လို့ခေါ်တဲ့ သင်ရိုး သတ်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ သင့်ကို စာရင်းသွင်းထားပြီ။

၃။ There are no mistakes, only lessons.
 အမှားမရှိပါဘူး။ သင်ခန်းစာတွေချည်းပါပဲ ။

၎။ In the long run we get what we deserve.
 ရေရှည်မှာ ကိုယ့်နဲ့ထိုက်တန်တာ ကိုယ်ရတယ်။

၅။ learning lessons does not end.
 ပညာသင်တာ အဆုံးမရှိဘူး ။

၆။ '' There '' is no better than '' here ''
 ဟိုနေရာဟာ ဒီနေရာထက် ပိုမကောင်းဘူး ။ အနာဂတ်ဟာ ပစ္စုပ္ပန်ထက် ပိုမကောင်းဘူး ။

၇။ Others are merely mirrors of your.
 သူတစ်ပါးဟာ သင့်ရဲ့မှန်တွေပါပဲ ။

၈။ What you make of your life is up to you .
သင့်ဘ၀ကို သင်ဘယ်လိုလုပ်တယ်ဆိုတာ သင့်ပေါ်မှာပဲ မူတည်ပါတယ်။

၉။ Your answers lie inside you. The answer to your life's questions lie inside you.
သင့်အတွက် သင့်အဖြေဟာ သင့်အတွင်းမှာပဲ ရှိပါတယ်။
သင့်ဘ၀နဲ့ ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေဟာ သင့်အတွင်းမှာပဲ ရှိပါတယ်။

၁၀။ You will forget this.
 အခုလိုမှာလိုက်တာကို သင်မေ့သွားလိမ့်မယ်။