sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, February 28, 2015

စကားပုံနှင့် ဆိုရိုးစကားများ (Sayings and Proverbs) များဖြင့် အင်္ဂလိပ်စာ လေ့လာခြင်း အပိုင်း (၅)

71. Keep no more cats than will catch mice. (efficiency and inefficiency)
"ဆန်ကုန်မြေလေး" "လောကလူပို" ဆိုသည့်စကားများကဲ့သို့ လောကတွင် မိမိလုပ်ကိုင်ဆောင်ရွက်ရမည့် တာဝန်များကို မပြုလုပ်ပါက
အခြားသူများက မကြည်ဖြူတတ်ကြောင်းကို ဆိုလိုပါသည်။



72. Keep your shop and your shop will keep you. (efficiency and inefficiency: money)
"မိမိက ငွေကိုချစ်မှ၊ ငွေက မိမိကိုပြန်ချစ်မည်" ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ "လူမိုက်နှင့်ငွေ အတူမနေ" ၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။

73. Laugh and the world laughs with you; weep and you weep alone.
မိမိတွင် ငွေရွှင်၍ သုံးဖြုန်းနိုင်ပါက အခြံအရံ၊ ပျော်ပါးဖော် ပျော်ပါးဖက်များ၍ ပျော်ရွှင်ဖွယ်ဖြစ်မည် ဖြစ်သော်လည်း
နွမ်းပါးဆင်းရဲသွားသည့်အခါ မိမိတစ်ဦးတည်း ခိုကိုးရာမဲ့ တွယ်ရာမဲ့ဖြစ်တတ်ကြောင်း ဆိုဆုံးမသော စကားဖြစ်ပါသည်။

74. If you lie down with dogs, you will get up with fleas. (associate)
လူမသူတော်၊ လူယုတ်မာများနှင့် ပေါင်းဖက်မိပါက မိမိပင်လျှင် ဂုဏ်သတင်းပျက်ပြားရမည် ဖြစ်ကြောင်းကို ဆိုလိုပါသည်။

75. Lightning never strikes the same place twice. (misfortune)
"Bad things come in threes" ၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ အကုသိုလ်သည် အစဉ် အစွန့်ရှည်နေမည်မဟုတ်ဟု ဘဝတွင် နိမ့်ကျနေသောအခါတွင် နှစ်သိမ့်အားပေးသော စကားဖြစ်ပါသည်။

76. Practise what you preach.
အပြောနှင့် အလုပ်ညီရန် တိုက်တွန်းသော စကားဖြစ်ပါသည်။

77. Life hands you lemon, make lemonade. (adversity)
ဘဝမှ ပေးအပ်သမျှလေးဖြင့် လောကကို အလှဆင်တတ်စေရန် ကိုယ်စွမ်းကိုယ်စများ ရှိစေရန် တိုက်တွန်း အားပေးသော စကားဖြစ်ပါသည်။

78. The hand that rocks the cradle rules the world.
"ပုခက်လွှဲသော မိခင်၏ လက်သည် ကမ္ဘာကို လွှမ်းနိုင်သည်" ဟူသော စကားဖြင့် အမျိုးသမီးများဣ စွမ်းပကားကို မီးမောင်းထိုးပြထားခြင်း ဖြစ်ပါသည်။

79. Don't halloo till you are out of the wood. (Do not exult until all dangers or difficulty is past.)
လှေပြိုင်ပွဲများတွင် ပန်းတိုင်သို့ မလှမ်းကိုင်နိုင်မီ "တက်မထောင်ရန်" နှိုးဆော်သော စကားကဲ့သို့ ဖြစ်ပါသည်။

80. More haste, less speed.
Haste makes waste.
"အမြန်လို၊ အနှေးဖြစ်" ဆိုသော ဆိုရိုးစကားနှင့် တူညီပါသည်။

81. Hope for the best and prepare for the worst.
အရေးအကြောင်း တစ်စုံတစ်ရာ တွေ့ကြုံလာပါက အကောင်းဆုံးဖြစ်အောင် မျှော်လင့်ချက်ထားရှိရမည်ဖြစ်ပြီး
အဆိုးဆုံးနှင့်လည်း ရင်ဆိုင်တွေ့ဆုံနိုင်သည်ဖြစ်၍ ခံနိုင်ရည်ရှိစေရန် ဆိုဆုံးမထားသော စကားဖြစ်ပါသည်။

82. When house and land are gone and spent, then learning is most excellent.
"ပညာဟူသည် မြတ်ရွှေအိုး၊ ဥစ္စာဟူသည် မျက်လှည့်မျိုး" ဆိုသော စကားပုံနှင့် တူပါသည်။

83. A house divided against itself cannot stand.
Unite we stand, divide we fall.
"ညီညာမှ ပြည်သာ" ဆိုသကဲ့သို့ စည်းလုံးညီညွတ်မှုရှိစေရန် စည်းလုံးညီညွတ်မှု ပျက်ပြားသည်နှင့် တပြိုင်နက်
"နွားကွဲ၊ ကျားဆွဲ" ဆိုသကဲ့သို့ အကျိုးဆုတ်ယုတ်ပျက်စီးတတ်ကြောင်း ဆိုဆုံးမသော စကားဖြစ်ပါသည်။

84. Pride goes before a fall.
"မြင့်မားမာန၊ တက်လွန်းကလည်း လျောကျနောက်ဆုံးရှိချေသည်" ဟု
မာန်မာနထောင်လွှားလွန်းပါက ပျက်စီးဆုံးရှုံးတတ်ကြောင်း ညွှန်ပြသော စကားဖြစ်ပါသည်။

85. Procrastination is the thief of time.
"ပျင်းရိခြင်း ခြောက်ပါး" ဖြင့် အချိန်ဆွဲ၍ ထကြွလုံ့လမရှိပါက
မည်သည့်အရာမျှထမြောက်အောင်မြင်နိုင်မည်မဟုတ်ကြောင်း သတိပေးသော စကားဖြစ်ပါသည်။

86. Don't put the cart before the horse.
"နွားရှေ့ထွန်ကျူး" "မိကျောင်းမင်း ရေခင်းပြ" ဆိုသော စကားများနှင့် တူပါသည်။

87. A reed before the wind lives on, while might oaks do fall.
မုန်တိုင်းကျရောက်လာပါက ပန်းပြားပင်များသည် လေယူရာ တိမ်းယိမ်းနွဲ့၍ နေနိုင်ပြီး
သစ်ပင်ကြီးများသည် ပြိုလဲကျကုန်၏ ဟု လောကတွင် အချို့သော အချိန်အခါများတွင် "ပန်းပြားပင်ကဲ့သို့ ကျင့်ရာ၏" ဟု
အထိုက်အလျောက်၊ အခြေအနေနှင့် အချိန်အခါ ကို လိုက်လျောညီထွေစွာနေတတ်ရန် ဆုံးမသော စကားဖြစ်ပါသည်။

88. There is a remedy for everything except death. (death finality)
လောကတွင် အရာရာသည် မမြဲသော သဘောရှိ၍ တစ်နေ့တွင် ပျက်စီးခြင်းသို့ ရောက်ရာ၏။
 သေခြင်းတရားကားမြဲ၏။ ရှောင်ကွင်း၍ မရ ဟု ဗုဒ္ဓ၏ တရားတော်က ဆိုပါသည်။

89. A stream cannot rise up its source.
"မြစ်ချောင်းတို့ မည်သည် စုန်ရေသာရှိ၏။ ဆန်ရေ မရှိ။

90. If you run after two hares, you will catch neither. (decision and indecision)
"လှေနံနှစ်ဖက်နင်း" "ငါးနှစ်ကောင်တစ်ပြိုင်တည်းဖမ်း" ဆိုသကဲ့သို့
အလိုရမ္မက်ကြီးမားပါက မည်သည်ကိုမျှမရရှိဘဲ လက်လွှတ်ဆုံးရှုံးရတတ်ကြောင်း ဆိုဆုံးမသော စကားဖြစ်ပါသည်။

91. Self-praise is no recommendation.
"ကိုယ့်ကိုကိုယ်ဖော် မသူတော်" ဟူ၍ ကိုယ့်ကိုယ်ကို ကိုယ်ရည်မသွေးရန် ဆုံးမသော စကားဖြစ်ပါသည်။

92. You don't get something for nothing.
"Nothing venture, nothing gain." ဟူသော စကားပုံများသည်
"No pain, no gain." ဆိုသကဲ့သို့ "အနာခံမှ အသာစံရသည်" ဟူသော စကားနှင့် တူပါသည်။

93. Nothing is so bold as a blind mare. (Boldness, ignorance)
"မျက်စိကမ်း၊ တစ္ဆေမကြောက်" ဟူသော ဆိုရိုးစကားဖြစ်ပါသည်။

94. Old habits die hard.
မကောင်းသော အကျင့်များ စွဲမိပါက ဖြောက်ဖျက်ရန် ခက်ခဲသောကြောင့်
မကောင်းသော အမှုကို မပြုမိစေရန် သတိပေးပြောဆိုသော စကားဖြစ်ပါသည်။

95. Out of debt, out of danger.
ကြွေးမြီတင်မိပါက ကြွေးသံသရာမှ လွတ်ထွက်ရန် ခက်ခဲ၍
ဘေးကင်းရန်ကွာ စိတ်နှလုံးငြိမ်းချမ်းစွာ နေနိုင်ရန် ကြွေးမယူမိစေရန် သတိပေးသော စကားဖြစ်ပါသည်။

96. Tattoo in haste, repent at leisure.
အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုးချက် မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့် အမျိုး"
 "အငိုလွယ်၊ အရှိုက်ခက်" ဟူသော စကားပုံများနှင့် တူပါသည်။

97. You never miss the water till the well runs dry.
"ခလုတ်ထိမှ အမိတ" ဆိုသော စကားပုံနှင့်တူပါသည်။

98. Time is a great healer.
"အချိန်က အရာရာကို ကုစားသွားသည်" ဟူသည့် စကားနှင့် တူညီပါသည်။

99. The tree is known by its fruit.
"အပွေးမြင် အပင်သိ" ဟူသော စကားနှင့် တူပါသည်။

100. A woman's work is never done.
အမျိုးသမီးများသည် အိမ်မှုကိစ္စအဝဝကို နေကုန်နေခမ်း
တကုပ်ကုပ်ဆောင်ရွက်ပါသော်လည်း ပြီးစီးနိုင်သည်မရှိဟု ဆိုလိုခြင်းဖြစ်ပါသည်။



Credit : http://www.myanmar-network.net
By Daw Tin Nwai Win
Retired Lecturer (English Department, Yangon University) 

Diploma in Teaching of English Overseas (Leeds University), M.A (T.E.F.L) Y.I.O.E