sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, February 28, 2015

ဆိုရိုးများနှင့် စကားပုံများ = Sayings and Proverbs များဖြင့် အင်္ဂလိပ်စာလေ့လာခြင်း (အပိုင်း - ၁ )


1. Their bark is worse than their bite.
i)   They sound more threatening than they actually are.
အပြောခံရခြင်းသည် အရိုက်ခံရခြင်းထက် နာကြည်းဖွယ်ဖြစ်ကြောင်း ဝါကျနှစ်ခုလုံးတွင် ခိုင်းနှိုင်းပြထားပါသည်။



2. A bird in the hand is worth two in the bush.
l)  Pay more attention to what you have than to what you might possibly have.
အနာဂတ်တွင် မသေချာ၊ မရေရာမှုကို မျှော်လင့်နေခြင်းထက်၊ ယခုလက်ရှိအခြေအနေကို ပိုမိုဂရုစိုက်၊ နှစ်ခြိုက်တတ်စေရန်ဖြစ်ပါသည်။

3. It’s no use crying over the spilt milk.
j)  There is no point complaining about past events which cannot be changed.
လွန်ခဲ့ပြီးသော အဖြစ်အပျက်များကို ပြောင်းလဲ၍ မရနိုင်သဖြင့် နောင်တ တဖန်မဖြစ်စေရန် သတိပေးဆုံးမခြင်းဖြစ်ပါသည်။

4. Too many cooks spoil the broth.
q) It can be unwise to have too many people collaborating on a project.
" ဆရာများသားသေ" ဟူသော မြန်မာစကားနှင့် တူညီပါသည်။

5. A stitch in time saves nine.
b) Remedy any slight defects early before things start to get really bad.
မြန်မာစကားပုံ "ပျက်အစဉ်၊ ပြင်ခဏ" နှင့် တူညီပါသည်။

6. There’s many a slip twixt (=between) cup and lip.
r)  Things can go wrong, even at the very last moment.
အရာရာကို အစဉ်သတိနှင့် ယှဉ်တွဲနေစေရန် နောက်ဆုံးအဆင့်၌ပင် လွဲချော်နိုင်သဖြင့်
"လှေပြိုင်ရာတွင် ပန်းမဝင်မီ တက်မထောင်စေရန်" သတိပေးဆုံးမစကား ကဲ့သို့ဖြစ်ပါသည်။

7. All that glitters is not gold.
m)  Do not be fooled by outward appearances.
"ဝါဝါမြင်တိုင်း ရွှေမဟုတ်" ဟု တိုက်ရိုက်အဓိပ္ပါယ်ပြန်ဆိုပေါ်လွင်စေနိုင်ပါသည်။

8. Don’t count your chickens before they are hatched.
d)  It is best not to be too optimistic about the outcome of your projects.
"မုန့်ဆီကြော်ဖြင့် ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာဖြင့် တည့်ပါ့မလား"/"ဆောက်ဖြစ်မှ ကျောင်းဒကာ" ဟု
ကြိုတင်၍ မခန့်မှန်းထားစေရန် ဟန့်တားသည့် အခါမျိုးတွင် သုံးပါသည်။

9. Least said, soonest mended.
p) “No comment” may well be the wisest choice. Talking will only makes things worse.
အပြောမဟုတ်၊ အလုပ်ဖြင့်သက်သေပြသင့်သောသဘောကို ဆောင်ပါသည်။

10. Easy come, easy go.
e)   Things acquired with little effort are likely to be just as easily lost.
"လွယ်လွယ်ရ၊ လွယ်လွယ်ကုန်" သောသဘောဆောင်သဖြင့်
ကြိုးစားအားထုတ်မှုမပါဘဲ ရရှိသောငွေကြေး၊ ပစ္စည်းများကို တန်ဖိုးမထား၊ သုံးဖြုန်းပစ်ခြင်းကိုဆိုလိုပါသည်။

11. Birds of a feather flock together.
a)  People with similar tastes and interests tend to meet up.
"သူတော်ချင်းချင်း၊ သီတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့" ဟူသည့် စကားပုံနှင့် တူညီပါသည်။
အကျင့်စရိုက်တူညီသည့် သူများ ယှဉ်တွဲ ပေါင်းသင်းတတ်ကြောင်းဆိုလိုပါသည်။

12. To put the cart before the horse.
g)  To get your priorities wrong.
"နွားရှေ့ ထွန်ကျူး" ဟူသည့် မြန်မာစကားပုံနှင့် တူညီပါသည်။
"ဘုန်းကြီးရှေ့ကသွား" ဟူသည့်အတိုင်း ဦးစားပေးမှု လွဲချော်ခြင်းကို ဆိုလိုပါသည်။

13. To put the cat among the pigeons.
k)  To stir up trouble deliberately.
"ပုစွန်စိပ်ခေါင်း၊ မစင်စု" သကဲ့သို့ ပြဿနာပေါင်းစုံ စုပုံနေခြင်းကို ဆိုလိုပါသည်။

14. When the cat’s away the mice will play.
c)   Unsupervised people are likely to misbehave.
"ကြောင်မရှိ၊ ကြွက်ထ" ဆိုသကဲ့သို့ အထိန်းအကြောင်းမဲ့က စည်းလွတ်၊ ဝါးလွတ်ဖြစ်တတ်ကြောင်းကို ဆိုလိုပါသည်။

15. The pot calling the kettle black.
s)  Accusing someone of a defect that you also have / The accuser having the same fault as the accused.
"သူခိုးသေဖော်ညှိ" ဆိုသော စကားကဲ့သို့ ပြစ်မှုတစ်ခု မိမိကျူးလွန်ထားသည်ကို အခြားတပါးသောသူအား ထိုအပြစ်အတွက် စွပ်စွဲပြောဆိုခြင်းမျိုးဖြစ်ပါသည်။

16. Two heads are better than one.
f)   You are more likely to make the correct decision having asked for a second opinion.
"ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်" ဆိုသကဲ့သို့ တစ်ဦးထဲတွေးတော ဆုံးဖြတ်ခြင်းထက်
အခြားတပါးသောသူထံမှ အကြံဥာဏ်တောင်းခံခြင်းက ပို၍ ကောင်းမွန် မှန်ကန်နိုင်သည် ဟုဆိုလိုပါသည်။

17. To make a mountain out of a molehill.
n)  To make too much of something trivial.
သေးသော အမှုကို မပပျောက်စေတဲ့ ပုံကြီးချဲ့ထွင်ပြောဆိုမှုကို ဆိုလိုပါသည်။
( တစ်စိပ်ကို တစ်အိပ်လုပ်သည် )

18. Don’t put all your eggs in one basket.
t)   It’s best not to pin your hopes on a single person or project/ not to risk everything one has in a single venture.
Eg. by investing all one’s money in one business.
စွန့်စား၍ မိမိ၏ စီးပွါးဥစ္စာများကို လုပ်ငန်းတစ်ခုတည်းတွင် စုပုံ၍ မရင်းနှီးမမြှပ်နှံသင့်ကြောင်း
မြန်မာ့ဆိုရိုးတွင် "တစ်ရွာ တစ်ကျည်ဆောက်" ဆိုသကဲ့သို့ စီးပွါးကို ပျံ့နှံ့မြှပ်နှံသည့် သဘောမျိုးဖြစ်ပါသည်။

19. Give them an inch, they’ll take a mile.
h)  They are likely to take advantage if you make the slightest concession.
အခွင့်အရေး နည်းနည်းပေးလျှင် များများယူတတ်ခြင်း
"သဒ္ဒါလွန်း၊ ဆွမ်းတော်တော်ရပ်" ဆိုသကဲ့သို့ စေတနာကို စော်ကားခြင်းမျိုးဖြစ်ပါသည်။

20. Better be safe than sorry.
o) Caution is often the best approach.
မဖြစ်သင့် မဖြစ်ထိုက်သည်ကို မပြုမိစေရန် သတိကြီးစွာ ရှိသင့်ကြောင်း တိုက်တွန်းဆုံးမစကားဖြစ်ပါသည် ။

  

    Credit : http://www.myanmar-network.net