sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Tuesday, February 24, 2015

စိန္တကျော်သူ သြ၀ါဒပျို့ မှ အရည်အချင်းဆိုင်ရာ သိမှတ်ဖွယ် (၁၀ ) ချက်


(၁) ခရုသင်း၏ အရည်အချင်းကို လင်္ကျာရစ်  ဟုတ်/မဟုတ် ကြည့်ပြီးမှ သိနိုင်တယ် ။
(၂) ရွှေ  ကောင်း / မကောင်း အရည်အချင်းကို မှတ်ကျောက်တင်မှ သိနိုင်တယ် ။


(၃) မြင်းရဲ့ အရည်အချင်းကို ပြေးသော အရှိန်အဟုန်ကို ကြည့်ပြီး သိနိုင်တယ်  ။
(၄) လူကောင်းတစ်ယောက်ရဲ့ အရည်အချင်းကို ဖြောင့်မတ်ခြင်း ၊ ပေးကမ်းရက်ရောခြင်းကို ကြည့်ပြီး သိနိုင်တယ် ။
(၅) မိန်းမတွေရဲ့ အရည်အချင်းကို တည်ကြည်မှု ၊ အနေအထိုင် ကျစ်လစ်သိပ်သည်းမှု ၊ ဣနြေ္ဒစောင့်စည်းမှု ၊ သိမ်မွေ့အေးချမ်းမှု တို့ကို ကြည့်ပြီး သိနိုင်တယ် ။
(၆) နွားရဲ့ အရည်အချင်းကို ခြေလေးဘက် အသွားကောင်း/အသွားမှန်သည်ကို ကြည့်ပြီး သိနိုင်တယ် ။
(၇) ဆင်ရဲ့ အရည်အချင်းကို ဦးကင်း၊အစွယ်ကို ကြည့်ပြီး သိနိုင်တယ် ။
(၈) ပညာရှိရဲ့ အရည်အချင်းကို လင်္ကာ၊ရတု၊ ၀တ္ထုစာပေ ၊ ပုံပြင်၊ ရာဇ၀င်နီတိ၊ ဗေဒင်၊ အကြားအမြင်ဗဟုသုတ စွယ်စုံသည်ကို တွေ့မြင်ရမှ သိနိုင်တယ် ။
(၉) ရဟန်းတော်တို့ရဲ့ အရည်အချင်းကို ၀ိနည်းသိက္ခာ ဓုတင် ၊ ကမ္မဋ္ဌာန်း အားထုတ်စီးဖြန်းခြင်းကို ကြည့်ပြီး သိနိုင်တယ် ။
(၁၀) တရားဟောပုဂ္ဂိုလ်တို့ရဲ့ အရည်အချင်းကို ပိဋက ကျမ်းဂန် နှင့် အညီ ပေါ်လွင်ထင်ရှားအောင် ဟောနိုင်ခြင်းကို ကြည့်ပြီး သိနိုင်တယ် ။